တရုတ်ဘက်က မြန်မာပြည်တော်ပြန်တွေကို လွှဲပြောင်းနိုင်ခြင်း မရှိသေး

ဩဂုတ် ၂၂-၂၀၂၁
Shy V (VOM)
 
ရွှေလီမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ မြန်မာဘက်ထွက်ခွင့်မရဘဲ စောင့်ဆိုင်းနေကြရပြီး ဒီကနေ့ ဩဂုတ် ၂၂ ရက်နေ့အထိ လွဲပြောင်းနိုင်ခြင်း မရှိသေးဘူးလို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ယက်က သိရပါတယ်။
 
နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် နန်းတော်ပေါက်ရဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ အင်တာနက်လိုင်းပြုပြင်နေတာ မပြီးသေးတဲ့အတွက် ဒီကနေ့မှာ ပြည်တော်ပြန်တွေကို လွှဲပြောင်းနိုင်ခြင်းမရှိသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။
 
တရုတ်ပြည်ဘက်ကရဲစခန်းမှာ စောင့်ဆိုင်းနေသူတစ်ဦးက ” အခန်းပိုင်ရှင်ကကို အခန်းအပ်ပြီးသွားပြီဆိုတော့ ပြန်လက်မခံတော့ အိပ်စရာနေရာမရှိ ဒုက္ခတွေရောက်နေကြတယ်၊ တစ်ဖက်နဲ့ တစ်ဖက် ဘောလီဘောပုတ်နေတယ်ဗျာ။ မြန်မာနိုင်ငံသားတွေကို ကူညီပေးကြပါအုံး။ တစ်ချို့တွေဆို အခန်းအပ်ပြီး အထုပ်အပိုး လေးတွေနဲ့ နေပူပူ၊မိုးရွာရွာ တရုတ်ရဲစခန်းရှေ့မှာစောင့်နေကြတာ။” လို့ ပြောပါတယ်။
 
မနက်ဖန် ဩဂုတ်လ ၂၃ ရက်မှာမှ ပြည်တော်ပြန်တွေကို နန်းတော်ပေါက်ကနေ ဆက်လက်လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ မြန်မာဘက်ကို ပြန်ထွက်ခွင့်မရ‌ သေးဘဲ ပန်းခြံမှာ ညအိပ်စောင့်ဆိုင်းနေကြရပြီး တချို့က ၃ ည နဲ့ ၄ ရက်ရှိပြီဖြစ်ကြောင်း ရွှေလီရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။
 
တရုတ်ဘက် နန်းတော်တရားဝင်ဂိတ်ပေါက်ကတဆင့် ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ်လ ၂၁ ရက်နေ့အထိ မြန်မာပြည်တော်ပြန် ၅၃၃၅ ဦးကို တရားဝင်လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး တရုတ်ဘက်က နှစ်နိုင်ငံနယ်စပ် ခိုးဝင် ပေါက်ကနေ ပြန်လာရသူ မြန်မာပြည်တော်ပြန် ရာနဲ့ချီရှိတယ်လို့လည်း သိရပါတယ်။
 
Photo – ပြည်တော်ပြန်ဖို့ စောင့်ဆိုင်းနေသူတစ်ဦး
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW