တရုတ် – မြန်မာ အဓိက ကုန်သွယ်ရေးတံတားတခု ဖြစ်တဲ့ ရွှေလီ-ဝမ်တိန် တံတား ဖွင့်ပေး

ဩဂုတ် ၁၉၊ ၂၀၂၁
Shy V(VOM)
တရုတ်-မြန်မာ အဓိက ကုန်သွယ်ရာ မြို့တမြို့ ဖြစ်တဲ့ ရွှေလီကို ဩဂုတ်လ ၁၈ ရက်နေ့ တရုတ်အချိန် မနက် ၈ နာရီက ပိုးတွေ့ အနည်းဆုံးနေရာ‌တွေကို lockdown ဖြေလျှော့ပြီး နေ့လယ်ပိုင်းမှာ ရွှေလီ-ဝမ်တိန် တံတားကိုပါ ဖွင့်ပေးလိုက်ကြောင်း လို့ တရုတ် ဘက်ခြမ်းက မြန်မာနိုင်ငံသား‌တွေဆီက သိရပါတယ်။
 
“ရွှေလီ-ဝမ်တိန် တံတား ဖွင့်ပေး လိုက်ပြီဖြစ်တဲ့အတွက် ရွှေလီဘက်မှာ ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေ မြန်မာနိုင်ငံကို ထွက်ရဖို့က ဝမ်တိန်ကိုလာလို့ရပြီ ဖြစ်တာကြောင့် ဝမ်တိန် ကိုရောက်အောင်အရင်မောင်းပို့ထားကြပါ။ ကုန်စုံပိတ်မိနေတဲ့ ကားတွေလည်း မကြာခင် ပေးထွက်သွားဖို့ စာရင်းကောက်ထားတာရှိပါတယ်” လို့ ဝမ်တိန်ရောက် မြန်မာ ကုန်သည် တစ်ဦးက ပြောပါတယ်။
 
အ၀င်ကားမရှိတော့လို့ ကားရှားနေတာကြောင့် တရုတ်ဘက် ဂိတ်ကကုန်နဲ့ ကားနဲ့မလုံ‌လောက်တဲ့အပြင် လက်ရှိပိတ်မ်ိ နေတဲ့ကားတွေကို လက်ရှိ ကားအကုန် မြန်မာဘက် ထွက်ရဖို့ တောင်မသေချာသေးကြောင်း သူက ပြောပါတယ်။
 
အထွက်ကား ရဖို့အ‌တွက်ပင် မနည်းကြိုးစားနေရတာကြောင့် မြန်မာကုန်သည်တွေ အနေနဲ့ နောက်ထပ် တရုတ်ဘက်က ပစ္စည်းထပ်မ၀ယ်ဖို့၊ လက်ရှိပိတ်မိ နေတဲ့ မြန်မာကုန်တင်ကားတွေ အရင်ထွက်နိုင် အောင်လုပ်ဖို့၊အခြေနေက မတည်ငြိမ်သေးကြောင်း တရုတ်ဘက်ရောက် မြန်မာကုန်သည်တွေက ပြောပါတယ်။
 
ရွှေလီမှာ Lockdown ဖွင့်ပေမယ့် အကန့်အသတ်နဲ့သာဖြစ်ပြီး ကူးစက်မှုအနီရောင်ဇုန် နှင့် အလယ်လတ် အဝါရောင်ဇုန် တွေက ဆက်လက်ပြီး Stay at Home နေထိုင်ရန် သတ်မှတ် ထားကာ ရွှေလီမြို့က မည်သည့်‌ နေရာမဆို မထွက်ခွာဖို့ တားမြစ်ပါတယ်။
 
တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပိုးကူးစက်မှု အခြေအနေတွေ‌ ကြောင့် ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားပေမယ့် ဇူလိုင်လ ၂၁ ရက်နေ့ကစ ဝမ်တိန်ဘက် ဂျူတီဆောင်ပြီး ပိတ်မိနေတဲ့ မြန်မာကားတွေနဲ့ ကျန်းမာရေး ဆက်စပ်ပစ္စည်း တင်တဲ့ ကားတွေကို တစ်ပတ် သုံးရက် မြန်မာဘက် ထွက်ခွင့် ပြုတာဖြစ်ပြီး မနေ့က ဩဂုတ်လ မှာတော့ ကျင်စန်းကျော့ဂိတ်ဘက် ရေကြီးနေတာကြောင့် သွားလာရခက်ခဲလို့ မြန်မာဘက်ကကား အထွက် မရဘူးလို့ ဆိုပါတယ်။
 
Photo Crd# AYK
 
#voiceofmyanmar #vom #ရွှေလီ #ဝမ်တိန

Related posts

Leave a Comment

VOM News

FREE
VIEW