မူဆယ်ခရိုင်အတွက် တရုတ်ပြည်ပရေးရာဌာနက Covid-19ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ပေးပို့

ဩဂုတ် ၁၉၊ ၂၀၂၁ Shy V (VOM)   မူဆယ်ခရိုင် ဆေးရုံအတွက် တရုတ်ပြည်ပရေးရာဌာနမှ Covid-19 ဓာတ်ခွဲခန်းသုံးပစ္စည်း‌ လူအယောက် ၅၀၀၀ စာကို မနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မူဆယ်မြို့ရှိ နှစ်နိုင်ငံ အဝင်/အထွက်နန်းတော်ဂိတ်ကနေ လှူဒါန်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။   မူဆယ်ခရိုင်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက “ဓါတ်ခွဲခန်းမှာသုံးမယ့်ပစ္စည်း​တွေ အဲ့ဒီမှာ Swab ယူပြီးလို့ရှိရင် ဓါတ်ခွဲခန်းထဲမှာ သုံးရမယ့် ​ဆေးရည်​တွေ ဒီ tube ​တွေ​ပေါ့​နော် အဲ့ဒါ​တွေလှူတာ။ လူ ၅ ​ထောင်စာ လှူ​ပေးတာ။ PCR စက်ကြီးနဲ့ သုံးဖို့အတွက်။ တန်ဖိုး​တော့ ဘယ်​လောက်လဲ​တော့ မသိဘူး။ လူ ၅ ​ထောင်စာ။ ၁ စုံကို သိသ​လောက်ကတော့ တရုတ်​ငွေ ၁၀၀ ​ကျော်တယ်။” လို့ ပြောပါတယ်။…

Read More

ဖျာပုံက သတင်းပေးလို့နာမည်ထွက်တဲ့ မင်းသားကြီးဆိုသူ သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၁၉ -၂၀၂၁ KK(VOM)   ဖျာပုံမြို့နယ်၊ အမှတ် ၈ရပ်ကွက်၊ ၉လမ်းထောင့်မှာ ဒီကနေ့နေ့လယ် ၁၁နာရီက သတင်းပေးဒလန်လို့နာမည်ထွက်သူတစ်ဦး သေနတ်နဲ့ပစ်ခတ်ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   ဒီကနေ့မနက်ပိုင်းက ဖျာပုံမြို့နယ်မှာ သတင်းပေးလို့နာမည်ထွက်တဲ့ အောင်ကြီးဆိုသူဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အမည်မသိအဖွဲ့ကပစ်ခတ်သွားတယ်လို့ ၈ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   “၈ရပ်ကွက်နဲ့၉ရပ်ကွက်ကြား လမ်းမှာပစ်သွားတာ ကျွန်းတောလမ်းနဲ့၉လမ်းထောင့်မှာပါ၊ ဆိုင်ကယ်စီးနေတုန်းပစ်ခံရတာပါ၊ စစ်တပ်ရော ရဲရောမလာလို့ သေနေတာအကြာကြီး၊ ဘယ်သူဖုန်းဆက်လိုက်လဲမသိဘူး လူနာတင်ယာဥ်ပဲလာတယ်”လို့ သူက ပြောပါတယ်။   သေဆုံးသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။   ဖျာပုံမြို့နယ်မှာ သတင်းပေးသူတွေကြောင့် လူငယ်များစွာဖမ်းဆီးရတဲ့ ဖြစ်စဥ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။   ဖျာပုံမြို့နယ်မှာ မတ်လကစပြီး ဌာနဆိုင်ရာရုံးတွေနဲ့အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာ ၇ကြိမ်တိုင်ရှိနေပြီး ဗုံးပေါက်ကွဲခဲ့တဲ့ ရုံးတွေကတော့…

Read More

တန့်ဆည်နယ်က ပျူစောထီးလို့ နာမည်ထွက်နေသူ(၂)ဦး အသတ်ခံရ

သြဂုတ် ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ၊ကပေါင်းကျကျေးရွာက ပျူစောထီးလို့ နာမည်ထွက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ၂ ယောက် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ သြဂုတ် ၁၉ နေ့လယ်ပိုင်းက တွေ့ရတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သပြေချောင်း တောဖျားမှာ ဒီမနက်တွေ့ရတဲ့ ရုပ် ၂ လောင်းက ၊ ကပေါင်းကျရွာက ကိုမောင်ဟန်နဲ့ ကိုဝင်းထိန် တို့ဖြစ်တယ် ၊ သူတို့ ၂ ယောက်စလုံးက ပြည်ခိုင်ဖြိုးတွေဖြစ်တယ် ” လို့ သေဆုံးသူ နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့သူတစ်ယောက်က ပြောပါတယ်။   အဲ့ဒီ သေဆုံးသူ ကိုမောင်ဟန်နဲ့ ကိုဝင်းထိန်တို့ ၂ ယောက်ဟာ တောထဲမှာလိုအပ်နေတဲ့ စက်သုံးဆီနဲ့ စားဖို့ရိက္ခာပစ္စည်းတွေကို မနေ့…

Read More

အာဖဂန်သမ္မတ ဂါနီ ယူအေအီးနိုင်ငံမှာ ခိုလှုံနေ

အဘူဒါဘီ၊ သြဂုတ် ၁၉-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်သမ္မတ အာရှရတ်ဖ်ဂါနီဟာ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံမှာ ရောက်ရှိခိုလှုံနေတယ်လို့ ယူအေအီး အာဏာပိုင်တွေက ပြောပါတယ်။   မစ္စတာဂါနီနဲ့ မိသားစုကို လူသားချင်း စာနာထောက်ထားမှုကြောင့် ကြိုဆိုလက်ခံထားတယ်လို့ ယူအေအီး နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။   တာလီဘန်တွေဟာ မြို့တော်ကဘူးသို့ချီတက်လာချိန်မှာ မစ္စတာဂါနီနဲ့ မိသားစုဟာ အာဖဂန်နယ်မြေကနေ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။   မစ္စတာဂါနီကတော့ ထွက်ပြေးတယ်ဆိုတဲ့ အသုံးအနှုန်းကို ငြင်းဆိုထားပြီး မိမိအနေနဲ့ အာဖဂန်မှထွက်လာတာဟာ ဘေးဒုက္ခဆိုးကြီးကို တားဆီးလိုတာကြောင့်လို့ သူကဆိုပါတယ်။   သွေးထွက်သံယိုနဲ့ ဖရိုဖရဲမဖြစ်စေဖို့ အတွက် နိုင်ငံကနေထွက်လာတာဖြစ်ပြီး လက်ရှိမှာ ယူအေအီးနိုင်ငံကို ရောက်ရှိနေပြီး အာဖဂန်ကို ပြန်ဖို့အတွက်လည်း ဆွေးနွေးနေတယ်လို့ သူပြောပါတယ်။   မိမိဟာ ငွေအမြောက်အမြားယူဆောင်ပြီး ယူအေအီးနိုင်ငံကို ရောက်ရှိနေတယ်လို့ပြောဆိုတာဟာ အခြေအမြစ်မရှိတဲ့ လိမ်ညာမှုများသာ ဖြစ်တယ်လို့…

Read More

ကသာမြို့နယ် ရွှေပြည်သစ်ကျေးရွာက သတင်းပေးလို့ နာမည်ထွက်နေသူ အသတ်ခံရ

သြဂုတ် ၊ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ၊ တုတ်ကြီးကျေးရွာအုပ်စု၊ ရွှေပြည်သစ်ကျေးရွာက လူ ၁ ဦးဟာ သက်ဆိုင်ရာကို ဖုန်းနဲ့သတင်းပေးနေတယ်ဆိုပြီး အမည်မသိအဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် တောစပ်တနေရာမှာ သတ်ပစ်လိုက်တယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” မနေ့ သြဂုတ် ၁၈ မနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန်မှာ ရွှေပြည်သစ်ကျေးရွာက ကိုမိုးခိုင်ရဲ့ အိမ်ထဲကို ၅ ယောက် အနက် ၄ ယောက်က သေနတ်ကိုယ်စီ ကိုင်ထားပြီး ဝင်လာတယ် ” စိုးအောင်ရဲ့ ယောက်ဖ မိုးခိုင်ဆိုတာ ဟုတ်လား ” လို့ သူတို့ကမေးတော့ ကိုမိုးခိုင်ရဲ့ မိန်းမက ဟုတ်ပါတယ်လို့ ပြန်ဖြေတယ် ၊ ” ငါတို့စခန်း…

Read More

တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုးမယ့် ချမ်းသာတဲ့နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရှုတ်ချ

ဂျီနီဗာ၊ သြဂုတ်-၁၉-၂၀၂၁ မျိုးဆက် (VOM)   ကမ္ဘာတစ်၀န်းရှိ လူသန်းပေါင်းများစွာဟာ ပထမအကြိမ်ကာကွယ်ဆေးတစ်လုံးသာ ထိုးနှံပြီးစီးချိန်မှာ တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုးနှံဖို့ ချမ်းသာကြွယ်၀တဲ့နိုင်ငံတွေက အလျင်စလို လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၈ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။   ဒီလို တတိယမြောက်ထပ်တိုးကာကွယ်ဆေးထိုးနှံဖို့လိုအပ်တယ်ဆိုတာ သိပ္ပံနည်းကျ အထောက် အထားတွေ မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေက အခိုင်အမာဆိုပါတယ်။   တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုး နှံသင့်သူတွေအတွက် အဆိုပါအစီအစဉ်ကို မကြာမီလုပ်ဆောင်မယ်လို့ အမေရိကန် တာ၀န်ရှိသူတွေက ကြေညာခြင်းမပြုမီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။   ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာဟာ ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ စောင့်ဆိုင်းနေစဉ်မှာ ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေထပ်မံထိုးနှံဖို့ လုပ်ဆောင်နေတာဟာ ကိုယ်ကျင့်တရား ပျက်ယွင်းမှုသာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။   ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအကြား ကာကွယ်ဆေးဖြန့်ဖြူးမှုအညီအမျှဖြစ်စေရေး အထောက်အကူဖြစ်စေဖို့အတွက် တတိယမြောက်ကာကွယ်ဆေးတွေ ထပ်မံထိုးနှံခြင်းကို ရပ်ဆိုင်းဖို့ယခုလအစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က…

Read More

ရေစကြိုမြို့နယ် ထွေ/အုပ်ရုံးအတွင်း ဗုံးပေါက်

ဩဂုတ် ၁၉-၂၀၂၁ KK(VOM)   ရေစကြိုမြို့နယ် စုပေါင်းရုံးအတွင်းမှာရှိတဲ့ မြို့န ယ်ထွေ/အုပ်ရုံးနားမှာ ဒိကနေ့မနက် ၁၀နာရီက ဗုံးနှစ်လုံးဆင့်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ဗုံးက မိနစ်ပိုင်းပဲခြားတယ် ပေါက်တာ၊ ထိခိုက်မှုတော့ရှိမယ်ထင်တယ်၊ ဗုံးပေါက်တယ်ဆို စစ်တပ်နဲ့ရဲက ရောက်နေတော့ သိဖို့မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ထွေ/အုပ်ရုံးအနီးရှိ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို ဒေသခံတွေဆီက သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁၆ရက် ညနေ ၃နာရီကလည်း အမှတ် ၇ရက်ကွက်ရှိ ရေစကြိုမြို့မရဲစခန်းအတွင်းမှာ ဗုံးပေါက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။   ရေစကြိုမှာ ဌာနဆိုင်ရာရုံးတွေ ဗုံးပေါက်ကွဲခဲ့တာ အခုနဲ့ဆို ​(၄)ကြိမ်ရှိပြီဖြစ်ပါတယ်။   သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၂၃ရက်ညနေပိုင်းက မြို့နယ်စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့ပြီး အ လားတူ သြဂုတ်လ ၈ရက်ကလည်း…

Read More

မြိုင်မြို့နယ် ဆူးဝင်းရွာထဲကို ပြောက်ကျားဝတ်လက်နက်ကိုင် လူ ၂ ယောက်က ဓားပြဝင်တိုက်

သြဂုတ် ၊ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ၊ ဆူးဝင်းကျေးရွာအုပ်စု ၊ ဆူးဝင်းကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ဒီမနက် ၁ နာရီမထိုးခင် ရွာထဲမှာ သေနတ်သံကြားရတယ် ၊ ရွာအရှေ့ပိုင်းက ဦးမျိုးထွန်းရဲ့အိမ် ဓားပြတိုက်ခံရတာ ၊ ဒီမနက် မိုးလင်းမှ သိရတယ် ” လို့ ဆူးဝင်းရွာခံ တစ်ယောက်က ပြောပါတယ်။   ” ဓားပြတိုက်တယ်လို့ ပြောလို့မရဘူး ၊ အနုကြမ်းဝင်စီးတဲ့ ဖြစ်စဥ်ပါ ၊ ဆူးဝင်းရွာက စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးထွန်းရဲ့နေအိမ်မှာ ဖြစ်ခဲ့တာပါ ၊ ဒီမနက် အခင်းဖြစ်အရပ်ကို သက်ဆိုင်ရာက လာပြီးစစ်ဆေးတဲ့အခါ စစ်ဆေးတွေ့ရှိချက်က အိမ်ရှင်…

