ဘုရင့်နောင်တံတား(၂)မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ(၂)ဦး ဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၂၂၊၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နဲ့လှိုင်သာယာကို ဆက်သွယ်ထားတဲ့ အမှတ်၂ဘုရင့်နောင်တံတားအဆင်းမှာ ဒီကနေ့မနက်ပိုင်းက လှိုင်သာယာဘက်ကနေ ကားတစ်စီးနဲ့အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ ရဲ(၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တံတားအနီးနေထိုင်သူတွေဆီက သိရပါတယ်။
 
တံတားအနီးတွင် နေထိုင်သူတစ်ဦးက “တံတားပေါ်က လုံခြုံရေးရဲကင်းကိုပစ်တာပါ၊ အမှတ်တမဲ့ဆိုတော့ သူတို့လည်းပြန်ပစ်ချိန်မရလိုက်ဘူးထင်တယ်၊ ဒဏ်ရာရတဲ့သူတွေရှိတယ်”လို့ ရှင်းပြပါတယ်။
 
စစ်တပ်နဲ့ရဲတွေဟာ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ လျူဂါပစ္စတိုကျည်ခွံ ၁၃ ခုကိုတွေ့ရှိခဲ့ပြီး ဒဏ်ရာရတဲ့ ရဲနှစ်ဦးကို စစ်ဆေးရုံ ပို့ထားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
 
လက်တလောမှာ စစ်တပ်၊ရဲ၊နယ်မြေခံတပ်ရင်းစုပြီး ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW