ကျယ်ဂေါင်မှာ COVID-19 ကပ်ရောဂါ အမြစ်ဖြတ်ဖို့ လူမထားပဲ မြို့ကို အလွတ် ထားတော့မည်

ဩဂုတ် ၂၂၊ ၂၀၂၁ Shy V(VOM)   မြန်မာ-တရုတ်နယ်စပ် COVID-19 ကပ်ရောဂါ အမြင့်ဆုံး အနီရောင်ဇုံ အဖြစ် သတ်မှတ်ထားတဲ့ ကျယ်‌ဂေါင်မှာ ကပ်ရောဂါကို အမြစ်ဖြတ်ဖို့ ကျယ်‌ဂေါင်မြို့ထဲ လူမရှိဘဲ အလွတ်ထားတော့မှာဖြစ်ပြီး ဆေးပြင်းဖျန်း သွားမှာ ဖြစ်ကြောင်း တရုတ် ကျန်းမာရေးဌာနက ဩဂုတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ကြေငြာချက် ထုတ်ထားပါတယ်။   ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ကျယ်‌ဂေါင်မြို့ရှိ လူဦးရေ တရုတ်နိုင်ငံသား ၂၀၄၆ ဦး၊ မြန်မာနိုင်ငံသား ၂၀၀၆ ဦး စုစုပေါင်း ၄၀၅၂ ဦးထဲမှ အစိုးရဝန်ထမ်းများနဲ့ နယ်ခြားကင်းစောင့်သမားများမှအပ ကျယ်ဂေါင်မှာ ရောက်ရှိ၊ နေထိုင်သူ တရုတ်နိုင်ငံသားရော မြန်မာပါ အားလုံး Quarantine ၀င်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။   မြန်မာနိုင်ငံသားများ အနေနဲ့ မြန်မာနိုင်ငံ…

Read More

မုံရွာခရိုင်မှာ ဗုံးတွေ ဆက်တိုက်ပေါက်

သြဂုတ် ၊ ၂၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ဘုတလင်မြို့နယ် ဆိတ်သာကန်ကျေးရွာအနီး မုံရွာ ရေဦး ကားလမ်း မိုင်တိုင်အမှတ် ၁၀၉ ဝန်းကျင်နေရာမှာ ဒီကနေ့ နေ့ခင်းပိုင်းက ကားလမ်းဘေးထောင် မိုင်းများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဆိတ်သာကန်ရွာခံတွေရဲ့ ဆက်သွယ် ပြောပြချက်အရ သိရပါတယ်။   ” ပေါက်ကွဲအားက ပြင်းတယ် ၊ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ကြားရတယ် ၊ အခြေအနေက ဘာမှ မသိရသေးတဲ့အတွက် သွားမကြည့်ရဲဘူး ” လို့ ဆိတ်သာကန် ရွာခံ တစ်​ယောက်က ပြောပါတယ်။   ” အဲ့ဒီ ပေါက်ကွဲတဲ့နေရာမှာ မိုင်စထိမှန် ပျက်စီးနေတဲ့ ဆိုင်ကယ် ၁ စီးတွေ့ရတယ် ၊ အဲ့ဒီ ဆိုင်ကယ်ရဲ့ နောက်ဘီး တခုလုံး…

Read More

တာလီဘန်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အီးယူပြော

ဘရပ်ဆယ်၊ သြဂုတ်-၂၂-၂၀၂၁ မျိုးဆက် (VOM)   ဥရောပသမဂ္ဂအနေနဲ့ တာလီဘန်တို့ကို အသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေလည်း ပြုလုပ်မှာ မဟုတ်ဘူးလို့ ဥရောပကော်မရှင်ဥက္ကဌ အူဆာလာဗွန်ဒါလီယန်က သြဂုတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   အာဖဂန်ရှိအီးယူအဖွဲ့အစည်းတွေမှာ တာ၀န်ထမ်းဆောင်နေတဲ့ အာဖဂန်နိုင်ငံသားများကို မြို့တော်ကဘူးကနေ ကယ်ထုတ်ပြီး မဒရစ်မြို့ရှိ လက်ခံရေးစင်တာသို့သွားရောက်ကြိုဆိုရာမှာ သူကအခုလိုက် ပြောဆိုလိုက်တာပါ။   အာဖဂန်နစ္စတန်အတွက် ယခုနှစ်အတွင် ကော်မရှင်ကခွင့်ပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ဒေါ်လာ ၆၇ သန်းတိုးမြှင့်ပေးဖို့ အဆိုပြုသွားမယ်လို့ ဗွန်ဒါလီယန်ကဆိုပါတယ်။   အဲဒီအကူအညီတွေဟာ လူ့အခွင့်အရေးကို လေးစားခြင်း၊ လူနည်းစုအဖွဲ့များကို ကောင်းမွန်စွာဆက်ဆံခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းမငယ်တွေရဲ့ အခွင့်အရေးတွေကို လေးစားခြင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ သူကပြောပါတယ်။   တာလီဘန်တွေရဲ့ ပြောဆိုတာတွေကို မိမိတို့ကောင်းစွာသိရှိထားကြောင်း ၊ ဒါပေမယ့် အထက်ပါကိစ္စတွေအပေါ်သူတို့ရဲ့လုပ်ရပ်နဲ့ အပြုအမူတွေအပေါ် မိမိတို့တိုင်းတာသွားမှာဖြစ်တယ်လို့…

Read More

ရသေ့တောင်မှာ ကပ်ဘေးကာလ အခြေခံလူတန်းစားတွေအတွက် လူငယ်တွေက စားနပ်ရိက္ခာထောက်ပံ့

ရသေ့တောင်၊ ဩဂုတ် ၂၂- ၂၀၂၁ ထက်အောင်စိုင်း (VOM)   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီလောက် က လက်လုပ်လက်စား စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစားတွေကို လူငယ်တွေဦးဆောင်ပြီး စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။   ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကပ်ဘေးကြောင့် စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစား လက်လုပ်လက်စားတွေကို စားနပ်ရိက္ခာသုံးမျိုးဖြစ်တဲ့ ဆန်၊ ကြက်သွန်နဲ့ ကြက်ဥတွေကို ရသေ့တောင်လူငယ်အဖွဲ့က လူငယ်တွေ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။   ရသေ့တောင်လူငယ်အဖွဲ့ ဥက္ကဌ ကိုဝင်းကိုက “ ကျနော်တို့ ရသေ့တောင်လူငယ်အဖွဲ့က ရံပုံငွေနဲ့ ရသေ့တောင်ကလူတွေရဲ့ အလှူငွေတွေနဲ့ ထောက်ပံ့တာဖြစ်ပါတယ်။ အဓိကတော့ လက်လုပ်လက်စားတွေ၊ သ‌ေင်္ဘာဆိပ်မှာ ကူလီထမ်းတဲ့သူတွေ ပြီးတော့ သုံးဘီးဘေးတွဲဆိုင်ကယ်မောင်းတဲ့သူတွေကို ဦးစားပေးပြီးထောက်ပံ့ပေးတာပါ။ အခုက ရသေ့တောင်မှာ ကိုဗစ်ကန့်သတ်ချက်တွေကအများကြီးပဲ။ နေ့လည် ၁၂ နာရီဆိုတာနဲ့…

