ဖျာပုံက သတင်းပေးလို့နာမည်ထွက်တဲ့ မင်းသားကြီးဆိုသူ သေနတ်ပစ်ခံရပြီး သေဆုံး

သြဂုတ် ၁၉ -၂၀၂၁
KK(VOM)
 
ဖျာပုံမြို့နယ်၊ အမှတ် ၈ရပ်ကွက်၊ ၉လမ်းထောင့်မှာ ဒီကနေ့နေ့လယ် ၁၁နာရီက သတင်းပေးဒလန်လို့နာမည်ထွက်သူတစ်ဦး သေနတ်နဲ့ပစ်ခတ်ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီကနေ့မနက်ပိုင်းက ဖျာပုံမြို့နယ်မှာ သတင်းပေးလို့နာမည်ထွက်တဲ့ အောင်ကြီးဆိုသူဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အမည်မသိအဖွဲ့ကပစ်ခတ်သွားတယ်လို့ ၈ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“၈ရပ်ကွက်နဲ့၉ရပ်ကွက်ကြား လမ်းမှာပစ်သွားတာ ကျွန်းတောလမ်းနဲ့၉လမ်းထောင့်မှာပါ၊ ဆိုင်ကယ်စီးနေတုန်းပစ်ခံရတာပါ၊ စစ်တပ်ရော ရဲရောမလာလို့ သေနေတာအကြာကြီး၊ ဘယ်သူဖုန်းဆက်လိုက်လဲမသိဘူး လူနာတင်ယာဥ်ပဲလာတယ်”လို့ သူက ပြောပါတယ်။
 
သေဆုံးသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
ဖျာပုံမြို့နယ်မှာ သတင်းပေးသူတွေကြောင့် လူငယ်များစွာဖမ်းဆီးရတဲ့ ဖြစ်စဥ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။
 
ဖျာပုံမြို့နယ်မှာ မတ်လကစပြီး ဌာနဆိုင်ရာရုံးတွေနဲ့အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာ ၇ကြိမ်တိုင်ရှိနေပြီး ဗုံးပေါက်ကွဲခဲ့တဲ့ ရုံးတွေကတော့ မြို့နယ်ပညာရေးမှူးရုံး၊၁၁ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ဒေါ်ငြိမ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ဖျာပုံပန်းခြံ၊တရားရုံး၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ၊မြို့နယ်အခွန်ရုံးတို့ပဲ ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW