ဝန်ခြုံးရွာကို လက်နက်ကြီးကျရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

သြဂုတ် ၃၁-၂၀၂၁
CKC(VOM)
 
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ခြုံးရွာထဲကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် ကျေးရွာတွင်းနေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီကျေးရွာအနီးရှိ ဒေသခံတွေဆီက သိရပါတယ် ။
 
” လက်နက်ကြီးနဲ့ပစ်နေတာတွေကြားနေရတယ်။ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်။ ဘာကြောင့်ပစ်နေလဲဆိုတာတော့ သေချာမသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဒိနေ့ သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၉ နာရီခန်ကတည်းက လက်နက်ကြီးပစ်ခတ်သံတွေကြားနေရကြောင်း နဲ့ နေ့လယ် ၁၂ နာရီကျော်တဲ့အထိလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ ပြောပါတယ်။
 
လက်နက်ကြီးကျရောက်ပြီး ပစ်ခတ်သံတွေကြားနေရတာဟာ ဘယ်အဖွဲ့က ပစ်နေလဲဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုဖို့ စုံစမ်းနေစဲဖြစ်ပ်တယ်။
 
ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံးကျေးရွာပတ်ဝန်းကျင်မှာ အရင်ကလည်း တိုက်ပွဲဖြစ်ပွားတာမျိုး ရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW