ကျောက်တန်းမြို့ သီလဝါစက်မှုဇုန်မှာ ဗုံးပေါက်

ရန်ကုန်၊ဩဂုတ်၂၂၊ ၂၀၂၁
KK (VOM)
 
ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်၊ ဖွံ့ဖြိုးရေးလမ်းနဲ့ခြောက်လမ်းသွားလမ်းဆုံ ရေမြောင်းဘေးမှာ ဒီကနေ့ မနက်၁၁နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ပေါက်တဲ့နေရာမှာ PVC ပိုက်အစတွေ ကီးပက်ဖုန်းအပိုင်းအစတွေကို စစ်တပ်နဲ့ရဲက သိမ်းသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဗုံးပေါက်ကွဲတဲ့နေရာနဲ့ အနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့
သိရပါတယ်။
 
ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက် ညနေ ၄နာရီကလည်း ကျောက်တန်းမြို့ အ​နောက်ပိုင်းရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးဗိုက်ကြီးဆိုသူ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
 
အလားတူ ဇွန်လ ၁၆ရက် မနက် ၈နာရီကလည်း ကျောက်တန်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးအေးထွန်းကို သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW