မလိခမြစ်ရေ ပူတာအိုခရိုင်မှာ ပေ ၃၀ ကျော်အထိ မြင့်တက်ခဲ့

ဩဂုတ် ၂၇-၂၀၂၁ Voice Of Myanmar   ကချင်ပြည်နယ် ၊ ပူတာအိုခရိုင်အတွင်းက မလိခမြစ်မှာ မနေ့ဩဂုတ် ၂၆ ရက် ညနေပိုင်းကစပြီး ပေ ၃၀ ကျော်တဲ့အထိ ရေတက်လာပြီး စိုးရိမ်ရေမှတ်အထိ မြင့်တက်ခဲ့တယ်လို့ ပူတာအိုမြို့နယ် ၊ မန်ပန်ကျေးရွာ၊ ဓမ္မရက္ခိတကျောင်း ဆရာတော်က မိန့်ကြားပါတယ်။   မနေ့ တက်ခဲ့တဲ့ မလိခမြစ်ရေအခြေအနေဟာ မချမ်းဘော့မြို့နယ်၊ ကောင်းမှုလုံကျေးရွာ မြစ်ကမ်းအနီး လူနေရပ်ကွက်၊ လူနေအိမ်တွေ မလိခမြစ်‌ကြောင်း တစ်လျှောက်အနီးက ကျေးရွာတွေမှာလည်း ရေဝင်ရောက်ခဲ့ပါတယ်။   ဒီနေ့ ဩဂုတ် ၂၇ ရက်နေ့ မှာတော့ မန်ပန်ကျေးရွာဘက်မှာ မြစ်ရေ ၂၆ ပေလောက်ကျသွားပြီး၊ ကောင့်မှုလုံဘက်မှာတော့ ၉ ပေလောက်ပဲကျသွားတယ်လို့ သိရပါတယ်။   ” မြစ်ကမ်းနားတွေတော့ တစ်ချို့ရွေ့ရတာရှိပေမယ့်။ ဒီမှာကရေကြီးလည်းခဏပါ။ တောင်ပေါ်ဆိုတော့ ။…

Read More

မင်္ဂလာတောင်ညွှန့်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လူငယ်တစ်ဦးသေဆုံး

ရန်ကုန်၊သြဂုတ် ၂၇၊၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မင်္ဂလာစျေးအနီး၊ ၁၂၂လမ်းမှာ မနေ့ ဩဂုတ်လ ၂၆ရက် ည ၈နာရီက ပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားလူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   “မနေ့ညပိုင်းက ၁၂၂ လမ်းထိပ်မှာ အရက်သမား ၁ဦးက အရက်သောက်ထားပြီး စစ်တပ်ကို ရုတ်တရက်မြင်လို့ အော်ဟစ်ထွက်ပြေးရာကနေ ပစ်ခတ်မှုစတင်ခဲ့တယ်၊ အဲ့ဒီအမူးသမားက သွားဆဲတယ်လို့ကြားတယ်၊ အရက်မူးနေတော့ ကြောက်ပြီးထွက်ပြေးတယ်လည်းပြောတယ်၊ အဲ့ဒီမှာ ကင်းလှည့်နေတဲ့စစ်တပ်ကတွေ့ရာ အကုန်လိုက်ပစ်တော့တာပဲ”လို့ ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောပါတယ်။   လိုက်လံပစ်ခတ်မှုကြောင့် ၁၂၁လမ်းမှာ နွားနို့ရောင်းနေတဲ့ အမျိုးသားလူငယ်တစ်ဦး လည်ပင်းကို ကျည်ထိမှန်ကာ သွေးထွက်လွန် သေဆုံးခဲ့တယ်လို့ ၁၂၁လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   သေနတ်ပစ်ခတ်မှုတွေပြီးသွားချိန် နွားနို့ရောင်းတဲ့ လူငယ်တစ်ဦးပျောက်ဆုံးနေလို့ မိသားစုဝင်တွေက ရပ်ကွက်ရုံးကိုအကြောင်းကြားပြီး လိုက်လံရှာဖွေရာ နောက်ဖေးလမ်းကြားအတွင်း ကျည်မှန်တဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်…

