လှည်းကူးမြို့ စက်သုံးလုံး ဝိပဿနာဓမ္မရိပ်သာက လူငယ် ၆ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁-၂၀၂၁
CKC(VOM)
 
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က စက်သုံးလုံး ဝိပဿနာဓမ္မရိပ်သာထဲမှာအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သားအပါအဝင် လူငယ် ၆ ဦးကို ဒီကနေ့မနက်အစောပိုင်း ရိပ်သာအတွင်းဝင်ရောက်ပြိး ဖမ်းဆီးခံလိုက်ရတယ်လို့ ရိပ်သာနဲ့နီးစပ်သူကပြောပါတယ်။
 
“မနက်အစော ၁နာရီလောက် စစ်တပ်က ကားတွေ ၄ စီး ၅စီးနဲ့ အလုပ်သမားတွေ ခေါ်သွားတယ်လို့ကြားတယ်။ ၆ ယောက်ခေါ်သွားတယ်။ ကျောင်းမှာက ဗိမ္မာန်ဆောက်လုပ်ရေးရှိတယ်၊ လမ်းတွေ ၊ခြံစည်းရိုးခတ်တာတွေလည်းရှိတယ်။ ဒီက ကလေးက ၂ယောက် ၃ ယောက်လောက်ပါမှာပေါ့၊ သူတို့ကားမောင်းတဲ့ တစ်ယောက်ရှိတာလည်း ပါသွားတယ်သိရတယ်။ နောက်မီးပြင်တဲ့သူကလေးတစ်ယောက်လည်း မီးပြင်လာရင်းပါသွားတာပေါ့ ” လို့ ရိပ်သာနဲ့နီးစပ်သူကပြောပြပါတယ်။
 
ရိပ်သာအတွင်း ဆောက်လုပ်ရေးလုပ်တဲ့အလုပ်သမားတွေဟာ ဧရာဝတီတိုင်းဘက်ကနေ ခေါ်ယူထားတဲ့ ပန်းရံဆရာတွေဖြစ်တယ်လို့လည်း သိရပါတယ်။
 
ရိပ်သာအတွင်းက လူငယ် ၆ ဦး ဘာကြောင့် ဖမ်းဆီးခံလိုက်ရတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်ပြုဖို့ စုံစမ်းနေစဲဖြစ်ပါတယ်။
 
ဒေသခံတွေကတော့ လှည်းကူးမှာ ဖောက်ခွဲရေးတွေဖြစ်တာနဲ့ပတ်သက်ပြိး ဖမ်းခံရတာဖြစ်နိုင်တယ်လို့ သူတို့ထင်မြင်ချက်ကိုလည်း ပြောဆိုနေကြပါတယ်။
 
#voiceofmyanmar #VOM #လှည်းကူး

Related posts

Leave a Comment

VOM News

FREE
VIEW