ကင်းလှည့်တဲ့ စစ်သား ၁ ဦး စနိုက်ပါကျည် ထိမှန်ပြီး သေဆုံး

သြဂုတ် ၊ ၂၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် ၊ တုံကျေးရွာ အနီးဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး ကင်းလှည့်နေတဲ့ စစ်သား ၁ ဦးဟာ စနိုက်ပါကျည်ဆံထိမှန်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပန်းဆက်ရွာဒေသခံ တစ်ယောက်ပြောတာက
 
” ပန်းဆက် ၊ အိုးဖို ၊ ဘိုင် ၊ တုံ ဆိုပြီး ချင်းတွင်းမြစ်ဘေးမှာ ရွာစဥ်တွေရှိတယ် အဲ့ဒီ ရွာတွေကို နယ်မြေရှင်းလင်းရေး ကင်းလှည့်လာတဲ့ စစ်သားတွေနဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့တွေ တုံရွာနားမှာ ပစ်ကြတာ ၊ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ရွာကနေ ကြားရတယ် ၊ အဲ့ဒီည ၈ နာရီထိုးပြီးတော့ ရွာထဲကို စစ်သားတွေရောက်လာတယ် ၊ သူတို့အဖွဲ့ထဲက ၁ ယောက် စနိုက်ပါ ကျည်ထိမှန်လို့ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ သူတို့ပြောပြလို့ သိရတာ. ” လို့ဖြစ်ပါတယ် ။
 
ဒါ့အပြင် မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေး
ကောင်စီအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က
” မောက္ကတော် ဂွင်ဘက်မှာ ရွာသားတချို့ အုပ်စုဖွဲ့ သတ်ခံရတာတွေရှိပြီး ရွာမီးရှို့မယ်လို့ မီးသတင်းလန့်တာတွေ ကြားရတဲ့အတွက် နယ်မြေရှင်းလင်းရေး လှည့်ကင်းဆောင်ရွက်​နေတာတွေရှိတယ် ၊ ညနေပိုင်းက တုံရွာနားမှာ ပစ်ခတ်မှုဖြစ်တယ် ၊ ထိခိုက်ကျဆုံးမှု အခြေအနေက မိမိတို့ဘက်က တပ်သားအဆင့်ရှိတဲ့ တပ်ဖွဲ့ဝင် တစ်ယောက် စနိုက်ပါ ထိလို့ ကျဆုံးတာ ရှိတယ် ၊ အစီရင်ခံစာတော့ တက်မလာသေးဘူး ” လို့ ပြောပါတယ်။
 
ဩဂုတ်လ၂၆ မနက်အစောပိုင်းက သင်တောကျေးရွာအုပ်စု ညောင်ပင်သာရွာက ကွာရန်တင်းစင်တာမှာ ကျူဝင်နေတဲ့ ရွာသား ၂ ယောက် ဖမ်းဆီး သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်သားတွေက နယ်မြေရှင်းလင်းရေး ကင်းလှည့်နေချိန် အဲ့ဒီ ၂၆ ရက် ညနေပိုင်းမှာ
အခုလို စနိုက်ပါနဲ့ ချောင်းမြှောင်း ပစ်ခံရတာဖြစ်တယ်လို့ ဒေသခံရွာသားတွေက မှတ်ချက်ပြု ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဟာ မိနစ်ပိုင်းခန့်သာ အချိန်ကြာမြင့်ခဲ့ပေမယ့် ၂ ဖက်ထိခိုက်ဒဏ်ရာရ သေဆုံးစာရင်းကိုတော့ VOM က သီးခြား သတင်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး ။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက PDF အဖွဲ့ဝင် အတော်များများ အဖမ်းခံရတဲ့ တောင်ဖြူ ၊ ပန်းဆက် ရွာနီးဝန်းကျင်မှာဖြစ်ပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြေပြင်ဖြစ်စဥ်အမှန် နဲ့ သဘောထားမှတ်ချက်
သိလိုတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #vom #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW