ပြည်ခရိုင်ထဲက CDM(၃)ဦးနဲ့ အရပ်သား(၁)ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၅-၂၀၂၁
CKC(VOM)
 
ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်မှာ CDM ပြုလုပ်နေသူ(၃)ဦးနဲ့ အရပ်သား(၁)ဦးကို မနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက်စော ၂ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
” မနေ့က အဖမ်းခံလိုက်ရတယ် ။ စစ်တပ်က သတင်းအတိအကျရတယ်လို့ထင်တယ်။ ကြက်ခြံကို စစ်ကား၂ စီးနဲ့လာဝိုင်းထားပြီးမှ ဝင်ဖမ်းသွားတယ်လို့သိရတယ်။အခုဖမ်းခံရတဲ့ CDM လုပ်သူတွေက ရှောင်နေကြတာကြာပြီ “လို့ မြို့ခံတစ်ဦးကပြောပြပါတယ်။
 
ဖမ်းဆီးခဲလိုက်ရတဲ့သူတွေဟာ ပညာရေးဝန်ကြီးဌာန၊ ရဲဝန်ထမ်း ၊ လျှပ်စစ်၀န်ကြီးဌာနတို့က အမျိုးသားဝန်ထမ်းတွေဖြစ်ပြီး သူတို့အလုပ်လုပ်နေတဲ့ ပေါက်ခေါင်းမြို့နယ်ထဲက ကြက်ခြံတစ်ခုမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
 
ပြည်ခရိုင်ထဲမှာ ရဲဝန်ထမ်း ၊ စစ်သားအပါအဝင် အစိုးရ ဌာနဆိုင်ရာက ဝန်ထမ်းတချို့ CDM လှုပ်ရှားမှုမှာ ပါဝင်မှုရှိထားပြီး CDM လှုပ်ရှားမှုမှာ အများဆုံးပါဝင်နေတာက ကျန်းမာရေးဝန်ထမ်း ၊ မြန်မာ့မီးရထား ၊ ပညာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ပြည်

Related posts

Leave a Comment

VOM News

FREE
VIEW