မူဆယ်မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဓားခုတ်၊ ငွေလု ခံရ

ဩဂုတ် ၂၅-၂၀၂၁
Shy V(VOM)
 
မူဆယ်မြို့မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ဓားခုတ်ခံရတဲ့အပြင် ငွေပါ လုယက်ခံလိုက်ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
 
“ငွေလဲအန်တီကြီး ပိုက်ဆံလုခံရတယ်။ အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်ပြီး ငွေထုပ်ကိုလုပြေးသွားတာ၊ ငွေအလဲအလှယ် လုပ်နေတဲ့ အန်တီကြီးရဲ့ ညာဘက်လက် ဓားခုတ်ဒဏ်ရာရခဲ့ပြီး ငွေသား သိန်း ၄၀ ဝန်းကျင် ပါသွားတယ်၊ မူဆယ်မြို့မှာ သူခိုး၊ ဓားမြ အရမ်းပေါနေပြီ။” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။
 
ဒဏ်ရာရသူ အမျိုးသမီးကိုတော့ မူဆယ် ပြည်သူ့ဆေးရုံကို ပို့‌ပေးခဲ့ပြီး ဒဏ်ရာရတဲ့ လက်ဖျံကို (၅)ချက် ချုပ်လိုက်ရတယ်လို့ ကူညီပေးခဲ့သူကပြောပါတယ်။
 
ဓားခုတ်၊ လုယက်မှု ဖြစ်ပွားတဲ့နေရာဟာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်က စည်ပင်လမ်းထောင့်မှာဖြစ်ပြီး ပြည်တော်ပြန်‌တွေကို လက်ခံနေတဲ့ဂိတ်နဲ့ မနီးမဝေးနေရာမှာ တရုတ်ဘက်ကပြန်လာတဲ့ မြန်မာပြည်တော် ပြန်တွေကို ငွေလဲ‌ပေးတဲ့ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးဖြစ်တယ် သိရပါတယ်။
 
လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါ နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ခက်ခဲကြပ်တည်းနေတဲ့ကာလမှာ မူဆယ်မြို့မှာတော့ ခိုးဆိုး၊ လုယက်မှုတွေ ပိုမိုများပြားလာတာကို တွေ့နေရပါတယ်။
 
Photo – MJ
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW