ပြင်ဦးလွင် ပရဟိတမျက်မမြင်ပညာသင်ကျောင်းမှာ ကိုဗစ်(၁၉)ပိုးတွေ့သူ (၆၂)ဦးရှိ

ပြင်ဦးလွင် ၊ဩဂုတ် ၂၀၊၂၀၂၁
နေလင်း(VOM)
 
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီးအနီးက ပရဟိတမျက်မမြင်ပညာသင်ကျောင်းက ကျောင်းတွင်းနေထိုင်သူတွေကို ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးရှိကြောင်း စစ်ဆေးတဲ့အဖွဲ့ဆီက သိရပါတယ်။
 
“ပထမဦးဆုံးသံသယလူနာတစ်ဦးကို စစ်ဆေးတော့ ရောဂါပိုးတွေ့ရှိပါတယ်၊ဘသူ့ကိုတော့မန္တလေးကိုလွဲပြောင်းကုသစေခဲ့တာပါ ။ ကျောင်းအတွင်းနေထိုင်တဲ့ တာဝန်ရှိသူတွေ၊ ကျောင်းသား/သူ စုစုပေါင်း(၁၁၈)ဦးကို စစ်ဆေးတော့ (၆၂)ဦးမှာ ရောဂါပိုးတွေရှိခဲ့တာပါ” လို့ Quarantine Center”တာဝန်ခံ ကိုကျော်ကျော်လင်းကပြောပြပါတယ်။
 
ရောဂါပိုးတွေရှိသူတွေကို ကျောင်းအတွင်းက ဓမ္မာရုံမှာ (ကျား/မ) သီခြားခွဲထားပြီး ပိုးမရှိသူတွေကို သီးခြားကန့်သတ် နေထိုင်နိုင်ဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။
 
ရောဂါပိုးတွေ့ရှိသူတွေက မျက်မမြင်တွေဖြစ်နေတော့ သက်ဆိုင်ရာ”Quarantine Center”ကိုခေါ်မယ်ဆိုရင် သူတို့အတွက်အဆင်မပြေမှုတွေဖြစ်စေနိုင်တာကြောင့်
ခုလိုကျောင်းတွင်းမှာပဲ စီစဉ်ထားရှိတာဖြစ်ကြောင်း” စင်တာတာဝန်ခံက ပြောပါတယ်။
 
လက်ရှိအချိန်မှာ လိုအပ်‌တဲ့ ဆေးဝါး၊ကျမ်းမာရေးသုံးပစ္စည်းတွေကို ပို့ဆောင်လှုဒါန်းလျှက်ရှိပြီး” isolation ward (5 )”က ပါရဂူကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေကစောင့်ကြည့်ကုသပေးနေသလို စေတနာ့ဝန်ထမ်းတွေက ပိုးသတ်ဆေးဖြန်းတာတွေနဲ့ တခြားလိုအပ်တာတွေလုပ်ပေးနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ပြင်ဦးလွင် #ပရဟိတမျက်မမြင်ကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW