စစ်ကိုင်း ဆင်တပ်ရွာအုပ်ချုပ်ရေးမှူး သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး လူ ၃ ဦးကို ရဲကဖမ်းထား

သြဂုတ် ၊ ၂၁ -၂၀၂၁ ရွှေဘုန်းမြတ်စံ(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဗြဲတရော်ကျေးရွာ ၊ ကန်တလူဘုရားအနီး သံလမ်းကူးနေရာမှာ သြဂုတ် ၃ ရက် ညနေပိုင်းက ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံးသွားတဲ့ အမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သံသယရှိတဲ့ဆိုကာ လူ ၃ ဦးကို ရဲက ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းဒေသခံတွေကပြောပါတယ်။ သေဆုံးသူနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ယောက် က ” ဆင်တပ်ရွာက ရွာခံလူ ၁ ယောက် ၊ အုန်းတောမြောက်ရွာက ၁ ယောက်နဲ့ ချောင်းဦးရွာက ၁ ယောက် ၊ လောလောဆယ် အဲ့ဒီ လူ ၃ ယောက်ကို မိထားတယ် ” လို့ ပြောပါတယ်။ စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးတာဝန်ကျ ရဲဝန်ထမ်းတစ်ယောက်က ” သက်သေခံ…

Read More

ယင်းမာပင်ရဲစခန်းက ရဲ(၁)ဦး သက်သေခံပစ္စည်း ရွှေချောင်းတွေနဲ့အတူ လက်နက်တွေပါ ယူဆောင်ထွက်ပြေး

သြဂုတ် ၊ ၂၀ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့ ၊ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်း တစ်ဦးဟာ ရဲစခန်းပိုင် သေနတ် ၁ လက်နဲ့အတူ သက်သေခံပစ္စည်းတွေကို ယူဆောင်ပြီး ဒီကနေ့ နေ့လယ် ၁၂ နာရီ နောက်ပိုင်းက ထွက်ပြေးပျောက်ဆုံးနေတယ်လို့ ရဲဌာနအသိုင်းအဝိုင်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ပျောက်နေတဲ့ ရဲက ရဲတပ်ကြပ်ကြီး ရာထူးအဆင့်ရှိတဲ့သူဖြစ်တယ် ၊ သူနဲ့အတူ သေနတ် ၁ လက်နဲ့၊ အမှုနဲ့ ဖမ်းဆီးသိမ်းထားတဲ့ သက်သေခံပစ္စည်း ရွှေနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတာ ” လို့ ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ရုံး တာဝန်ကျ အမည်မဖော်လိုတဲ့ ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။   ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့…

Read More

ကြူကုတ်(ပန်ဆိုင်း)မြို့ထဲ တိုက်ပွဲဖြစ်ပွားပြီး ဘုရားကျောင်းထဲ လက်နက်ကြီး ကျည်ကျ‌

ဩဂုတ် ၂၀၊ ၂၀၂၁ Shy V (VOM)   ကြူကုတ် (ပန်ဆိုင်း)မြို့ထဲမှာ ဒီကနေ့နေ့လယ်ပိုင်းက ၁၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး ဘုရားကျောင်းထဲ လက်နက်ကြီး ကျည်ကျ‌ရောက်ထိမှန်ခဲ့တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။   ” ကြူကုတ် (ပန်ဆိုင်း)မြို့ သင်္ချိုင်းကုန်းဘက်နဲ့ ရဲစခန်းတို့မှာဖြစ်တာ၊ ဘုရားကျောင်းက ရဲစခန်းနဲ့ နီးတာကြောင့် လက်နက်ကြီး ကျည်ကျတယ်၊ ဘုရားကျောင်းထဲက သစ်ပင်၊ ရေစင်၊ ရုံးခန်း ပြတင်းပေါက်နဲ့ ဘုရားကျောင်းဆောင် နံရံတွေ ထိမှန် ပျက်စီးခဲ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   ဒါ့အပြင် မြို့ခံတစ်ဦးကလည်း ” လက်ရှိ အခြေအနေတင်းမာနေတာကြောင့် မြို့ထဲက ပြည်သူတွေ စိုးရိမ်နေကြတယ်၊ ရှောင်ရမယ်ပြောနေတယ်။ ရှောင်ရမလား။ မရှောင်ပဲ နေမလား။ မသိဘူး။ ဇဝေဇဝါ ဖြစ်နေတယ်။ လေယလောဆယ်တော့ အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းနေတယ်” လို့…

Read More

ကျောက်ဆည်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓားနဲ့ခုတ်ခံရလို့ သေဆုံး

သြဂုတ် ၂၀-၂၀၂၁ KK(VOM)   ကျောက်ဆည်မြို့နယ်၊ ရေပြစ်ကြီးကျေးရွာမှာ မနေ့ ဩဂုတ်လ ၁၉ရက် ညပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” မနေ့ည၁၂နာရီကျော်က ရေပြစ်ကြီးကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင် ကိုအေးမင်းအောင်(ခ)စောမိုးဇက်မှာ ရွာသင်္ချိုင်းအနီးမှာ သတ်ခဲ့တာ၊ အများက သူ့ကို ပျူစောထီးခေါင်းဆောင်လို့လည်း ပြောကြတယ်၊ သူသတင်းပေးလို့ ဖမ်းခံရတဲ့လူတွေလည်းရှိတယ်”လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။   သေဆုံးသူဟာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သလို ပျူစောထီးတွေကို စစ်သင်တန်းပို့ချရာမှာ ဦးဆောင်နေ သူတစ်ဦးလည်းဖြစ်တယ်လို့ ကျေးရွာရွာနေသူတွေကပြောပါတယ်။   လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ရေပြစ်ကြီးကျေးရွာက ရွာသူရွာသားတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၇ရက်ကလည်း နိုင်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ အမည်မသိအဖွဲ့ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါသေးတယ်။   အလားတူ သြဂုတ်လ ၃ရက်ကလည်း ဗလီကျေးရွာက သတင်းပေးတစ်ဦးကို…

Read More

ပြင်ဦးလွင် ပရဟိတမျက်မမြင်ပညာသင်ကျောင်းမှာ ကိုဗစ်(၁၉)ပိုးတွေ့သူ (၆၂)ဦးရှိ

ပြင်ဦးလွင် ၊ဩဂုတ် ၂၀၊၂၀၂၁ နေလင်း(VOM)   မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီးအနီးက ပရဟိတမျက်မမြင်ပညာသင်ကျောင်းက ကျောင်းတွင်းနေထိုင်သူတွေကို ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးရှိကြောင်း စစ်ဆေးတဲ့အဖွဲ့ဆီက သိရပါတယ်။   “ပထမဦးဆုံးသံသယလူနာတစ်ဦးကို စစ်ဆေးတော့ ရောဂါပိုးတွေ့ရှိပါတယ်၊ဘသူ့ကိုတော့မန္တလေးကိုလွဲပြောင်းကုသစေခဲ့တာပါ ။ ကျောင်းအတွင်းနေထိုင်တဲ့ တာဝန်ရှိသူတွေ၊ ကျောင်းသား/သူ စုစုပေါင်း(၁၁၈)ဦးကို စစ်ဆေးတော့ (၆၂)ဦးမှာ ရောဂါပိုးတွေရှိခဲ့တာပါ” လို့ Quarantine Center”တာဝန်ခံ ကိုကျော်ကျော်လင်းကပြောပြပါတယ်။   ရောဂါပိုးတွေရှိသူတွေကို ကျောင်းအတွင်းက ဓမ္မာရုံမှာ (ကျား/မ) သီခြားခွဲထားပြီး ပိုးမရှိသူတွေကို သီးခြားကန့်သတ် နေထိုင်နိုင်ဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။   ရောဂါပိုးတွေ့ရှိသူတွေက မျက်မမြင်တွေဖြစ်နေတော့ သက်ဆိုင်ရာ”Quarantine Center”ကိုခေါ်မယ်ဆိုရင် သူတို့အတွက်အဆင်မပြေမှုတွေဖြစ်စေနိုင်တာကြောင့် ခုလိုကျောင်းတွင်းမှာပဲ စီစဉ်ထားရှိတာဖြစ်ကြောင်း” စင်တာတာဝန်ခံက ပြောပါတယ်။   လက်ရှိအချိန်မှာ လိုအပ်‌တဲ့ ဆေးဝါး၊ကျမ်းမာရေးသုံးပစ္စည်းတွေကို ပို့ဆောင်လှုဒါန်းလျှက်ရှိပြီး” isolation ward (5 )”က…

Read More

မြန်မာ့အရေး အာဆီယံရဲ့လုပ်ဆောင်ချက် မျှော်လင့်သလောက်မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဝေဖန်

စင်ကာပူ၊ သြဂုတ်-၂၀-၂၀၂၁ မျိုးဆက် (VOM)   မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့လုပ်ဆောင်မှုတွေဟာ မျှော်လင့်ထားသလောက် မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး အင်တာဗျူးတစ်ခုမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။   အဖွဲ့၀င် ဆယ်နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့အနေနဲ့ သံတမန်ရေးရာကတစ်ဆင့် မြန်မာနိုင်ငံတည်ငြိမ်မှုရရှိဖို့အတွက် အားထုတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။   အာဆီယံရဲ့ဆောင်ရွက်ချက်တွေဟာ မိမိတို့မျှော်လင့်ထားသလောက်မထိရောက် သို့မဟုတ် မြန်ဆန်မှုမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။   မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလအတွင်းက ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅)ချက်ရရှိခဲ့ပြီး ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုတစိတ်တပိုင်းအဖြစ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် သြဂုတ်လ အစောကပိုင်းမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။   နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။   ဒါပေမယ့်လည်း အဓိပ္ပါယ်ပြည့်၀တဲ့ခရီးစဉ်ဖြစ်ဖို့အတွက်ကတော့ သံတမန်အနေနဲ့ မြန်မာနိုင်ငံရေးမှာ…

Read More

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအဖြစ် ဒေါ်လာရှစ်သန်းလှူဒါန်းမယ်လို့ အာဆီယံထုတ်ပြန်

ဘန်ကောက်၊ သြဂုတ်-၂၀-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်လာ ရှစ်သန်းလှူဒါန်းသွားမယ်လို့ အာဆီယံအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ဂျပန်၊ တရုတ်၊ အီးယူနဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံများအပါအ၀င် နိုင်ငံနှင့်အဖွဲ့အစည်း ၁၉ ခုတို့မှ မြန်မာနိုင်ငံသို့ လှူဒန်းသွားမယ်လို့ အွန်လိုင်းကပြုလုပ်တဲ့ လှူဒန်းမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။   ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံကို ဒေါ်လာရှစ်သန်းအပြင် ဆေးဝါးများ ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို လှူဒါန်းမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။   လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ အာဆီယံကမျှော်လင့်နေပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဧပြီလအတွင်းကပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးအပါအ၀င် ဘုံသဘောတူညီချက်(၅)ချက်ရရှိခဲ့ပါတယ်။  …

Read More

ရွှေလီနဲ့ ဝမ်တိန်တံတားကို ပြန်ပိတ်

ဩဂုတ် ၂၀၊ ၂၀၂၁ Shy V (VOM)   မြန်မာနဲ့ တရုတ် ကုန်သွယ်ရာမှာ အရေးပါတဲ့ တံတားဖြစ်တဲ့ တရုတ်ဘက်က ရွှေလီ-ဝမ်တိန်တံတားကို ဩဂုတ်လ ၁၈ ရက်နေ့က ဖွင့်လိုက်တာဖြစ်ပေမယ့် ဒီကနေ့ မနက်ပိုင်းကစပြီး ပြန်ပိတ်လိုက်တယ်လို့ ဝမ်တိန်ဘက်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။   လက်ရှိမှာတော့ ဝမ်တိန်ကနေ ရွှေလီဘက် ပေးမသွားသေးသလို ရွှေလီဘက်ကနေ ဝမ်တိန်ဘက်ကို မဝင်ခိုင်းဘဲ ပြန်လှည့်ခိုင်းတဲ့ကားတွေနဲ့ တန်းစီပိတ်နေတဲ့ ကားတွေရော ရှိနေတယ်လို့ သိရပါတယ်။   ” တံတားနားမှာ လာရောက် စောင့်ကြည့်နေဆဲ၊ ဘာမှ ထူးထူးခြားခြား မသိရသေးဘူး၊ ကျွန်တော်တို့လည်း အတိအကျ မေးလို့ မရဘူး။ ဘာမှ မသိရဘူး။ လောလောဆယ် ကျန်းမာရေးကဒ် စစ်တယ်။ တချို့တွေက ပေးသွားတယ်။ တချို့က ပြန်လှည့်ခိုင်းတယ်။ ဒီလောက်ပဲ မြင်ရသေးတာလေ။…

Read More

တရုတ်နိုင်ငံ ရွှေလီရောက် မြန်မာနိုင်ငံသားတွေ မြန်မာဘက်ပြန်ဖို့ အခက်ကြုံနေ

ဩဂုတ် ၂၀၊ ၂၀၂၁ Shy V (VOM)   တရုတ်နိုင်ငံ ရွှေလီမြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာဘက်ကိုပြန်လာဖို့ အခက်ကြုံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။   ” ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက စာရင်းသွင်းထားပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိတောင် မပြန်ရသေးဘူး။ လာလည်းမခေါ်ဘူး။ အိမ်ရှင်လည်း ဘာမှမပြောဘူး ဒုက္ခပဲ။ ရဲစခန်းကိုသွားပြောပြန်တော့ နေပါဦးတဲ့။ မတတ်နိုင်တော့ဘူးတဲ့။ ဘယ်မှာနေပြီး ဘာကိုစားရမှာလဲ။အလုပ်လည်းမဖြစ်ဘူး”လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။   မြန်မာဘက်ကိုပြန်လာဖို့ ရဲစခန်းမှာ သွားရောက်စာရင်းသွင်းဖို့ တရုတ်ဘက်က အသိပေးကြေညာထားပေမယ့် အကူအညီတောင်းတဲ့အခါ ရဲစခန်းဘက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း၊ လာရောက်တန်းစီနေတဲ့ လုပ်သားတွေကို တရုတ်ရဲတွေအနေနဲ့ လူစုခွဲ မောင်းထုတ်၊ အထုပ်အပိုးတွေ လွှင့်ပစ်၊ ဗီဒီယိုရိုက်ယူနေတဲ့သူကို ရိုက်နှက်ကာ ဖုန်းတွေကိုလည်း ရိုက်ခွဲပစ်တာ‌တွေရှိနေတာပါတယ်။…

Read More

မြောင်မြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုဟာ မိသားစု အသက်ဘေးအန္တရာယ် စိုးရိမ်ရတဲ့အတွက် ထွက်စာတင်ပြီး နေရပ်စွန့်ခွာ

သြဂုတ် ၊ ၂၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးမိသားစုတွေဟာ အသက်ဘေး အန္တရာယ် စိုးရိမ်ရတဲ့အတွက် လက်ငုတ် လက်ရင်း လုပ်ငန်းတွေကို ပစ်ထားခဲ့ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကာယကံရှင်တွေ ကိုယ်တိုင်ပြောပြချက်အရ သိရပါတယ်။   ” ဧပြီလကုန် မေလဆန်းက စလို့ မိသားစု အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံလာရတယ် ၊ အိမ်ရှေ့မှာ စာလာကပ်တာ ၊ ခဲပေါက်တာ ၊ ဆိုင်ကယ်ဘီးပေါက်အောင် အိမ်ရှေ့ခြံပေါက်မှာ ဆူးသံတွေ ထောင်တာ ၊ မစင်ထုပ်ကို အိမ်ဝန်းထဲ လာပစ်တာနဲ့ ယာခင်းတောက စိုက်ပျိုးသီးနှံနဲ့ လယ်ယာသုံး ပစ္စည်းတွေ ဖျက်စီးတာ ၊ ဒုက္ခအမျိုးမျိုးခံရတယ် ၊…

Read More
VOM News

FREE
VIEW