တန့်ဆည်နယ်က ပျူစောထီးလို့ နာမည်ထွက်နေသူ(၂)ဦး အသတ်ခံရ

သြဂုတ် ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ၊ကပေါင်းကျကျေးရွာက ပျူစောထီးလို့ နာမည်ထွက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ၂ ယောက် အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ သြဂုတ် ၁၉ နေ့လယ်ပိုင်းက တွေ့ရတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” သပြေချောင်း တောဖျားမှာ ဒီမနက်တွေ့ရတဲ့ ရုပ် ၂ လောင်းက ၊ ကပေါင်းကျရွာက ကိုမောင်ဟန်နဲ့ ကိုဝင်းထိန် တို့ဖြစ်တယ် ၊ သူတို့ ၂ ယောက်စလုံးက ပြည်ခိုင်ဖြိုးတွေဖြစ်တယ် ” လို့ သေဆုံးသူ နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့သူတစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ သေဆုံးသူ ကိုမောင်ဟန်နဲ့ ကိုဝင်းထိန်တို့ ၂ ယောက်ဟာ တောထဲမှာလိုအပ်နေတဲ့ စက်သုံးဆီနဲ့ စားဖို့ရိက္ခာပစ္စည်းတွေကို မနေ့ သြဂုတ် ၁၈ နေ့ခင်းပိုင်းမှာ ကံထူးကျေးရွာက ဦးဖိုးကြည်ရဲ့ ကုန်စုံဆိုင်ကနေဝယ်ယူပြီး တောပေါ်ကို ကားနဲ့ပြန်အတက် လမ်းမှာ ကားရော လူပါ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးနေတာဖြစ်ပါတယ် ။
 
အဲ့ဒီ လူ ၂ ယောက် ကားရော လူပါ ပျောက်ဆုံးနေတဲ့အတွက် တောကသူတို့ရဲ့ အလုပ်သမားတွေက ဒီမနက် လိုက်လံရှာတဲ့အခါ ၂ ယောက်စလုံး အသတ်ခံထားရပြီး သူတို့စီးသွားတဲ့ ကားနဲ့ ကားပေါ်က ပစ္စည်းတွေဟာ ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် သေဆုံးသူရဲ့ အလုပ်သမားတွေက ကံထူးမ နယ်မြေရဲစခန်းကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် သြဂုတ် ၁၅ ရက် ညဦးပိုင်းက ရေဦး-တမာတော-ကံထူးမ ကားလမ်း ရေဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ် အဲ့ဒီ ၂ မြို့နယ်ရဲ့ နယ်စပ်နေရာဖြစ်တဲ့ ဆင်သီးကုန်ရွာ ရဲ့ တောင်ဘက် သရက်ခြံအနီးမှာ အမျိုးသား ရုပ်အလောင်း ၁ လောင်းတွေ့ရတယ်လို့ တန့်ဆည် ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
သြဂုတ် ၄ ရက် မနက်ကလည်း တန့်ဆည်မြို့နယ် ၊ ရေဦး – ကလေးဝ ကားလမ်း ဝါးရငယ် မူးဘောင်တံတားရဲ့ တောင်ဘက်အောက်ခြေအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရပြီး အဲ့ဒီ သေဆုံး ၂ ယောက်ထဲက ၁ ယောက်ဟာ ဦးခေါင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်ပါတယ်။
 
တန့်ဆည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်း လူသတ်မှု အကြိမ်ရေ ၁ ဒါဇင်နီးပါးရှိခဲ့ပြီး သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ ဦးခေါင်းပြတ်ဒဏ်ရာတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #တန့်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW