လောင်းလုံမှာ နာရေးကပြန်လာတဲ့ အမျိုးသမီး(၄)ဦး ဖမ်းဆီးခံရ

သြဂုတ် ၂၉-၂၀၂၁
KK(VOM)
 
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက နာရေးကနေပြန်လာတဲ့ အမျိုးသမီး(၄)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ဒီကနေ့မနက်ပိုင်း စပ်ပြဲကျေးရွာက သပိတ်စစ်ကြောင်းကို ဆိုင်ကယ်တွေနဲ့ထွက်ခဲ့ပြီး လူစုခွဲပြီးနောက် အရပ်ဝတ်နဲ့စစ်သားတွေက သပိတ်မှာမပါတဲ့ နာရေးကပြန်လာတဲ့အမျိုးသမီးလေးဦးကို ဖမ်းဆီးခဲ့တာဖြစ််တယ်၊ ကလေးမလေးတွေက နာရေးကူညီမှုအသင်းမှာသွားကူပြီးပြန်လာတာကို ဖမ်းတာ”လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ စစ်ပြဲကျေးရွာက ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ဖြစ်ပြီး ဘယ်လိုကိစွနဲ့ပတ်သတ်လို့ ဖမ်းဆီးတာကို မသိရတဲ့အတွက် မိသားစုဝင်တွေကစိတ်ပူနေတယ်လို့ ကျေးရွာနေသူတွေဆီကသိရပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လောင်းလုံမြို့
နယ်ရှိ ရပ်ကွက်အချို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #လောင်းလုံ
ပုံစာ- ယခင်က လောင်းလုံမြို့နယ်က ရပ်ကွက်တစ်ခုမှာ အရပ်ဝတ်နဲ့ဝင်ရောက်ဖမ်းဆီးပုံ

Related posts

Leave a Comment

VOM News

FREE
VIEW