Read More

ကောလင်းက ဌာနဆိုင်ရာ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မြောက်အင်းရပ်ကွက်မှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ဝန်းခြံ အပါအဝင် ဌာနဆိုင်ရာ နေရာ ၃ ခုမှာ မနေ့ သြဂုတ် ၂၆ ညနေပိုင်းက ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ကောလင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” ညနေ ၃ နာရီ ၅ မိနစ်မှာ ခရိုင်အုပ်ချုပ်ရေးမှူး နေတဲ့အိမ်ဘက်က ပေါက်ကွဲသံ တကြိမ် ၊ မိနစ်ပိုင်း အနည်းငယ်ခြားပြီး ၃ နာရီ ၈ မိနစ်လောက်မှာ စက်ရုံလယ်ပြင်ရပ်ကွက် ထွေ / အုပ် ဝန်ထမ်းအိမ်ယာနဲ့ မီးရထားလမ်း ကြား ဘက်က ပေါက်ကွဲတာ တကြိမ်…

Read More

မုံးကိုးအနီးမှာ တပ်မတော်နဲ့ MNDAA တိုက်ပွဲဖြစ်

ဩဂုတ် ၂၇၊ ၂၀၂၁ Shy V(VOM)   မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ ထိစပ်နေတဲ့ မုံးကိုးမြို့အနီးက မန်ဂျေရွာဘက်မှာ ဩဂုတ်လ ၂၆ ရက် ညနေ ၆ နာရီ ကျော်ခန့်ကစ နာရီဝက်ကြာ တပ်မတော်နဲ့ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ညနေ ၆ နာရီ ၁၀ မိနစ် လောက်က။ စစ်တပ်နဲ့ ကိုးကန့် ဖြစ်နေတာ။ မိနစ် ၃၀ လောက် ကြာတယ်။ စစ်သားတွေက ရွာထဲ ကနေလည်း ပစ်နေတာ။ ဘာတွေ ထိသွားလဲ ဘာမှမသိရသေးဘူး။ ပစ္စည်းတွေ သိမ်းနေတာ။ မရှောင်ရ‌ သေးဘူး။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။  …

Read More

ကြေးမုံသတင်းထောက် ဆိုသူတယောက် သေနတ်နဲ့ပစ်သတ်ခံရ

သြဂုတ် ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   ရန်ကုန်တိုင်း ၊ ဒဂုန်ဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဥ်မြို့တော် အိမ်ယာ ၁၅ လမ်း ၊ A မှာ နေထိုင်တဲ့သတင်းထောက် တဦး မနေ့သြဂုတ် ၂၆ ညနေပိုင်းက သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ယုဇန ဥယျာဥ်မြို့တော်နေ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   “ကိုရဲကြီးလို့ခေါ်ကြတာပါ ၊ သူက ကြေးမုံသတင်းစာမှာ သတင်းထောက်လုပ်တယ် ၊ နောက်ပြီး ပြည်ခိုင်ဖြိုးလည်းဖြစ်တယ် ၊ သံပုံးတီးတဲ့အိမ်တွေကို စစ်သားနဲ့ရဲက ဝင်ရောက်ဖမ်းတာ သူ့ကြောင့်လို့ နာမည်ထွက်နေတာ ကြားမိတယ် ” လို့ သေဆုံးသူနဲ့ ရင်းနှီးခဲ့ဖူးသူ တစ်ယောက်ကပြောပါတယ်။   အဲ့ဒီ ပစ်ခတ်မှုဖြစ်ပြီးနောက် နာရီပိုင်းအကြာမှာ Yangon Revolution Group…

Read More

မင်းကင်းနယ်မှာ ကွာရန်တင်းဝင်နေသူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရ

သြဂုတ် ၊ ၂၇ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ သင်တောကျေးရွာအုပ်စု ၊ ညောင်ပင်သာကျေးရွာက ကွာရန်တင်း စင်တာမှာ ကိုဗစ်ရောဂါ စောင့်ကြည့်စစ်ဆေးခံနေရတဲ့ သူ ၂ ဦး ကို မနေ့ သြဂုတ် ၂၆ မနက်အစောပိုင်းက သေနတ်နဲ့ ဝင်ပစ်တာကို ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ သင်တောဒေသခံတွေရဲ ဆက်သွယ်ပြောပြချက်အရ သိရပါတယ် ။   ” ညက ၁ နာရီဝန်းကျင်လောက်မှာ သေနတ်သံတွေကြားရတယ် ၊ ကွာရန်တင်း စင်တာထဲမှာ ကျူဝင်နေတဲ့ ကိုချစ်စမ်းမောင် နဲ့ ဗိုလ်ချုပ်တို့ ၂ ယောက် ပစ်ခံရလို့ သေတယ်ဆိုတာ မိုးလင်းကျမှ သိရတာ ” လို့ အဲ့ဒီ ရွာခံတစ်ယောက်က ပြောပါတယ်။…

Read More

“ပလပ်စတစ်ပစ္စည်းတွေကို ဘာကြောင့် လျှော့သုံးသင့်တာလဲ”

သွေး (စစ်ကိုင်း) မြစ်တွေ၊ ချောင်းတွေ၊ ရေ‌မြောင်းတွေထဲမှာ အလွယ်တကူတွေ့နိုင်တာတွေကတော့ ကြွပ်ကြွပ်အိတ်တွေနဲ့ ပလပ်စတစ် ဘူးခွံတွေပါပဲ။ ရေစီးရေလာကို ပိတ်ဆို့စေနိုင်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်စေနိုင်တဲ့ ဒီပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုနဲ့ ဆက်စပ်နေပါတယ်။ တခြား စွန့်ပစ်ပစ္စည်းတွေနဲ့ မတူတာက ကြွပ်ကြွပ်အိတ်တွေ၊ ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေဟာ အသုံးပြုရတာ လွယ်ကူသက်သာ ဖြစ်ပေမယ့် နှစ်ပေါင်းအတော်ကြာတဲ့အထိ မဆွေးမြေ့တာပါ။ ဒါကြောင့် ကမ္ဘာမြေရဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အပြင် အပင်နဲ့ သတ္တဝါတွေရဲ့ ရှင်သန်ရေးကိုပါ ကြီးမားစွာထိခိုက်စေပါတယ်။ ကျွန်မတို့ ငယ်စဉ်က ကြွပ်ကြွပ်အိတ်တွေကို အခုလို တွင်တွင်ကျယ်ကျယ် အသုံးမပြုကြသေးပါဘူး။ ဈေးသွားတယ်ဆိုရင် ကြိမ်ဆွဲခြင်း၊ ဝါးဆွဲခြင်း ဒါမှမဟုတ် နှီးဆွဲခြင်းလေးတွေ ယူသွားရပြီး ဝယ်သမျှတွေကို ခြင်းထဲထည့်ဆွဲရပါတယ်။ ဈေးသည်တွေကလည်း အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်တွေကို အင်ဖက်တွေ…

Read More

ရုရှားရဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် မြန်မာနိုင်ငံသို့ သတ်မှတ်ချိန်အတိုင်း ပေးပို့မယ်

မော်စကို၊ သြဂုတ်-၂၆-၂၀၂၁ မျိုးဆက် (VOM) ရုရှာနိုင်ငံဟာ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ်ကို သက်ဆိုင်ရာအရောင်းစာချုပ်မှာ ဖော်ပြထားတဲ့အတိုင်း အချိန်မီပို့ဆောင်သွားမယ်လို့ ရုရှားစစ်ဘက်နဲ့နည်းပညာပူးပေါင်ဆောင်ရွက်ရေးဌာန အကြီးအကဲကို ကိုးကားပြီး RIA သတင်းဌာနကဖော်ပြထားပါတယ်။ အဲဒီလေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဒုံးပျံတွေကို ပစ်ချရာမှာ အသုံးပြုနိုင်ပါတယ်။ မြန်မာနဲ့ရုရှားနိုင်ငံတို့အကြား တာဝန်ရှိသူတွေအပြန်အလှန်သွားရောက်မှု၊ လက်နက်အရောင်းအဝယ် စာချုပ်တွေကြောင့် ရုရှားဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို တရားဝင်အသိအမှတ်ပြုနေတာလို့ တက်ကြွလှုပ်ရှားသတွေက စွပ်စွဲထားပါတယ်။ ရုရှားနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ကာလကြာရှည် မဟာဗျူဟာမြောက် ဆက်ဆံရေးထားရှိကြောင်းနဲ့ မြန်မာ့အရေးအခြေအနေအတော်ဆိုးရွားနေပေမယ့် အာဏာပိုင်တွေအနေနဲ့ တည်ငြိမ်စေဖို့ အာဏာပိုင်တွေ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ မြန်မာနဲ့ရုရှားတို့အကြား Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အရောင်းအဝယ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလမှာ သဘောတူခဲ့ကြတာဖြစ်ကြောင်း ရုရှားလက်နက်ဆိုင်ရာအကြီးအကဲ Dmitry Shugayev ကိုကိုးကားပြီး RIA သတင်းဌာနက ဖော်ပြထားပါတယ်။ Ref : Reuters Photo:Getty…

Read More

ကချင်အမျိုးသားကွန်ဂရက် (KNC)ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ အဖမ်းခံရ

ဩဂုတ် ၂၆-၂၀၂၁ Voice Of Myanmar   နေပြည်တော်မှာ မနေ့ဩဂုတ်လ ၂၅ ရက် ညနေ ၄ နာရီဝန်းကျင်က သွားဆေးခန်းပြပြီးပြန်လာတဲ့ ကချင်အမျိုးသားကွန်ဂရက်(KNC) ပါတီဥက္ကဌ ဒေါက်တာအမ်ကောန်လ ဖမ်းဆီးခံခဲ့ရတယ်လို့ ပါတီရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။   အဖမ်းခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ” မနေ့က ညနေ ၃ နာရီနဲ့ ၄ နာရီလောက် သူ့ကားနဲ့ သွားဆေးခန်းကို အသွားမှာလား အပြန်လားတော့ မသိဘူး အိမ်မှာတော့ မဟုတ်ဘူး ၅၀၅ (က) လို့ ပြောတယ်၊ လက်ရှိအချိန်အထိတော့ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး၊ ပါတီတာဝန်ရှိသူတွေနဲ့လည်း အဆက်အသွယ် မရကြသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်”လို့ KNC ပါတီ ပြန်ကြားရေးတွဲဖက်တာဝန်ခံကပြောပါတယ်။   အဖမ်းခံရတဲ့ အကြောင်းအရင်းကို မေးကြည့်တော့လည်း ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ KPDF မှာ ဦးစီးဦးဆောင်လုပ်နေတာ၊ အမေး၊အဖြေကဏ္ဍတွေမှာ…

Read More

ရွှေဘိုနယ်က မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦး အဖမ်းခံရ

သြဂုတ် ၊ ၂၆ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ မင်းကုန်းကျေးရွာနေ မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် ၁ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒီကနေ့ သြဂုတ် ၂၆ မှာ ရွှေဘိုမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ဒီကိစ္စအတည်ပြုနိုင်ဖို့ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့ရုံးကိုမေးကြည့်တော့   ” ရွှေဘိုခရိုင်ထဲက မြို့နယ်တွေနဲ့ မုံရွာခရိုင်ထဲက မြို့နယ်တွေမှာ ဒလန်ရှင်းလင်းရေး လုပ်နေတဲ့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်း အဖွဲ့ဝင် တစ်ယောက် ရွှေဘိုမှာ ဖမ်းမိထားတယ် ၊ သူ့နာမည်က အောင်ကိုကို အသက် ၃၈ နှစ် ဖြစ်တယ်” လို့ ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်​​ယောက်က ပြောပါတယ်။   အဲ့ဒီ…

Read More
VOM News

FREE
VIEW