တရုတ်အထူးသံတမန် မြန်မာနိုင်ငံသို့ မကြေညာဘဲ လာရောက် ဆွေးနွေးခဲ့

ပေကျင်း၊ စက်တင်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန်ဟာ မြန်မာနိုင်ငံကို သီတင်းတစ်ပတ်ကြာ ခရီးစဉ်လာရောက်ခဲ့ပြီး မြန်မာ့နိုင်ငံရေးအနာဂါတ်နဲ့ပတ်သက်ပြီး မြန်မာစစ်ဘက် ထိပ်တန်းခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံ သြဂုတ် ၃၁ ရက်မှာပြောပါတယ်။
 
မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲကြောင့် မတည်ငြိမ်မှုတွေနဲ့ လက်ရှိမှာရင်ဆိုင်နေရပါတယ်။
 
တရုတ်အထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ သြဂုတ် ၂၁ ရက်ကနေ ၂၈ ရက်ထိ ဖြစ်ပါတယ်။
 
ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုတွေဟာလည်း အောင်မြင်ခြင်းမရှိသေးပါဘူး။
 
မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုပိတ်ဆို့ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အာထုတ်မှုတွေကို မြန်မာနိုင်ငံရဲ့ မဟာမိတ် တရုတ်နဲ့ ရုရှားက ပိတ်ပင်မှုကြောင်း မအောင်မြင်ဘူးလို့ အီးယူက စွပ်စွဲထားပါတယ်။
 
တရုတ်အထူးသံတမန် Sun Guoxiang ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာ့နိုင်ငံရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့ တရုတ်ဘက်က ထုတ်ပြန်ထားပါတယ်။
 
မြန်မာ့ပြည်တွင်း အခြေအနေတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အားထုတ်မှုတွေကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့လည်းဆိုပါတယ်။
 
Ref: AFP
Photo: Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW