ပြင်ဦးလွင် ၊ဩဂုတ် ၂၀၊၂၀၂၁ နေလင်း(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားကြီးအနီးက ပရဟိတမျက်မမြင်ပညာသင်ကျောင်းက ကျောင်းတွင်းနေထိုင်သူတွေကို ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးရှိကြောင်း စစ်ဆေးတဲ့အဖွဲ့ဆီက သိရပါတယ်။ “ပထမဦးဆုံးသံသယလူနာတစ်ဦးကို စစ်ဆေးတော့ ရောဂါပိုးတွေ့ရှိပါတယ်၊ဘသူ့ကိုတော့မန္တလေးကိုလွဲပြောင်းကုသစေခဲ့တာပါ ။ ကျောင်းအတွင်းနေထိုင်တဲ့ တာဝန်ရှိသူတွေ၊ ကျောင်းသား/သူ စုစုပေါင်း(၁၁၈)ဦးကို စစ်ဆေးတော့ (၆၂)ဦးမှာ ရောဂါပိုးတွေရှိခဲ့တာပါ” လို့ Quarantine Center”တာဝန်ခံ ကိုကျော်ကျော်လင်းကပြောပြပါတယ်။ ရောဂါပိုးတွေရှိသူတွေကို ကျောင်းအတွင်းက ဓမ္မာရုံမှာ (ကျား/မ) သီခြားခွဲထားပြီး ပိုးမရှိသူတွေကို သီးခြားကန့်သတ် နေထိုင်နိုင်ဖို့ စီစဉ်ပေးထားကြောင်း သိရပါတယ်။ ရောဂါပိုးတွေ့ရှိသူတွေက မျက်မမြင်တွေဖြစ်နေတော့ သက်ဆိုင်ရာ”Quarantine Center”ကိုခေါ်မယ်ဆိုရင် သူတို့အတွက်အဆင်မပြေမှုတွေဖြစ်စေနိုင်တာကြောင့် ခုလိုကျောင်းတွင်းမှာပဲ စီစဉ်ထားရှိတာဖြစ်ကြောင်း” စင်တာတာဝန်ခံက ပြောပါတယ်။ လက်ရှိအချိန်မှာ လိုအပ်တဲ့ ဆေးဝါး၊ကျမ်းမာရေးသုံးပစ္စည်းတွေကို ပို့ဆောင်လှုဒါန်းလျှက်ရှိပြီး” isolation ward (5 )”က…
Read MoreMonth: August 2021
မြန်မာ့အရေး အာဆီယံရဲ့လုပ်ဆောင်ချက် မျှော်လင့်သလောက်မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဝေဖန်
စင်ကာပူ၊ သြဂုတ်-၂၀-၂၀၂၁ မျိုးဆက် (VOM) မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့လုပ်ဆောင်မှုတွေဟာ မျှော်လင့်ထားသလောက် မတိုးတက်ဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး အင်တာဗျူးတစ်ခုမှာ ဝေဖန်ပြောဆိုလိုက်ပါတယ်။ အဖွဲ့၀င် ဆယ်နိုင်ငံပါ၀င်တဲ့ အာဆီယံအဖွဲ့အနေနဲ့ သံတမန်ရေးရာကတစ်ဆင့် မြန်မာနိုင်ငံတည်ငြိမ်မှုရရှိဖို့အတွက် အားထုတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများအပြားက တိုက်တွန်းထားပါတယ်။ အာဆီယံရဲ့ဆောင်ရွက်ချက်တွေဟာ မိမိတို့မျှော်လင့်ထားသလောက်မထိရောက် သို့မဟုတ် မြန်ဆန်မှုမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလအတွင်းက ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ဘုံသဘောတူညီချက် (၅)ချက်ရရှိခဲ့ပြီး ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှုတစိတ်တပိုင်းအဖြစ် ဘရူနိုင်းဒုတိယနိုင်ငံခြားရေး၀န်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် သြဂုတ်လ အစောကပိုင်းမှာ ခန့်အပ်နိုင်ခဲ့ပါတယ်။ နို၀င်ဘာလမှာကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ ဒါပေမယ့်လည်း အဓိပ္ပါယ်ပြည့်၀တဲ့ခရီးစဉ်ဖြစ်ဖို့အတွက်ကတော့ သံတမန်အနေနဲ့ မြန်မာနိုင်ငံရေးမှာ…
Read Moreမြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအဖြစ် ဒေါ်လာရှစ်သန်းလှူဒါန်းမယ်လို့ အာဆီယံထုတ်ပြန်
ဘန်ကောက်၊ သြဂုတ်-၂၀-၂၀၂၁ မျိုးဆက်(VOM) မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်လာ ရှစ်သန်းလှူဒါန်းသွားမယ်လို့ အာဆီယံအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျပန်၊ တရုတ်၊ အီးယူနဲ့ အာဆီယံအဖွဲ့၀င်နိုင်ငံများအပါအ၀င် နိုင်ငံနှင့်အဖွဲ့အစည်း ၁၉ ခုတို့မှ မြန်မာနိုင်ငံသို့ လှူဒန်းသွားမယ်လို့ အွန်လိုင်းကပြုလုပ်တဲ့ လှူဒန်းမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ရေးမှာ မြန်မာနိုင်ငံကို ဒေါ်လာရှစ်သန်းအပြင် ဆေးဝါးများ ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို လှူဒါန်းမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေက မြန်မာအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပြီး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးအတွက် အထောက်အကူပြုလိမ့်မယ်လို့ အာဆီယံကမျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ဧပြီလအတွင်းကပြုလုပ်တဲ့ အာဆီယံ အစည်းအဝေးမှာ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေးနှင့် တွေ့ဆုံဆွေးနွေးရေးအပါအ၀င် ဘုံသဘောတူညီချက်(၅)ချက်ရရှိခဲ့ပါတယ်။ …
Read Moreရွှေလီနဲ့ ဝမ်တိန်တံတားကို ပြန်ပိတ်
ဩဂုတ် ၂၀၊ ၂၀၂၁ Shy V (VOM) မြန်မာနဲ့ တရုတ် ကုန်သွယ်ရာမှာ အရေးပါတဲ့ တံတားဖြစ်တဲ့ တရုတ်ဘက်က ရွှေလီ-ဝမ်တိန်တံတားကို ဩဂုတ်လ ၁၈ ရက်နေ့က ဖွင့်လိုက်တာဖြစ်ပေမယ့် ဒီကနေ့ မနက်ပိုင်းကစပြီး ပြန်ပိတ်လိုက်တယ်လို့ ဝမ်တိန်ဘက်ရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဝမ်တိန်ကနေ ရွှေလီဘက် ပေးမသွားသေးသလို ရွှေလီဘက်ကနေ ဝမ်တိန်ဘက်ကို မဝင်ခိုင်းဘဲ ပြန်လှည့်ခိုင်းတဲ့ကားတွေနဲ့ တန်းစီပိတ်နေတဲ့ ကားတွေရော ရှိနေတယ်လို့ သိရပါတယ်။ ” တံတားနားမှာ လာရောက် စောင့်ကြည့်နေဆဲ၊ ဘာမှ ထူးထူးခြားခြား မသိရသေးဘူး၊ ကျွန်တော်တို့လည်း အတိအကျ မေးလို့ မရဘူး။ ဘာမှ မသိရဘူး။ လောလောဆယ် ကျန်းမာရေးကဒ် စစ်တယ်။ တချို့တွေက ပေးသွားတယ်။ တချို့က ပြန်လှည့်ခိုင်းတယ်။ ဒီလောက်ပဲ မြင်ရသေးတာလေ။…
Read Moreတရုတ်နိုင်ငံ ရွှေလီရောက် မြန်မာနိုင်ငံသားတွေ မြန်မာဘက်ပြန်ဖို့ အခက်ကြုံနေ
ဩဂုတ် ၂၀၊ ၂၀၂၁ Shy V (VOM) တရုတ်နိုင်ငံ ရွှေလီမြို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာဘက်ကိုပြန်လာဖို့ အခက်ကြုံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ” ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက စာရင်းသွင်းထားပြီး ဩဂုတ်လ ၁၉ ရက်နေ့အထိတောင် မပြန်ရသေးဘူး။ လာလည်းမခေါ်ဘူး။ အိမ်ရှင်လည်း ဘာမှမပြောဘူး ဒုက္ခပဲ။ ရဲစခန်းကိုသွားပြောပြန်တော့ နေပါဦးတဲ့။ မတတ်နိုင်တော့ဘူးတဲ့။ ဘယ်မှာနေပြီး ဘာကိုစားရမှာလဲ။အလုပ်လည်းမဖြစ်ဘူး”လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။ မြန်မာဘက်ကိုပြန်လာဖို့ ရဲစခန်းမှာ သွားရောက်စာရင်းသွင်းဖို့ တရုတ်ဘက်က အသိပေးကြေညာထားပေမယ့် အကူအညီတောင်းတဲ့အခါ ရဲစခန်းဘက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း၊ လာရောက်တန်းစီနေတဲ့ လုပ်သားတွေကို တရုတ်ရဲတွေအနေနဲ့ လူစုခွဲ မောင်းထုတ်၊ အထုပ်အပိုးတွေ လွှင့်ပစ်၊ ဗီဒီယိုရိုက်ယူနေတဲ့သူကို ရိုက်နှက်ကာ ဖုန်းတွေကိုလည်း ရိုက်ခွဲပစ်တာတွေရှိနေတာပါတယ်။…
Read Moreမြောင်မြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူး အများစုဟာ မိသားစု အသက်ဘေးအန္တရာယ် စိုးရိမ်ရတဲ့အတွက် ထွက်စာတင်ပြီး နေရပ်စွန့်ခွာ
သြဂုတ် ၊ ၂၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးမိသားစုတွေဟာ အသက်ဘေး အန္တရာယ် စိုးရိမ်ရတဲ့အတွက် လက်ငုတ် လက်ရင်း လုပ်ငန်းတွေကို ပစ်ထားခဲ့ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ကာယကံရှင်တွေ ကိုယ်တိုင်ပြောပြချက်အရ သိရပါတယ်။ ” ဧပြီလကုန် မေလဆန်းက စလို့ မိသားစု အသက်အန္တရာယ်နဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ခံလာရတယ် ၊ အိမ်ရှေ့မှာ စာလာကပ်တာ ၊ ခဲပေါက်တာ ၊ ဆိုင်ကယ်ဘီးပေါက်အောင် အိမ်ရှေ့ခြံပေါက်မှာ ဆူးသံတွေ ထောင်တာ ၊ မစင်ထုပ်ကို အိမ်ဝန်းထဲ လာပစ်တာနဲ့ ယာခင်းတောက စိုက်ပျိုးသီးနှံနဲ့ လယ်ယာသုံး ပစ္စည်းတွေ ဖျက်စီးတာ ၊ ဒုက္ခအမျိုးမျိုးခံရတယ် ၊…
Read Moreဘင်္ဂလားဒေရှ် နယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ရက်ရှည်လို့ အလုပ်သမားတွေ အဆင်မပြေဖြစ်နေ
သြဂုတ် ၊ ၂၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) မြန်မာ – ဘင်္ဂလားဒေရှ့် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်းတောနယ်စပ်ကုန်သွယ်ရေးဂိတ်ကို တကျော့ပြန် ပိတ်ခဲ့တာဟာ ဒီလ သြဂုတ် ၁၅ ရက်က တလပြည့်တာမို့ ပိတ်ရက် ကြာရှည်လာတာနဲ့အမျှ အဲ့ဒီ ဂိတ်ကိုအမှီပြု စားသောက်နေရတဲ့ အလုပ်သမား မိသားစုတွေ စားဝတ်နေရေး အဆင်မပြေဖြစ်ကာ ကြပ်တည်းမှု အမျိုးမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ နယ်စပ်ကုန်သွယ်ရေး အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။ ” ကိုဗစ် ပထမနဲ့ ဒုတိယလှိုင်းတုန်းက ယာယီ ပိတ်ထားခဲ့တာ ဒီနှစ် ဧပြီ ၁၂ ကြမှ ကုန်သွယ်မှု အစပြန်ပြုတယ် ၊ တခါ အခု တတိယလှိုင်း ဖြစ်ပေါ်လာတဲ့အတွက် ဇူလိုင်…
Read Moreဖားကန့်မြို့မရဲစခန်းက အပိုင်နယ်ထိန်းတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး
သြဂုတ် ၂၀-၂၀၂၁ KK(VOM) ဖားကန့်မြို့မရဲစခန်းက အပိုင်နယ်ထိန်းတစ်ဦး မနေ့ ဩဂုတ် ၁၉ရက် ညနေ ၅နာရီခန့်က အမည်မသိအ ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ လုံးခင်းကျေးရွာကပြည်သူတွေဆီက သိရပါတယ်။ လုံးခင်းကျေးရွာ စျေးကုန်းနားက ဘောလုံးကွင်းမှာ အပိုင်နယ်ထိန်းဆိုသူရှိနေချိန် အမည်မသိအဖွဲ့က သေနတ်နဲ့လာပစ်သွားတာလို့ စျေးကုန်းရပ်ကွက်က ပြည်သူတစ်ဦးက ပြောပါတယ်။ “သေနတ်နဲ့ ၅ ချက်လောက်ပစ်ခံရတယ်ပြောတယ်၊ ဆေးရုံတောင်မရောက်ဘူး လမ်းမှာတင်သေတာ၊ စျေးကုန်းက အပိုင်နယ်ထိန်းလို့ပြောတယ်”လို့ ရှင်းပြပါတယ်။ သေနတ်ပစ်ခတ်ခံရသူဟာ ဖားကန့်မြို့မရဲစခန်းမှ ဒုတပ်ကြပ်ဝင်းမြင့်ဆိုသူဖြစ်ပြီး စျေးကုန်းရပ်ကွက်အပိုင်နယ်ထိန်းတစ်ဦးလည်းဖြစ်တယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာအတွင်း စစ်သားတွေနဲ့ ရဲတွေက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက် ညနေပိုင်းကလည်း ဖားကန့်သွားတဲ့တံတားနားမှာ လုံးခင်းကျေးရွာအုပ်စုရဲစခန်းက ရဲအရာရှိ…
Read Moreမူဆယ်ခရိုင်အတွက် တရုတ်ပြည်ပရေးရာဌာနက Covid-19ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ပေးပို့
ဩဂုတ် ၁၉၊ ၂၀၂၁ Shy V (VOM) မူဆယ်ခရိုင် ဆေးရုံအတွက် တရုတ်ပြည်ပရေးရာဌာနမှ Covid-19 ဓာတ်ခွဲခန်းသုံးပစ္စည်း လူအယောက် ၅၀၀၀ စာကို မနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မူဆယ်မြို့ရှိ နှစ်နိုင်ငံ အဝင်/အထွက်နန်းတော်ဂိတ်ကနေ လှူဒါန်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ခရိုင်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက “ဓါတ်ခွဲခန်းမှာသုံးမယ့်ပစ္စည်းတွေ အဲ့ဒီမှာ Swab ယူပြီးလို့ရှိရင် ဓါတ်ခွဲခန်းထဲမှာ သုံးရမယ့် ဆေးရည်တွေ ဒီ tube တွေပေါ့နော် အဲ့ဒါတွေလှူတာ။ လူ ၅ ထောင်စာ လှူပေးတာ။ PCR စက်ကြီးနဲ့ သုံးဖို့အတွက်။ တန်ဖိုးတော့ ဘယ်လောက်လဲတော့ မသိဘူး။ လူ ၅ ထောင်စာ။ ၁ စုံကို သိသလောက်ကတော့ တရုတ်ငွေ ၁၀၀ ကျော်တယ်။” လို့ ပြောပါတယ်။…
Read Moreဖျာပုံက သတင်းပေးလို့နာမည်ထွက်တဲ့ မင်းသားကြီးဆိုသူ သေနတ်ပစ်ခံရပြီး သေဆုံး
သြဂုတ် ၁၉ -၂၀၂၁ KK(VOM) ဖျာပုံမြို့နယ်၊ အမှတ် ၈ရပ်ကွက်၊ ၉လမ်းထောင့်မှာ ဒီကနေ့နေ့လယ် ၁၁နာရီက သတင်းပေးဒလန်လို့နာမည်ထွက်သူတစ်ဦး သေနတ်နဲ့ပစ်ခတ်ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းက ဖျာပုံမြို့နယ်မှာ သတင်းပေးလို့နာမည်ထွက်တဲ့ အောင်ကြီးဆိုသူဟာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် အမည်မသိအဖွဲ့ကပစ်ခတ်သွားတယ်လို့ ၈ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “၈ရပ်ကွက်နဲ့၉ရပ်ကွက်ကြား လမ်းမှာပစ်သွားတာ ကျွန်းတောလမ်းနဲ့၉လမ်းထောင့်မှာပါ၊ ဆိုင်ကယ်စီးနေတုန်းပစ်ခံရတာပါ၊ စစ်တပ်ရော ရဲရောမလာလို့ သေနေတာအကြာကြီး၊ ဘယ်သူဖုန်းဆက်လိုက်လဲမသိဘူး လူနာတင်ယာဥ်ပဲလာတယ်”လို့ သူက ပြောပါတယ်။ သေဆုံးသူဟာ အောင်ကြီး(ခ)မင်းသားကြီးဆိုသူဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်မှာ သတင်းပေးသူတွေကြောင့် လူငယ်များစွာဖမ်းဆီးရတဲ့ ဖြစ်စဥ်တွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဖျာပုံမြို့နယ်မှာ မတ်လကစပြီး ဌာနဆိုင်ရာရုံးတွေနဲ့အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာ ၇ကြိမ်တိုင်ရှိနေပြီး ဗုံးပေါက်ကွဲခဲ့တဲ့ ရုံးတွေကတော့…
Read More