ပြည်မြို့နယ်ထဲက တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

ပြည် ၊ စက်တင်ဘာ ၁-၂၀၂၁ CKC(VOM)   ကိုဗစ်ရောဂါ နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အတွက် အစိုးရကနေ ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြည်မြို့နယ်ထဲက တောင်သူအများစု ပြန်မဆပ်နိုင်တဲ့ အခြေအနေဖြစ်နေကြတယ်လို့ တောင်သူတွေကပြောပါတယ်။ ဒါကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနှစ်မှာ ပြန်ဆပ်ရမယ့်အစား လာမယ့်နှစ် ၂၀၂၂ ခုနှစ်ရောက်မှသာ ပြန်လည်ပေးဆပ်ခွင့်ပြုပေးစေလိုကြောင်း တောင်သူတွေက ပြောပါတယ်။   ” လယ်စရိတ်လည်း အကြွေးနဲ့လုပ်ရတာ။ ကျနော်တို့ လယ်သမားတွေ အခုထိတောင် မြေသြဇာမပက်နိုင်သေးပါဘူး။ မိုးကလည်းခေါင်။ အခုနှစ် အရင်းရှုံးမယ့်သဘော ။ အပြင်ဝင်ငွေရအလုပ်ကလည်း ဘာမှလုပ်လို့မရဘူး ဘာဝင်ငွေမှမရှိဘူး ။ ဒီတော့ ကျနော်တို့ ဘယ်ကပိုက်ဆံနဲ့ စိုက်ဘဏ်ကို ပြန်ဆပ်ရမလဲ ၊ဆပ်နိုင်မလဲဗျာ ။ မဖြစ်မနေဆပ်ဆိုရင်ကို ဆပ်စရာမရှိတာပါ။ အရင်နှစ်လို ဘဏ်ထုတ်ချေးလည်း ချေးသူမရှိဘူး။တစ်ရွာလုံးကို မဆပ်နိုင်သေးတာပါ ၊ ရွာကိုလည်း…

Read More

အီးယူကပိတ်ဆို့ထားပေမယ့် အီတလီဟာ မြန်မာ့ကျွန်းသစ်တွေ တရားမဝင်ကုန်သွယ်မှု ဗဟိုချက်ဖြစ်နေ

လန်ဒန်၊ စက်တင်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM) အီတလီနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးစည်းမျဉ်းတွေ၊ အရေးယူပိတ်ဆို့မှုတွေကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံက ကျွန်းသစ်တွေကို တရားမဝင်ကုန်သွယ်မှုရဲ့ ဗဟိုချက်ဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA )က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ “The Italian Job” လို့အမည်ပေးထားတဲ့ အဲ့ဒီအစီရင်ခံစာမှာတော့ အီးယူက ဥပဒေစည်းမျဉ်းတွေချမှတ်ထားပေမယ့် အီတလီကတစ်ဆင့် ကျန်ဥရောပနိုင်ငံတွေကို မြန်မာ့ကျွန်းသစ်တွေ ဘယ်လိုတရားမဝင်ကုန်သွယ်မှုပြုလဲဆိုတာတွေကိုဖော်ပြထားပြီး အဲ့ဒီလိုမြန်မာ့ကျွန်းသစ်တွေကို ကုန်သွယ်မှုပြုတဲ့ အီတလီကုမ္ပဏီ၂၇ ခုရှိနေတယ်လို့ လန်ဒန်အခြေစိုက် EIA အဖွဲ့ကဆိုပါတယ်။ ၁၈ လကြာစုံစမ်းစစ်ဆေးမှုမှာတော့ အီတလီနဲ့ အခြားသောအီးယူအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့စောင့်ကြည့်မှုအောက်ကနေ အနှောက်အယှက်ကင်းကင်းနဲ့ မြန်မာ့ကျွန်းသစ်တွေ ကုန်သွယ်မှုပြုလုပ်နေတာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေအများအပြားထွက်ပေါ်လာတယ်လို့ EIT ရဲ့ သစ်တောဆိုင်ရာအကြီးအကဲ Faith Doherty ကပြောပါတယ်။ အဲ့ဒီလိုတရားမဝင်ကုန်သွယ်မှုတွေဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်…

Read More

ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် သီရိလင်္ကာမှာ စီးပွားရေး အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ စက်တင်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM)   သီရိလင်္ကာနိုင်ငံမှာ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်လာပြီးနောက် စီးပွားရေးအရေးပေါ်အခြေအနေကို သြဂုတ် ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။   ဆန်နဲ့ သကြားအပါအ၀င် အခြေခံစားနပ်ရိက္ခာတွေထောက်ပံ့မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ စျေးနှုန်းတွေသတ်မှတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   သီရိလင်္ကာငွေကြေး ရူပီးဟာ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ငွေကြေးတန်ဖိုး ၇ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းနေပါတယ်။   အခုကြေညာလိုက်တဲ့ စီးပွားရေးဆိုင်ရာ အရေးပေါ်အစီအမံတွေဟာ သြဂုတ် ၃၁ ရက်မှာ စတင်သက်ရောက်ပါတယ်။   ကုန်သည်တွေနဲ့ လက်လီရောင်းချသူတွေက ထိန်းချုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို သိမ်းယူနိုင်တဲ့ အခွင့်အာဏာနဲ့အတူ မရှိမဖြစ်လိုအပ်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေအတွက် ကော်မရှင်နာမင်းကြီးအဖြစ် စစ်ဘက်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို သီရိလင်္ကာအစိုးရက ခန့်အပ်လိုက်ပါတယ်။   သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ…

Read More

တရုတ်အထူးသံတမန် မြန်မာနိုင်ငံသို့ မကြေညာဘဲ လာရောက် ဆွေးနွေးခဲ့

ပေကျင်း၊ စက်တင်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန်ဟာ မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ ခရီးစဉ်လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအနာဂါတ်နဲ့ပတ်သက်ပြီး မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံ သြဂုတ် ၃၁ ရက်မှာပြောပါတယ်။   မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲကြောင့် မတည်ငြိမ်မှုတွေနဲ့ လက်ရှိမှာရင်ဆိုင်နေရပါတယ်။   တရုတ်အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ သြဂုတ် ၂၁ ရက်ကနေ ၂၈ ရက်ထိ ဖြစ်ပါတယ်။   ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုတွေဟာလည်း အောင်မြင်ခြင်းမရှိသေးပါဘူး။   မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုပိတ်ဆို့ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာထုတ်မှုတွေကို မြန်မာနိုင်ငံရဲ့ မဟာမိတ် တရုတ်နဲ့ ရုရှားက ပိတ်ပင်မှုကြောင်း မအောင်မြင်ဘူးလို့ အီးယူက စွပ်စွဲထားပါတယ်။   တရုတ်အထူးသံတမန် Sun Guoxiang ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာ့နိုင်ငံရေးအပေါ်…

Read More

တန့်ဆည်မြို့နယ် ကျေးရွာ(၂)ရွာက ရွာသား(၁၂)ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁ KK(VOM)   တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာက ရွာသား၁၂ဦးကို မနေ့ဩဂုတ်လ ၃၁ရက် ညနေပိုင်းက စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒေသခံတစ်ဦးက ” ကပေါင်းကျကျေးရွာကို မနေ့နေ့လယ် ၂နာရီခွဲက စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး သတင်းပေးချက်အရ ဒီရွာမှာ pdfတွေရှိတယ်၊ လက်နက်တွေရှိတယ်ဆိုပြီးဝင်ရှာတာ၊ နောက်တော့ ဖမ်းသွားတယ် ကျနော့ရွာမှာ ဖမ်းသွားတာ(၄)ဦးပဲ၊ ကျန်တာက ဟိုဘက်ရွာက”လို့ သူကရှင်းပြပါတယ်။   စစ်တပ်နဲ့ရဲတွေဟာ အင်အားအများအပြားနဲ့ရောက်ရှိလာပြီး ကာလိပ်ခြံရွာ၊ ကပေါင်းကျရွာနဲ့ နွားကူးကျေးရွာတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာလို့ သူကပြောပါတယ်။   နွားကူးကျေးရွာနေသူတစ်ဦးကလည်း “သူတို့က ညနပိုင်းအချိန်မှာ နွားကူးကျေးရွာကို ထပ်မံဝင်ရောက်တယ်၊ အမျိုးသား(၈)ဦးကိုလည်း စစ်တပ်ကထပ်မံဖမ်းဆီးခဲ့တယ်”လို့ ပြောပါတယ်။   ဖမ်းဆီးခံရသူတွေဟာ ကပေါင်းကျကျေးရွာနဲ့နွားကူးကျေးရွာက ကိုကျော်ထွန်း၊ ဦးသန်းလင်း၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်လင်း၊ ကိုနိုင်ဝင်း၊ ကိုဝင်းအေး၊ ကိုနေဦး၊…

Read More

ကိုလံဘီယာတွေ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် Mu ကို သတိထားစောင့်ကြည့်ရမယ်လို့ WHO ပြော

ဂျီနီဗာ၊ စက်တင်ဘာ-၁-၂၀၂၁ မျိုးဆက် (VOM)   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ဟာ ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲ Mu ကို စောင့်ကြည့်လေ့လာနေတယ်လို့ သြဂုတ် ၃၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   သိပ္ပံအမည် B.1.621 လို့အမည်ရတဲ့ အဲဒီမျိုးကွဲဟာ စောင့်ကြည့်သတိထားရမယ့် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။   အဲဒီသန္ဓေပြောင်းဗိုင်းရပ်စ်မှာ ကာကွယ်ဆေးတွေကို ခုခံနိုင်ခြေရှိတဲ့ မျိုးရိုးဗီဇတွေပါ၀င်ပြီး ပိုမိုသိရှိနိုင်ဖို့အတွက် နောက်ထပ်လေ့လာစမ်းသပ်မှုများပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ WHO ကပြောပါတယ်။   အထူးသဖြင့် ကာကွယ်ဆေးမထိုးရသေးသူတွေနဲ့ ဗိုင်းရပ်စ်ဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့ နိုင်ငံတွေမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်၀န်း ကူးစက်မှုနှုန်းတွေမြင့်တက်နေစဉ်မှာ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 အပါအ၀င် ဗိုင်းရပ်စ်မျိုးကွဲသစ်အားလုံးဟာ အချိန်နဲ့အမျှမျိုးရိုးဗီဇတွေ ပြောင်းလဲသွားပေမယ့်လည်း သူတို့ရဲ့ ကူးစက်နိုင်စွမ်းနဲ့…

Read More

လှည်းကူးမြို့ စက်သုံးလုံး ဝိပဿနာဓမ္မရိပ်သာက လူငယ် ၆ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁ CKC(VOM)   ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က စက်သုံးလုံး ဝိပဿနာဓမ္မရိပ်သာထဲမှာအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သားအပါအဝင် လူငယ် ၆ ဦးကို ဒီကနေ့မနက်အစောပိုင်း ရိပ်သာအတွင်းဝင်ရောက်ပြိး ဖမ်းဆီးခံလိုက်ရတယ်လို့ ရိပ်သာနဲ့နီးစပ်သူကပြောပါတယ်။   “မနက်အစော ၁နာရီလောက် စစ်တပ်က ကားတွေ ၄ စီး ၅စီးနဲ့ အလုပ်သမားတွေ ခေါ်သွားတယ်လို့ကြားတယ်။ ၆ ယောက်ခေါ်သွားတယ်။ ကျောင်းမှာက ဗိမ္မာန်ဆောက်လုပ်ရေးရှိတယ်၊ လမ်းတွေ ၊ခြံစည်းရိုးခတ်တာတွေလည်းရှိတယ်။ ဒီက ကလေးက ၂ယောက် ၃ ယောက်လောက်ပါမှာပေါ့၊ သူတို့ကားမောင်းတဲ့ တစ်ယောက်ရှိတာလည်း ပါသွားတယ်သိရတယ်။ နောက်မီးပြင်တဲ့သူကလေးတစ်ယောက်လည်း မီးပြင်လာရင်းပါသွားတာပေါ့ ” လို့ ရိပ်သာနဲ့နီးစပ်သူကပြောပြပါတယ်။   ရိပ်သာအတွင်း ဆောက်လုပ်ရေးလုပ်တဲ့အလုပ်သမားတွေဟာ ဧရာဝတီတိုင်းဘက်ကနေ ခေါ်ယူထားတဲ့ ပန်းရံဆရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။   ရိပ်သာအတွင်းက လူငယ် ၆ ဦး ဘာကြောင့် ဖမ်းဆီးခံလိုက်ရတယ်ဆိုတာကိုတော့ VOMအနေနဲ့…

Read More

ပွင့်ဖြူမြို့နယ်မှာ လူငယ်နှစ်ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁ KK(VOM)   ပွင့်ဖြူမြို့နယ် ရှောတောကျေးရွာနဲ့ဆင်လူးကျေး ရွာက လူငယ်နှစ်ဦးကို မနေ့ဩဂုတ်လ ၃၁ရက် ညပိုင်းက သတင်းပေးသူကြောင့် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။   “ဖမ်းတာတော့ဟုတ်တယ် ညနေပိုင်းက ဖမ်းတာ၊ တစ်ယောက်ပြီးမှ တစ်ယောက်ဖမ်းတာ၊ သတင်းပေးက လက်နက်တွေရှိတယ် PDF တွေဆိုပြီး ပြောလို့ ဖမ်းတာ “လို့ ရှောတာကျေးရွာနေသူတစ်ဦးက ပြောပါတယ်။   ဖမ်းဆီးခံရသူတွေဟာ ရှောတောကျေးရွာက ကိုလင်းနဲ့ ဆင်လူးကျေးရွာက ကိုစစ်ထူးအောင်တို့နှစ်ဦးဖြစ်ပြီး လက်တလော ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတာကို မသိရတဲ့အတွက် မိသားစုဝင်က စိတ်ပူပန်နေကြတယ်လို့ ကျေးရွာနေသူဆီက သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၂၀ရက် ညပိုင်းကလည်း စစ်တပ်နဲ့ရဲတွေဟာ ရှောတောကျေးရွာက ဒေသခံ၇ဦးကိုဖမ်းဆီးခဲ့ပြီး လေးယောက်ကိုသာပြန်လွှတ်ပေးကာ ကျန် သုံးဦးကိုဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ပွင့်ဖြူမြို့နယ်က…

Read More

မြင်းခြံနယ် ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဌနေအိမ် ပစ်ခတ်မှုတွေဖြစ်လို့ လူ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မန္တလေးတိုင်း မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ချောင်းဒေါင်းကျေးရွာမှာနေတဲ့ ဧရာဝတီသွေးလှူရှင် အသင်း ဥက္ကဌ နေအိမ်မှာ မနေ့ သြဂုတ် ၃၁ ည ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   အဲ့ဒီ ပစ်ခတ်တာတွေနဲ့ ပတ်သက်လို့ ဒေသခံ တစ်ယောက် ပြောတာက   ” ဧရာဝတီ သွေးလှုရှင် အသင်း ဥက္ကဌ ဦးကိုနီရဲ့အိမ်ကို ဆိုင်ကယ် ၄ စီးနဲ့ လူတွေဝင်လာပြီး သေနတ်ပစ်ခတ်သံတွေကြားရတယ် ၊ ဦးကိုနီရဲ့သားနဲ့ သူ့ညီဖြစ်သူ ၂ ယောက် မှန်တယ် ၊ အဲ့ဒီ ၂ ယောက်စလုံး ဆေးရုံပို့လိုက်ပြီ ” လို့…

Read More
VOM News

FREE
VIEW