Read More

မောင်းကုန်း နီကယ်စက်ရုံလုပ်သား(၁)ဦးကို အရပ်ဝတ်ပါ ရဲတွေက သေနတ်နဲ့ ပစ်ဖမ်း

သြဂုတ် ၊ ၁၉ -၂၀၂ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော် ဗျူဟာ ကားလမ်းဘေးက မောင်းကုန်း နီကယ်စက်ရုံအနီး ကွန်ကရစ်လမ်းပေါ်မှာ မနေ့ သြဂုတ် ၁၈ နေ့လယ်ပိုင်းက စက်ရုံလုပ်သား ၁ ဦးကို အရပ်ဝတ် ရဲတချို့ပါဝင်တဲ့ အဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ် ဖမ်းဆီးခဲ့ပြီး ကျည်ဆံမှန်ထားတဲ့ စက်ရုံလုပ်သားကို ရဲအဖွဲ့က သယ်ယူသွားတယ်လို့ နီကယ်လုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   မောင်းကုန်းနီကယ် စက်ရုံလုပ်သား တစ်ယောက်က ” သေနတ်နဲ့ ပစ်တဲ့နေရာက စက်ရုံရှေ့ ကွန်ကရစ်လမ်းမှာဖြစ်တယ် ၊ ပစ်ခံရတာက စက်ရုံလုပ်သား ကိုလင်းချို ဖြစ်တယ် ၊ ပစ်တာက ၃ ချက် ပစ်တဲ့သူတွေက အရပ်ဝတ်တွေပါတဲ့ ရဲအဖွဲ့ ၊ ပစ်တဲ့အချိန်က…

Read More

ကမာရွတ်မှာ သတင်းပေးသူကြောင့် တက်ကြွလှုပ်ရှားသူလူငယ်တွေကို လိုက်လံဖမ်းဆီး

ရန်ကုန်၊သြဂုတ်၁၉၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်အတွင်းက ရပ်ကွက်သုံးခုမှာ သတင်းပေးသူကြောင့် မနေ့ ဩဂုတ် ၁၈ရက် ည ၁၂နာရီနောက်ပိုင်းမှစတင်ကာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   စစ်တပ်နဲ့ရဲတွေက စစ်ကား၁၂စီး၊အိမ်စီးကား၆စီးနဲ့ ကမာရွတ်မြို့နယ်အတွင်း လှည့်လည်ပြီး ၁ရပ်ကွက်၊၃ရပ်ကွက် ၊၆ရပ်ကွက်တို့မှာ လိုက်ရှာပြီး တက်ကြွလှုပ်ရှားသူလူငယ်(၅)ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။   ” ၁ရပ်ကွက်၊ အောင်မြေသာစည်လမ်း၊ အောင်မြေသာစည်အိမ်ယာအတွင်းက လူငယ်တစ်ဦးကို လက်ထိပ်ခတ်ပြီး ဖမ်းခေါ်သွားတယ်”လို့ (၁)ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   (၅)ရပ်ကွက် ဆရာစံနဲ့ဘုရားလမ်းကြားကို စစ်တပ်နဲ့ရဲတွေဟာ ည ၁၂နာရီခွဲမှာရောက်ရှိလာပြီး လူငယ်သုံးဦးကိုလက်ထိပ်ခတ်ကာ ကားတစ်စီးနဲ့ဖမ်းခေါ်သွားတယ်လို့၃ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   “စာရွက်နဲ့အတိအကျလာတာ ဒါဒလန်ကသတင်းပေးလို့ပေါ့၊ ရဲတွေရောစစ်သားတွေရော အရပ်ဝတ်နဲ့သူတွေရော လူအင်အားများတယ်၊ ညက အခြားရပ်ကွက်တွေကလည်း အဖမ်းခံရတယ် ကြားတယ်”လို့ သူကရှင်းပြပါတယ်။   ည ၂နာရီခွဲလောက်မှာ…

Read More
VOM News

FREE
VIEW