ထိုင်ဝမ် ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့် ၊ တိုက်လေယာဉ်တွေဝယ်ဖို့ ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲမယ်

တိုင်ပေ၊ သြဂုတ်-၂၆-၂၀၂၁ မျိုးဆက် (VOM) လာမယ့်နှစ်အတွက် အနည်းငယ်သာတိုးမြှင့်ထားတဲ့ ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ်ကို သြဂုတ် ၂၆ ရက်မှာ ထိုင်ဝမ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံထံမှ ဖိအားတွေနဲ့တိုးမြှင့်ရင်ဆိုင်နေရတဲ့ ထိုင်ဝမ် အနေနဲ့ တိုက်လေယာဉ်သစ်များဝယ်ယူဖို့အတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ သုံးစွဲသွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေတိုးမြှင့်ပေးနေပြီး လွန်ခဲ့တဲ့ သီတင်းပတ်ကလည်း ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ ထိုင်ဝမ်ကိုပိုင်နက်အဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံဟာ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက စစ်အင်အားအသုံးပြုမယ်လို့ပြောဆိုထားပါတယ်။ သမ္မတဆိုင်အင်းဝမ်ရဲ့ အစိုးရအဖွဲ့ဟာ ဇန်နဝါရီလမှာစတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် စစ်အသုံးစရိတ် ဒေါ်လာ ၁၆ ဒသမ ၈၉ ဘီလီယံအသုံးပြုဖို့ အဆိုပြုခဲ့တယ်လို့ ထိုင်ဝမ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အစိုးရက အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့်လည်း ကာကွယ်ရေးအသုံးစရိတ်ထဲမှာ တိုက်လေယာဉ်သစ်တွေဝယ်ယူရေးအတွက် ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ…

Read More

ရခိုင်က စစ်ဘေးရှောင်တွေအတွက် တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ရှိနေ

စစ်တွေ၊ ဩဂုတ် ၂၆- ၂၀၂၁ ထက်အောင်စိုင်း(VOM)   ရခိုင်ပြည်နယ်ကို မနေ့ ဩဂုတ်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးအလုံးရေ (၂) သောင်းခွဲရောက်ရှိကြောင်း နဲ့ အဲဒီကာကွယ်ဆေးတွေကို ပြည်နယ်တွင်းက စစ်ဘေးရှောင်တွေနဲ့ မူဆလင်ဒုက္ခသည်တွေကို ထိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။   လက်ရှိ ပြည်နယ်ကျန်းမာရေးမှာ ကာကွယ်ဆေး အလုံးရေ (၂) သောင်းခွဲရောက်ရှိနေတာဖြစ်တဲ့အတွက် ဆေးတစ်လုံးကို လူ(၂)ယောက်ထိုးပေးနိုင်မှာဖြစ်တာကြောင့် ဒုက္ခသည်ပေါင်း (၅) သောင်းဟာ ကာကွယ်ဆေးထိုးနှံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။   ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ စစ်ဘေးရှောင်စခန်းတွေ၊ ကယ်ဆယ်ရေးစခန်းတွေ အဲ့ဒီမှာထိုးဖို့အတွက် လူ(၅သောင်း)စာအတွက် ကာကွယ်ဆေး ပုလင်းရေ နှစ်သောင်းခွဲ ရောက်တယ်။ နောက်ထပ်လည်း ကိုဗစ်ကာကွယ်ဆေးတွေရောက်ဖို့ ရှိပါသေးတယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ရခိုင်ပြည်နယ်မှာ လူတိုင်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးမှာ အခက်အခဲတွေရှိတယ်၊ မိမိတို့နိုင်ငံဟာ…

Read More

ကဘူးလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ရှိနေတယ်လို့ သတိပေးချက်ထုတ်ပြန်

ကဘူး၊ သြဂုတ်-၂၆-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလေဆိပ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်မြင့်မားနေတယ်လို့ နိုင်ငံအများအပြားက ထုတ်ပြန်ထားပြီး သူတို့ရဲ့နိုင်ငံသားတွေကို လေဆိပ်ကိုမသွားကြဖို့ သြဂုတ် ၂၅ မှာ သတိပေးလိုက်ပါတယ်။   သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့က သူတို့ရဲ့နိုင်ငံသားတွေကို အခုလိုက် သတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး လေဆိပ်ပြင်ပမှာ ရောက်ရှိနေသူတွေအနေနဲ့ အဲဒီနေရာကနေ ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။   လွန်ခဲ့တဲ့ ၁၀ ရက်က အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်ပြီးနောက် ကဘူးမှ လူပေါင်း ၈၂၀၀၀ ကျော်ကို လေယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ကြပါတယ်။   နိုင်ငံအများအပြားကတော့ အာဖဂန်မှသူတို့ရဲ့နိုင်ငံသားတွေကို သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး ကယ်ထုတ်ဖို့ အားထုတ်လုပ်ဆောင်နေကြပါတယ်။   ထောင်ပေါင်းများစွာသောလူတွေဟာ အာဖဂန်နိုင်ငံမှထွက်ခွာနိုင်ဖို့ မျှော်လင့်ချက်နဲ့ လေဆိပ်ထဲနဲ့ အပြင်မှာ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။   အာဖဂန်မှအမေရိကန်တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမယ့် အချိန်ကိုသက်တမ်းတိုးတဲ့ကိစ္စကို…

Read More

အိန္ဒိယမှာ အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြန်

ဒေလီ၊ သြဂုတ် ၂၆-၂၀၂၁ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ အသက် ၂၃ နှစ်အရွယ်ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရပြီးနောက် ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ဆေးရုံတက်ကုသခံနေရပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က အပူတပြင်းရှာဖွေနေပါတယ်။ အဆိုပါကျောင်းသူမှာ ကနဦးတွင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေရှိပေမယ့် လက်ရှိမှာတော့ အခြေအနေတည်ငြိမ်နေပြီလို့ ကာနာတာကာရှိ မိုဆူရူမြို့ရဲတပ်ဖွဲ့က ပြောပါတယ်။ ကျူးလွန်သူလို့ယူရဆရတဲ့ အမျိုးသားငါးဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေပြီး ဒီဖြစ်စဉ်ဟာ သမီးရည်းစားတွေ အကြိုက်တွေ့သွားရောက်လေ့ရှိတဲ့ ချာမွန်ဒီတောင်ကုန်းအနီး တောအုပ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဓမ္မမှုကျူးလွန်သူတွေဟာ အရက်သေစာသောက်စားထားပြီး ကျောင်းသူကို အဓမ္မမပြုကျင့်မီ သူမရဲ့ရည်းစားဖြစ်သူကို ပုလင်းတွေနဲ့ပစ်ပေါက်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာပင် အဓမ္မပြုကျင့်မှု ၃၃၉၇၇ မှုရှိခဲ့ကြောင်း ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပြီး ဒါဟာ ၁၅ မိနစ်တိုင်း အဓမ္မပြုကျင့်မှု တစ်ကြိမ်ဖြစ်ပွားနေတဲ့နှုန်းဖြစ်ပါတယ်။ Ref : BBC Photo:Getty Images #voiceofmyanmar…

Read More

မူဆယ်မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဓားခုတ်၊ ငွေလု ခံရ

ဩဂုတ် ၂၅-၂၀၂၁ Shy V(VOM)   မူဆယ်မြို့မှာ ပြည်တော်ပြန်တွေကို ငွေလဲပေးနေတဲ့ အမျိုးသီးတစ်ဦး ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်က ဓားခုတ်ခံရတဲ့အပြင် ငွေပါ လုယက်ခံလိုက်ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။   “ငွေလဲအန်တီကြီး ပိုက်ဆံလုခံရတယ်။ အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်ပြီး ငွေထုပ်ကိုလုပြေးသွားတာ၊ ငွေအလဲအလှယ် လုပ်နေတဲ့ အန်တီကြီးရဲ့ ညာဘက်လက် ဓားခုတ်ဒဏ်ရာရခဲ့ပြီး ငွေသား သိန်း ၄၀ ဝန်းကျင် ပါသွားတယ်၊ မူဆယ်မြို့မှာ သူခိုး၊ ဓားမြ အရမ်းပေါနေပြီ။” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။   ဒဏ်ရာရသူ အမျိုးသမီးကိုတော့ မူဆယ် ပြည်သူ့ဆေးရုံကို ပို့‌ပေးခဲ့ပြီး ဒဏ်ရာရတဲ့ လက်ဖျံကို (၅)ချက် ချုပ်လိုက်ရတယ်လို့ ကူညီပေးခဲ့သူကပြောပါတယ်။   ဓားခုတ်၊ လုယက်မှု ဖြစ်ပွားတဲ့နေရာဟာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်က စည်ပင်လမ်းထောင့်မှာဖြစ်ပြီး ပြည်တော်ပြန်‌တွေကို…

