ပွင့်ဖြူမြို့နယ်မှာ လူငယ်နှစ်ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁
KK(VOM)
 
ပွင့်ဖြူမြို့နယ် ရှောတောကျေးရွာနဲ့ဆင်လူးကျေး
ရွာက လူငယ်နှစ်ဦးကို မနေ့ဩဂုတ်လ ၃၁ရက် ညပိုင်းက သတင်းပေးသူကြောင့် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
“ဖမ်းတာတော့ဟုတ်တယ် ညနေပိုင်းက ဖမ်းတာ၊ တစ်ယောက်ပြီးမှ တစ်ယောက်ဖမ်းတာ၊ သတင်းပေးက လက်နက်တွေရှိတယ် PDF တွေဆိုပြီး ပြောလို့ ဖမ်းတာ “လို့ ရှောတာကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ရှောတောကျေးရွာက ကိုလင်းနဲ့ ဆင်လူးကျေးရွာက ကိုစစ်ထူးအောင်တို့နှစ်ဦးဖြစ်ပြီး လက်တလော ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာကို မသိရတဲ့အတွက် မိသားစုဝင်က စိတ်ပူပန်နေကြတယ်လို့ ကျေးရွာနေသူဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၂၀ရက် ညပိုင်းကလည်း စစ်တပ်နဲ့ရဲတွေဟာ ရှောတောကျေးရွာက ဒေသခံ၇ဦးကိုဖမ်းဆီးခဲ့ပြီး လေးယောက်ကိုသာပြန်လွှတ်ပေးကာ ကျန် သုံးဦးကိုဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ပွင့်ဖြူမြို့နယ်က ကျေးရွာအချို့မှာ သတင်းပေးသူတွေကြောင့်ဒေသခံတွေဖမ်းဆီးခံခဲ့ရတာလည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #ပွင့်ဖြူ

Related posts

Leave a Comment

VOM News

FREE
VIEW