ပုလဲမြို့နယ်က PPPပါတီဝင် အမျိုးသမီး သေနတ်နဲ့ ပစ်သတ်ခံရတဲ့

သြဂုတ် ၊ ၂၁ – ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံရွာ-ဂန့်ဂေါ ကားလမ်းက ဒေသအခေါ် ( အောက်)လယ်ဓမ္မကျေးရွာက အမျိုးသမီး ၁ ဦး ၊ မနေ့ သြဂုတ် ၂၀ရက် ည ၁၀ နာရီကျော်ခန့်က သေနတ်နဲ့ပစ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကန့်ဒေါင့်ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” သေနတ်သမားက အိမ်ရှေ့ကို ဆိုင်ကယ်နဲ့ ပစ်သွားတာ ၊ အပစ်ခံရတဲ့သူက မဆွေ အသက် ၄၂ နှစ်ဖြစ်တယ် ၊ မဆွေက ဒေါ်သက်သက်ခိုင်ပါတီရဲ့ ရွာမှာ စည်းရုံးရေးအလုပ်တွေ လုပ်တယ် ၊ စည်းမှူးလို့ ခေါ်တာပေါ့ ၊ သတင်းပေး ဒလန်တွေနဲ့ မှားပြီး သတ်တာဖြစ်နိုင်တယ် ၊ လယ်ဓမ္မ ၊ လဲကန် ၊ ကြက်ရင်း ၊ ၅၅ မိုင် ၊ ပျဉ်းပင်ကွေ့ အဲ့ဒီရွာတွေက ကိစ္စတွေကို သတင်းပေးနေတာ သူမဟုတ်ဘူး”လို့ လယ်ဓမ္မရွာက ရပ်မိရပ်ဖ တစ်ယောက်က ပြောပါတယ်။

သေဆုံးသူ မဆွေဟာ လယ်ဓမ္မရွာမှာ ပြောဆိုဆက်ဆံရေး အဆင်ပြေသူတစ်ယောက်ဖြစ်တယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်တဲ့သူတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ သတင်းပေး ၊ ဒလန် ၊ ပျူစောထီး ၊ အုပ်ကြီး ၊ ပြည်ခိုင်ဖြိုး စတာတွေကို အသတ်ခံရတာတွေ ရှိခဲ့ပေမယ့် PPP ပါတီဝင် သေဆုံခဲ့ရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မုံရွာ-ဂန့်ဂေါ ကားလမ်းဘေးမှာ လယ်ဓမ္မရွာ ၂ ရွာရှိတဲ့အနက် ပုလဲမြို့နယ်ထဲက ရွာကို အောက်လယ်ဓမ္မလို့ခေါ်ပြီး ဂန့်ဂေါမြို့နယ်ထဲက ရွာကိုတော့ အထက် လယ်ဓမ္မလို့ ဒေသခံတွေက ခေါ်ဆိုကြပါတယ် ။

အဲ့ဒီ လယ်ဓမ္မရွာ ၂ ရွာစလုံးဟာ ပုံတောင် တောင်တန်းရဲ့ အရှေ့ဘက် နဲ့ အနောက်ဘက်မှာ တည်ရှိပြီး ဒေသခံတွေအများစုက ယောသူ ယောသားတွေများတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုလဲ

Related posts

Leave a Comment

VOM News

FREE
VIEW