မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအဖြစ် ဒေါ်လာရှစ်သန်းလှူဒါန်းမယ်လို့ အာဆီယံထုတ်ပြန်

ဘန်ကောက်၊ သြဂုတ်-၂၀-၂၀၂၁
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်လာ ရှစ်သန်းလှူဒါန်းသွားမယ်လို့ အာဆီယံအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ဂျပန်၊ တရုတ်၊ အီးယူနဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံများအပါအ၀င် နိုင်ငံနှင့်အဖွဲ့အစည်း ၁၉ ခုတို့မှ မြန်မာနိုင်ငံသို့ လှူဒန်းသွားမယ်လို့ အွန်လိုင်းကပြုလုပ်တဲ့ လှူဒန်းမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။
 
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံကို ဒေါ်လာရှစ်သန်းအပြင် ဆေးဝါးများ ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို လှူဒါန်းမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။
 
လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ အာဆီယံကမျှော်လင့်နေပါတယ်။
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဧပြီလအတွင်းကပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးအပါအ၀င် ဘုံသဘောတူညီချက်(၅)ချက်ရရှိခဲ့ပါတယ်။
 
Ref : NHK
Photo: Reuters
#voiceofmyanmar #vom #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW