ကိုလံဘီယာတွေ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ် Mu ကို သတိထားစောင့်ကြည့်ရမယ်လို့ WHO ပြော

ဂျီနီဗာ၊ စက်တင်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ဟာ ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီလအတွင်းက ပထမဆုံးတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးကွဲ Mu ကို စောင့်ကြည့်လေ့လာနေတယ်လို့ သြဂုတ် ၃၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
သိပ္ပံအမည် B.1.621 လို့အမည်ရတဲ့ အဲဒီမျိုးကွဲဟာ စောင့်ကြည့်သတိထားရမယ့် ဗိုင်းရပ်စ်မျိုးကွဲတစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။
 
အဲဒီသန္ဓေပြောင်းဗိုင်းရပ်စ်မှာ ကာကွယ်ဆေးတွေကို ခုခံနိုင်ခြေရှိတဲ့ မျိုးရိုးဗီဇတွေပါ၀င်ပြီး ပိုမိုသိရှိနိုင်ဖို့အတွက် နောက်ထပ်လေ့လာစမ်းသပ်မှုများပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ WHO ကပြောပါတယ်။
 
အထူးသဖြင့် ကာကွယ်ဆေးမထိုးရသေးသူတွေနဲ့ ဗိုင်းရပ်စ်ဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျှော့လိုက်တဲ့ နိုင်ငံတွေမှာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်၀န်း ကူးစက်မှုနှုန်းတွေမြင့်တက်နေစဉ်မှာ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
 
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ SARS-CoV-2 အပါအ၀င် ဗိုင်းရပ်စ်မျိုးကွဲသစ်အားလုံးဟာ အချိန်နဲ့အမျှမျိုးရိုးဗီဇတွေ ပြောင်းလဲသွားပေမယ့်လည်း သူတို့ရဲ့ ကူးစက်နိုင်စွမ်းနဲ့ ဘေးအန္တရာယ်ပြုနိုင်တဲ့ ဂုဏ်သတ္တိတွေကတော့ မပြောင်းမလဲရှိနေပါတယ်။
 
Ref : CNA
Photo: NDTV
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW