ကျောက်ဆည်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓားနဲ့ခုတ်ခံရလို့ သေဆုံး

သြဂုတ် ၂၀-၂၀၂၁
KK(VOM)
 
ကျောက်ဆည်မြို့နယ်၊ ရေပြစ်ကြီးကျေးရွာမှာ မနေ့ ဩဂုတ်လ ၁၉ရက် ညပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” မနေ့ည၁၂နာရီကျော်က ရေပြစ်ကြီးကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ကိုအေးမင်းအောင်(ခ)စောမိုးဇက်မှာ ရွာသင်္ချိုင်းအနီးမှာ သတ်ခဲ့တာ၊ အများက သူ့ကို ပျူစောထီးခေါင်းဆောင်လို့လည်း ပြောကြတယ်၊ သူသတင်းပေးလို့ ဖမ်းခံရတဲ့လူတွေလည်းရှိတယ်”လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
သေဆုံးသူဟာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သလို ပျူစောထီးတွေကို စစ်သင်တန်းပို့ချရာမှာ ဦးဆောင်နေ
သူတစ်ဦးလည်းဖြစ်တယ်လို့ ကျေးရွာရွာနေသူတွေကပြောပါတယ်။
 
လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ရေပြစ်ကြီးကျေးရွာက ရွာသူရွာသားတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၇ရက်ကလည်း နိုင်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အမည်မသိအဖွဲ့ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။
 
အလားတူ သြဂုတ်လ ၃ရက်ကလည်း ဗလီကျေးရွာက သတင်းပေးတစ်ဦးကို အမည်မသိအဖွဲ့ကပဲ သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ကျောက်ဆည်

Related posts

Leave a Comment

VOM News

FREE
VIEW