Read More

အာဖဂန်မှာ အမေရိကန်ရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေ ယခုလကုန်မှာ အဆုံးသတ်တော့မယ်

၀ါရှင်တန်၊ သြဂုတ်-၂၅-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်မှအမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းမယ့် နောက်ဆုံးနေ့ရက်ကို သက်တမ်းတိုးဖို့ မဟာမိတ်နိုင်ငံတွေက တိုက်တွန်းမှုတွေရှိနေပေ့မယ့် ကယ်ဆယ်ရေးအစီအစဉ်ကို သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မ်ိမိတို့ရဲ့လုပ်ငန်းစဉ်တွေ မြန်မြန်ပြီးလေကောင်းလေလို့ ဂျိုးဘိုင်ဒင်ကပြောပါတယ်။   လက်ရှိကယ်ဆယ်ရေးအစီအစဉ်တွေအပေါ် သက်ရောက်ခြင်းမရှိပေမယ့်လည်း အာဖဂန်ရှိအမေရိကန်တပ်ဖွဲ့၀င်တွေကို ယခင်ကတည်းက ရုပ်သိမ်းမှုများပြုလုပ်နေခဲ့တာဖြစ်ပါတယ်။   အာဖဂန်တာလီဘန်တို့ထိန်းချုပ်ပြီးကိုးရက်ကြာမြင့်ချိန်မှာတော့ မြို့တော် ကဘူးမှလူပေါင်း ၇၀၇၀၀ ဦးကို အမေရိကန်က လေယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။   ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ နောက်ဆုံးနေ့ရက်နဲ့ ပတ်သက်ပြီး သက်တမ်းတိုးတာကို လက်မခံဘူးလို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။   မိမိတို့လူတွေကို ကယ်ထုတ်ရေးမှာကူညီဖို့ တာလီဘန်များကလုပ်ဆောင်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက အကဲဖြတ်သွားမှာဖြစ်တယ်လို့သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။   အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်လိုက်ပြီးနောက် အိုင်အက်စ်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေ တိုးပွားလာတာကြောင့် လေယာဉ်တွေနဲ့ကယ်ထုတ်ရေးအစီအစဉ်မှာ များမကြာမီပြီးဆုံးတော့မှာဖြစ်တယ်လို့ သူကပြောဆိုပါတယ်။…

Read More

တီးတိန် မြန်မာ့စီးပွားရေးဘဏ်ရှေ့ပစ်ခတ်မှုဖြစ်လို့ ဘဏ်စောင့် ရဲ ၃ ဦး သေဆုံး

သြဂုတ် ၊ ၂၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ချင်းပြည်နယ်မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့ ၊ မြို့မရပ်ကွက်မှာရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က သေနတ်ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဘဏ်တာဝန်ကျတဲ့ ရဲ ၃ ဦးဟာ သေနတ်ပစ်ခံရကာ နေရာမှာတင် သေဆုံးသွားတယ်လို့ တီးတိန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” တီးတိန်ဘဏ်မှာက တနလ်ာ ၊ ဗုဒ္ဓဟူး ၊ ၃ ရက်က အငြိမ်စား လစာထုတ်ပေးတဲ့နေ့ဖြစ်တယ် ၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ဘဏ်ရှေ့မှာ လုံခြုံရေးလုပ်ပေးနေတဲ့ ရဲတွေကို ပစ်တာ ရဲ ၃ ဦး အဲ့ဒီနေရာမှာတင် သေတယ် ၊ သေနတ်သမားက ၄ ​ယောက်လို့ ကြားရတယ် ၊ ဘဏ်ဝန်ထမ်းတွေက နောက်ဖေးပေါက်ကနေ ထွက်ပြေးပြီး…

Read More

တရုတ်ပညာရေး သင်ရိုးမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေ ထည့်သွင်းသင်ကြားတော့မယ်

ပေကျင်း၊ သြဂုတ်-၂၅-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းမှာ သမ္မတရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ထည့်သွင်းသင်ကြားပေးသွားမယ်လို့ တရုတ်ပညာရေး၀န်ကြီးဌာနက သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   တရုတ်သမ္မတရဲ့ နိုင်ငံရေးသဘောတရားတွေကို သင်ကြားပေးတာဟာ လူငယ်တွေကို မာ့က်စ်ဝါဒယုံကြည်ချက်တွေထူထောင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ပညာရေး၀န်ကြီးဌာနက ပြောပါတယ်။   ဒီလိုသင်ကြားခြင်းကို အခြေခံပညာမူလတန်းကျောင်းတွေကနေ တက္ကသိုလ်တွေထိ အကြုံး၀င်မှာဖြစ်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းနယ်ပယ်အသီးသီးမှာ အာဏာရတရုတ်ကွန်မြူနစ်ပါတီရဲ့အခန်းကဏ္ဍကိုခိုင်မာစေဖို့ မစ္စတာရှီရဲ့ နောက်ဆုံးအားထုတ်မှုဖြစ်ပါတယ်။   ဘက်စုံကိုယ်ကျင့်တရား၊ ဥာဏ၊ ကာယ၊ သဘောတရားတွေနဲ့အတူ ဆိုရှယ်လစ်စနစ်တည်ဆောက်သူတွေနဲ့ ဆက်ခံသူတွေကို မွေးမြူဖို့အတွက်ရည်ရွယ်ပြီး ဒီလိုသင်ကြားဖို့စီစဉ်တာလို့ ပညာရေး၀န်ကြီးဌာနကဆိုပါတယ်။   တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကလည်း တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ အတွေးအခေါ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းခဲ့ပါတယ်။   Ref: BBC Photo:Getty Images #voiceofmyanmar #vom…

Read More

သရုပ်ဆောင်၊ လူရွှင်တော် ဆင်မ ဖမ်းဆီးခံရ

ရန်ကုန်၊သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၈ရပ်ကွက်မှာ မနေ့ဩဂုတ်လ ၂၄ရက် ည ၈နာရီခန့်က သရုပ်ဆောင်လူရွှင်တော် ဇော်မင်းထိုက်(ခ)ဆင်မကို နေအိမ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။   မနေ့ညနေပိုင်းက သာကေတမြို့နယ်နဲ့သဃ်န်းကျွန်းမြို့နယ်မှာ ဖမ်းဆီးမှုတွေပြုလုပ်အပြီး တောင်ဒဂုံမြို့နယ်ကို ဆက်လက်ဖမ်းဆီးရာမှာ ပါသွားခဲ့တာ ဖြစ်တယ်လို့ ၁၈ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။   ၁၈ရပ်ကွက်နေသူတစ်ဦးက”ဆင်မတစ်ယောက်တည်းမဟုတ်ဘူး တောင်ဒဂုံက အချို့ရပ်ကွက်တွေမှာ ဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်”လို့ သူကရှင်းပြပါတယ်။   ဇူလိုင် ၁၃ရက်က လူမှုကွန်ရက်မှာ ပျံနှံ့ခဲ့တဲ့ ဖမ်းဆီးမည့် ရုပ်ရှင်အနုပညာရှင်စာရင်းမှာ ဆင်မလည်းပါဝင်တယ်လို့ သိရပါတယ်။   ဇာတ်ပို့သရုပ်ဆောင် လူရွှင်တော် ဆင်မဟာ နစက လက်ထက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း နှုတ်ထွက်ထားသူတယောက်လည်းဖြစ်ပါတယ်။   #voiceofmyanmar #VOM #ရန်ကုန်

Read More

ဂန့်ဂေါမြိုနယ် လယ်ကြီးအရှေ့ရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

သြဂုတ် ၂၅-၂၀၂၁ KK(VOM)   ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအရှေ့ရွာက အုပ်ချုပ်ရေးမှူး ဦးဝင်းဆွေဟာ ဒီကနေ့ မနက် ၅နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒေသခံတစ်ဦးက”အိမ်မှာ လာပစ်သွားတာ၊ ဒဏ်ရာကတော့စိုးရိမ်ရတယ်၊ သေတော့မသေဘူး အခုဆေးရုံမှာလို့”လို့ ပြောပါတယ်။   သေနတ်ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာ၃ချက်ရရှိခဲ့တဲ့ လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ကလေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   လယ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒေသခံလူငယ်များကို ဖမ်းဆီးခံရအောင် သတင်းပေးခဲ့လို့ ပစခတ်ခံရတယ်လို့ ရပ်မိရပ်ဖတွေက မှတ်ချက်ပေးပါတယ်။   လက်တလောမှာတော့ လယ်ကြီးကျေးရွာမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   #voiceofmyanmar #VOM #ဂန့်ဂေါ

Read More
VOM News

FREE
VIEW