အာဖဂန်သမ္မတ ဂါနီ ယူအေအီးနိုင်ငံမှာ ခိုလှုံနေ

အဘူဒါဘီ၊ သြဂုတ် ၁၉-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်သမ္မတ အာရှရတ်ဖ်ဂါနီဟာ ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ယူအေအီးနိုင်ငံမှာ ရောက်ရှိခိုလှုံနေတယ်လို့ ယူအေအီး အာဏာပိုင်တွေက ပြောပါတယ်။
 
မစ္စတာဂါနီနဲ့ မိသားစုကို လူသားချင်း စာနာထောက်ထားမှုကြောင့် ကြိုဆိုလက်ခံထားတယ်လို့ ယူအေအီး နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။
 
တာလီဘန်တွေဟာ မြို့တော်ကဘူးသို့ချီတက်လာချိန်မှာ မစ္စတာဂါနီနဲ့ မိသားစုဟာ အာဖဂန်နယ်မြေကနေ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။
 
မစ္စတာဂါနီကတော့ ထွက်ပြေးတယ်ဆိုတဲ့ အသုံးအနှုန်းကို ငြင်းဆိုထားပြီး မိမိအနေနဲ့ အာဖဂန်မှထွက်လာတာဟာ ဘေးဒုက္ခဆိုးကြီးကို တားဆီးလိုတာကြောင့်လို့ သူကဆိုပါတယ်။
 
သွေးထွက်သံယိုနဲ့ ဖရိုဖရဲမဖြစ်စေဖို့ အတွက် နိုင်ငံကနေထွက်လာတာဖြစ်ပြီး လက်ရှိမှာ ယူအေအီးနိုင်ငံကို ရောက်ရှိနေပြီး အာဖဂန်ကို ပြန်ဖို့အတွက်လည်း ဆွေးနွေးနေတယ်လို့ သူပြောပါတယ်။
 
မိမိဟာ ငွေအမြောက်အမြားယူဆောင်ပြီး ယူအေအီးနိုင်ငံကို ရောက်ရှိနေတယ်လို့ပြောဆိုတာဟာ အခြေအမြစ်မရှိတဲ့ လိမ်ညာမှုများသာ ဖြစ်တယ်လို့ အာဖဂန်သမ္မတကပြောပါတယ်။
 
အသက် (၇၂) နှစ်အရွယ် မစ္စတာဂါနီဟာ တိုင်းပြည်မှ ထွက်လာခဲ့ခြင်းအတွက် အခြားနိုင်ငံရေးသမားရဲ့ ဝေဖန်ပြစ်တင်ခြင်းနဲ့လည်းရင်ဆိုင်နေရပါတယ်။
 
Ref : BBC
Photo:Reuters
#voiceofmyanmar #vom #အဘူဒါဘီ

Related posts

Leave a Comment

VOM News

FREE
VIEW