မောင်းကုန်း နီကယ်စက်ရုံလုပ်သား(၁)ဦးကို အရပ်ဝတ်ပါ ရဲတွေက သေနတ်နဲ့ ပစ်ဖမ်း

သြဂုတ် ၊ ၁၉ -၂၀၂
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မန္တလေး-ဗန်းမော် ဗျူဟာ ကားလမ်းဘေးက မောင်းကုန်း နီကယ်စက်ရုံအနီး ကွန်ကရစ်လမ်းပေါ်မှာ မနေ့ သြဂုတ် ၁၈ နေ့လယ်ပိုင်းက စက်ရုံလုပ်သား ၁ ဦးကို အရပ်ဝတ် ရဲတချို့ပါဝင်တဲ့ အဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ် ဖမ်းဆီးခဲ့ပြီး ကျည်ဆံမှန်ထားတဲ့ စက်ရုံလုပ်သားကို ရဲအဖွဲ့က သယ်ယူသွားတယ်လို့ နီကယ်လုပ်သားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
မောင်းကုန်းနီကယ် စက်ရုံလုပ်သား တစ်ယောက်က ” သေနတ်နဲ့ ပစ်တဲ့နေရာက စက်ရုံရှေ့ ကွန်ကရစ်လမ်းမှာဖြစ်တယ် ၊ ပစ်ခံရတာက စက်ရုံလုပ်သား ကိုလင်းချို ဖြစ်တယ် ၊ ပစ်တာက ၃ ချက် ပစ်တဲ့သူတွေက အရပ်ဝတ်တွေပါတဲ့ ရဲအဖွဲ့ ၊ ပစ်တဲ့အချိန်က ညနေ ၅ နာရီကျော် ၆ နာရီ ဝန်းကျင်ဖြစ်တယ် ” လို့ ပြောပါတယ်။
 
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကသာခရိုင် ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်ရာမှာတော့ ” နီကယ်စက်ရုံနားမှာ ၁၇း ၃၀ အချိန်က ပစ်ခတ်တာရှိတယ် ၊ ထီးချိုင့်မြို့နယ် ၊ မောင်းကုန်းကျေးရွာက အမှုနဲ့ အလိုရှိနေတဲ့ တရားခံပြေး စက်ရုံလုပ်သား လင်းချို (ခ) ကျော်နိုင်ထွန်း အသင် ၃၄ နှစ် ဆိုသူကို ဒုရဲအုပ် နိုင်ရဲဟိန်းအဖွဲ့က သွားရောက် စောင့်ဆိုင်း ဖမ်းတဲ့အခါ အဲ့ဒီ တရားခံပြေးက အသာတကြည် ဖမ်းဆီးတာကိုမခံဘဲ အရိုးအသွား ၁၀ လက်မအရွယ်ရှိတဲ့ ဓါးဦးချွန်နဲ့ ရဲတွေကို တိုက်ခိုက်လာတဲ့ အတွက် ပစ်ခတ် ဖမ်းဆီးတာပါ၊ အဲ့ဒီလူဟာ ထီးချိုင့်မြို့မရဲစခန်း(ပ) ၅၅ / ၂၀၂၁ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အမှုနဲ့ အလိုရှိနေတဲ့ တရားခံပြေး တစ်ယောက် ဖြစ်တယ် ” လို့ တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က VOM ရဲ့ ဆက်သွယ်မေးမြန်းတာကို အဲ့ဒီလို ဖြေကြားတာဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၁၆ရက် ည ၇ နာရီဝန်းကျင်က မောင်းကုန်း နီကယ်စက်ရုံလုပ်သား ကိုထွန်းစန်းဦး (ခေါ် )ဘိုစနေ အသက် ၃၇ နှစ် နဲ့ ကိုကျော်ကျော်သစ် (ခေါ်)ကျော်သစ် အသက် ၃၆ နှစ်တို့ ၂ ယောက်ဟာ စက်ရုံလုပ်ငန်းတာဝန်ပြီးလို့ အိမ်ပြန်လမ်းမှာ သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာလည်း
 
အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက ရဲဝန်ထမ်းတွေဟာ သူတို့ကို ခိုက်ရန်ပြုတဲ့သူမှန်သမျှ သေနတ်နဲ့ပစ်ခတ်တာတွေရှိတဲ့အတွက် ပြီးခဲ့တဲ့ ၂ ရက်ကလည်း ကလေးခရိုင်၊ မင်ကင်းမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာလည်း သေနတ်နဲ့ပစ်ခတ်လို့ အရပ်သား(၂)ယောက်နေရာမှာတင် သေဆုံးခဲ့တာလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ထီးချိုင့်

Related posts

Leave a Comment

VOM News

FREE
VIEW