တာလီဘန်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အီးယူပြော

ဘရပ်ဆယ်၊ သြဂုတ်-၂၂-၂၀၂၁
မျိုးဆက် (VOM)
 
ဥရောပသမဂ္ဂအနေနဲ့ တာလီဘန်တို့ကို အသိအမှတ်ပြုမှာမဟုတ်ကြောင်းနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေလည်း ပြုလုပ်မှာ မဟုတ်ဘူးလို့ ဥရောပကော်မရှင်ဥက္ကဌ အူဆာလာဗွန်ဒါလီယန်က သြဂုတ် ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
အာဖဂန်ရှိအီးယူအဖွဲ့အစည်းတွေမှာ တာ၀န်ထမ်းဆောင်နေတဲ့ အာဖဂန်နိုင်ငံသားများကို မြို့တော်ကဘူးကနေ ကယ်ထုတ်ပြီး မဒရစ်မြို့ရှိ လက်ခံရေးစင်တာသို့သွားရောက်ကြိုဆိုရာမှာ သူကအခုလိုက် ပြောဆိုလိုက်တာပါ။
 
အာဖဂန်နစ္စတန်အတွက် ယခုနှစ်အတွင် ကော်မရှင်ကခွင့်ပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီကို ဒေါ်လာ ၆၇ သန်းတိုးမြှင့်ပေးဖို့ အဆိုပြုသွားမယ်လို့ ဗွန်ဒါလီယန်ကဆိုပါတယ်။
 
အဲဒီအကူအညီတွေဟာ လူ့အခွင့်အရေးကို လေးစားခြင်း၊ လူနည်းစုအဖွဲ့များကို ကောင်းမွန်စွာဆက်ဆံခြင်း၊ အမျိုးသမီးတွေနဲ့ မိန်းမငယ်တွေရဲ့ အခွင့်အရေးတွေကို လေးစားခြင်းတို့နဲ့ ဆက်နွယ်နေတယ်လို့ သူကပြောပါတယ်။
 
တာလီဘန်တွေရဲ့ ပြောဆိုတာတွေကို မိမိတို့ကောင်းစွာသိရှိထားကြောင်း ၊ ဒါပေမယ့် အထက်ပါကိစ္စတွေအပေါ်သူတို့ရဲ့လုပ်ရပ်နဲ့ အပြုအမူတွေအပေါ် မိမိတို့တိုင်းတာသွားမှာဖြစ်တယ်လို့ ဗွန်ဒါလီယန်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
 
Ref : Reuters
Photo: Reuters
 
#voiceofmyanmar #vom #အီးယူ #အာဖဂန

Related posts

Leave a Comment

VOM News

FREE
VIEW