Read More

နစကခန့် သံတမန်နှစ်ဦးကို ဗီဇာပေးဖို့ ဂျပန်အစိုးရ ငြင်းဆို

တိုကျို၊ သြဂုတ်-၂၂-၂၀၂၁ မျိုးဆက် (VOM)   မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် CDM လုပ်ခဲ့တဲ့ဂျပန်နိုင်ငံရှိ မြန်မာသံရုံးက မြန်မာသံတမန်နှစ်ဦးနေရာမှာ အစားထိုးဖို့မယ့် နစကရဲ့ သံတမန်နှစ်ဦးကို ဂျပန်အစိုးရက ဗီဇာပေးဖို့ ငြင်းဆန်ထားတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကပြောပါတယ်။   ဒီလိုအစားထိုးခန့်အပ်လိုက်တာကို ဂျပန်အစိုးရအနေနဲ့ခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရေးအပြောင်းအလဲကို ဂျပန်အစိုးရက တရား၀င်အသိအမှတ်ပြုသလိုဖြစ်သွားမယ်လို့ဆိုပါတယ်။   မြန်မာစစ်ဘက်ကတော့ သူတို့အစာထိုးခန့်အပ်လိုက်တဲ့ သံတမန်နှစ်ဦးကို ဗီဇာပေးဖို့ ဂျပန်အစိုးရကို တောင်ဆိုထားပြီး ဂျပန်အစိုးရတော့ ဒီကိစ္စအပေါ်စဉ်းစားနေဆဲဖြစ်ကာ လက်ရှိအချိန်ထိတော့ ဗီဇာထုတ်ပေးဖို့ လုပ်ထုံးလုပ်နည်းတွေ မစတင်ရသေးဘူးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။   တစ်ချိန်တည်းမှာဘဲ နစကကထုတ်ပယ်လိုက်တယ်လို့ ကြေညာထားတဲ့ ဂျပန်ရှိမြန်မာသံရုံးက သံတမန်နှစ်ဦးကို မြန်မာသံတမန်တွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ပါတယ်။   မတ်လ ၁၅ ရက် ရက်စွဲတပ်ထားတဲ့ စာရွက်စာတမ်းတစ်ခုမှာတော့ CDM လုပ်ခဲ့တဲ့ မြန်မာသံတမန်နှစ်ဦးရဲ့ သံတမန်ရာထူးနဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်လိုက်ကြောင်း…

Read More

ကျောက်တန်းမြို့ သီလဝါစက်မှုဇုန်မှာ ဗုံးပေါက်

ရန်ကုန်၊ဩဂုတ်၂၂၊ ၂၀၂၁ KK (VOM)   ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်၊ ဖွံ့ဖြိုးရေးလမ်းနဲ့ခြောက်လမ်းသွားလမ်းဆုံ ရေမြောင်းဘေးမှာ ဒီကနေ့ မနက်၁၁နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။   “ပေါက်တဲ့နေရာမှာ PVC ပိုက်အစတွေ ကီးပက်ဖုန်းအပိုင်းအစတွေကို စစ်တပ်နဲ့ရဲက သိမ်းသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက် ညနေ ၄နာရီကလည်း ကျောက်တန်းမြို့ အ​နောက်ပိုင်းရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးဗိုက်ကြီးဆိုသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။   အလားတူ ဇွန်လ ၁၆ရက် မနက် ၈နာရီကလည်း ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးထွန်းကို သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

ပုလဲမြို့နယ်က သစ်တောဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ မြို့နယ်သစ်တောဦးစီးဌာန အိုင်းမသစ်တောဘိနယ်က ဝန်ထမ်း ၁ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို မနေ့ သြဂုတ် ၂၁ ညပိုင်းက တွေ့ရတယ်လို့ ပုလဲမြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းတွေက ပြောပါတယ်။   ” အိုင်းမ သစ်တောဘိနယ်ရုံးက လုံခြုံရေး အနေအထားအရ ယာယီ ခေတ္တပိတ်ထားတာကြောင့် အဲ့ဒီမှာ တာဝန်ကျနေတဲ့ ကိုမောင်လင်းက သူ့ယောက္ခမတွေနေထိုင်တဲ့ရွာကို အပြန်လမ်းမှာ လူတစ်စုရဲ့ သေနတ်နဲ့ပစ်ခံ ရတဲ့အတွက် သေဆုံးရတာ ” လို့ ပုလဲသစ်တောရုံး ဝန်ထမ်းတစ်ယောက်က ပြောပါတယ် ။   သေဆုံးသူ ကိုမောင်လင်းရဲ့ ဇနီးဖြစ်သူ မဌေးဌေးခိုင် က ” အိုင်မရွာမြောက်ဘက် ၂…

Read More

တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကို လွှဲပြောင်းနိုင်ခြင်း မရှိသေး

ဩဂုတ် ၂၂-၂၀၂၁ Shy V (VOM)   ရွှေလီမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ မြန်မာဘက်ထွက်ခွင့်မရဘဲ စောင့်ဆိုင်းနေကြရပြီး ဒီကနေ့ ဩဂုတ် ၂၂ ရက်နေ့အထိ လွဲပြောင်းနိုင်ခြင်း မရှိသေးဘူးလို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်က သိရပါတယ်။   နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် နန်းတော်ပေါက်ရဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အင်တာနက်လိုင်းပြုပြင်နေတာ မပြီးသေးတဲ့အတွက် ဒီကနေ့မှာ ပြည်တော်ပြန်တွေကို လွှဲပြောင်းနိုင်ခြင်းမရှိသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။   တရုတ်ပြည်ဘက်ကရဲစခန်းမှာ စောင့်ဆိုင်းနေသူတစ်ဦးက ” အခန်းပိုင်ရှင်ကကို အခန်းအပ်ပြီးသွားပြီဆိုတော့ ပြန်လက်မခံတော့ အိပ်စရာနေရာမရှိ ဒုက္ခတွေရောက်နေကြတယ်၊ တစ်ဖက်နဲ့ တစ်ဖက် ဘောလီဘောပုတ်နေတယ်ဗျာ။ မြန်မာနိုင်ငံသားတွေကို ကူညီပေးကြပါအုံး။ တစ်ချို့တွေဆို အခန်းအပ်ပြီး အထုပ်အပိုး လေးတွေနဲ့ နေပူပူ၊မိုးရွာရွာ တရုတ်ရဲစခန်းရှေ့မှာစောင့်နေကြတာ။” လို့ ပြောပါတယ်။   မနက်ဖန် ဩဂုတ်လ ၂၃ ရက်မှာမှ ပြည်တော်ပြန်တွေကို နန်းတော်ပေါက်ကနေ…

Read More

ဘုရင့်နောင်တံတား(၂)မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ(၂)ဦး ဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၂၂၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နဲ့လှိုင်သာယာကို ဆက်သွယ်ထားတဲ့ အမှတ်၂ဘုရင့်နောင်တံတားအဆင်းမှာ ဒီကနေ့မနက်ပိုင်းက လှိုင်သာယာဘက်ကနေ ကားတစ်စီးနဲ့အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ ရဲ(၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တံတားအနီးနေထိုင်သူတွေဆီက သိရပါတယ်။   တံတားအနီးတွင် နေထိုင်သူတစ်ဦးက “တံတားပေါ်က လုံခြုံရေးရဲကင်းကိုပစ်တာပါ၊ အမှတ်တမဲ့ဆိုတော့ သူတို့လည်းပြန်ပစ်ချိန်မရလိုက်ဘူးထင်တယ်၊ ဒဏ်ရာရတဲ့သူတွေရှိတယ်”လို့ ရှင်းပြပါတယ်။   စစ်တပ်နဲ့ရဲတွေဟာ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ လျူဂါပစ္စတိုကျည်ခွံ ၁၃ ခုကိုတွေ့ရှိခဲ့ပြီး ဒဏ်ရာရတဲ့ ရဲနှစ်ဦးကို စစ်ဆေးရုံ ပို့ထားတယ်လို့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။   လက်တလောမှာ စစ်တပ်၊ရဲ၊နယ်မြေခံတပ်ရင်းစုပြီး ရှာဖွေစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

ခင်ဦးမှာ လှည့်ကင်းရဲကပစ်လို့ လူ ၂ ယောက်သေဆုံး

သြဂုတ် ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ မြကန်သာရပ်ကွက်နဲ့ ကန်သာယာကျေးရွာအကြားက တံတားနေရာမှာ မနေ့ သြဂုတ် ၂၁ ည ၁၁ နာရီဝန်းကျင်အချိန်က လှည့်ကင်းရဲက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ခင်ဦးမြို့ခံတွေက ပြောပါတယ်။   ကျည်ဆံထိမှန် သေဆုံးခဲ့တဲ့ လူ ၂ ယောက်ကို သွားရောက်သယ်ဆောင် ကူညီပေးခဲ့တဲ့သူ တစ်ယောက်က “ခန့်မှန်းရတာကတော့ အသက် ၄၀ နှစ် အရွယ် အမျိုးသား ၁ ယောက်က ဦးခေါင်းဘယ်ဘက်အခြမ်း ကျည်ဆံ ဖောက်ဝင်ဒဏ်ရာနဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဝမ်းဗိုက် ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ” လို့ ပြောပါတယ် ။…

Read More
VOM News

FREE
VIEW