လှည်းကူးမှာ ရပ်ထားတဲ့စစ်ကား ဗုံးခွဲခံရ

သြဂုတ် ၃၁-၂၀၂၁
CKC(VOM)
 
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်မှာ စစ်ကားတစ်စီးရပ်ထားချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စစ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” စစ်ကားက ရပ်ထားတာ.။ အဲ့ဒီနေရာမှာထပေါက်တာ ။ ကားထဲပစ်ခဲ့တာလား ၊ကားအနီးပေါက်သလားတော့ သေချာမသိဘူး။ တစ်ယောက်ဒဏ်ရာရတယ်တော့ကြားတယ်။ ပေါက်ကွဲမှုအနားလည်း ဘယ်သူမှမသွားရဲဘူးလေ ။ ပေါက်ကွဲမှူပြီးထဲက အဲ့ဒီနားအကုန်စစ်ဆေးနေတယ် ။ကားကတော့ ဟိုက်လတ်ကားပဲ ။စစ်သားကတော့ ၅ ယောက်လောက်ပါတယ် သိရတယ်။ ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်မှာတော့ အဲ့ဒီပြည်တော်သာရပ်ကွက် လမ်းမတလျှောက်မှာ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။
 
ဒီကနေ့ မနက်ပိုင်းကကမာရွတ်မြို့နယ်၊ လှည်းတန်း ကမ္ဘောဇဘဏ်အနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
Photo-CJ
#voiceofmyanmar #VOM #လှည်းကူး

Related posts

Leave a Comment

VOM News

FREE
VIEW