မြန်မာနိုင်ငံမှာ လေးလကြာ အပစ်အခတ်ရပ်ဖို့ စစ်ဘက်နဲ့ အတိုက်အခံတွေကို အာဆီယံအထူးကိုယ်စားလှယ် တောင်းဆိုထား

ဘန်ကောက်၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက်(VOM)   မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို စက်တင်ဘာလလယ်လောက်မှာ ပထမအသုတ်အဖြစ်ပေးနိုင်ဖို့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာပါ၀င်သူအဖွဲ့အစည်းတွေအနေနဲ့ လေးလတာအပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof က တောင်းဆိုလိုက်ပါတယ်။   မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်နဲ့ Kyodo News သတင်းဌာနတို့ စက်တင်ဘာ ၄ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က ဦး၀ဏ္ဏမောင်လွင်နဲ့ သြဂုတ် ၃၁ ရက်မှာ အွန်လိုင်းကနေ ရုပ်သံစနစ်နဲ့ဆွေးနွေးခဲ့ပြီး မြန်မာဘက်ကလည်း ဒါကိုလက်ခံတယ်လို့် Erywan Yusof က ပြောပါတယ်။   ဒါဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့ အပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူတွေအတွက် လုံခြုံရေးစိတ်ချရဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။   ဒီလိုအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ မိမိပြောခဲ့တာတွေကို မြန်မာဘက် သဘောမတူတာမျိုးမရှိကြောင်းနဲ့ ဒီကိစ္စကိုလည်း အတိုက်အခံအဖွဲ့တွေဆီကို တစ်ဆင့်ခံနည်းနဲ့…

Read More

မရမ်းကုန်း ဘောဂသိဒွီကွန်ဒိုမှာ ဗုံးပေါက်ပြီး ညစောင့်လုံခြုံရေး(၂)ဦးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ရပ်ကွက်ရှိ၊ ဘောဂသီဒွီကွန်ဒို ကားပါကင်မှာ ဒီနေ့ညနေပိုင်းက ဗုံးပေါက်ခဲ့ပြီး ညစောင့်လုံခြုံရေးဝန်ထမ်း(၂)ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။   ဘောဂသိဒွီလမ်းမှာနေထိုင်သူတစ်ဦးက “အသံကတော့ အကျယ်ကြီးပဲ ပေါက်တာ၊ လက်လုပ်မိုင်းလား ဗုံးလားမသိဘူး၊ ညစောင့်လုံခြုံရေးနှစ်ဦး ပွဲချင်းပြီးပဲ သေသွားတယ်”လို့ VOMကို ပြောပါတယ်။   ဘောဂသိဒွီကွန်ဒိုရဲ့ နေ့ဘက်လုံခြုံရေးတာဝန်ကျနေသူနှစ်ဦးဖြစ်တဲ့ အမျိုးသားနှစ်ဦးမှာ ယာခြေတစ်ဖက်ပြတ်ထွက်၊ အူပွင့်ဒဏ်ရာများရရှိကာ သေဆုံးသွားတယ်လို့ အမည်မဖော်လိုသူတစ်ဦးကပြောပါတယ်။   လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ ဘောဂသိဒွီအိမ်ယာနဲ့ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။   ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မရမ်းကုန်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးပေါက်ခြင်း၊သေနတ်နဲ့ပစ်ခံရခြင်း၊ လှသီတာရွှေဆိုင်နဲ့ ကမ္ဘာ့ရတနာဘဏ်တွေမှာ ဓားပြတိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။   #voiceofmyanmar #VOM #ရန်ကုန် #ဗုံးပေါက် #လူ၂ဦးသေဆုံး

Read More

ရန်ကုန်မှာ အလွတ်တန်းသတင်းထောက် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁ KK(VOM)   MPAသတင်းဌာနနဲ့ အခြားသတင်းဌာနတွေမှာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေတဲ့ မသူဇာကို စစ်တပ်ကနေ ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။   မသူဇာကို စက်တင်ဘာ ၁ရက်နေ့မှာ ဖုန်းအဆက်အသွယ်ရခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခြင်းခံလိုက်ရတာဖြစ််တယ်လို့ ခင်ပွန်းဖြစ်သူကိုရဲကိုက VOMကို ပြောပါတယ်။   “၁ရက်နေ့က ဖုန်းပြောသေးတယ် ည၁၀ နာရီလောက်မှာ ပြီးတော့သူအပြင်သွားမယ်ဆိုပြီး ဖုန်းချသွားတယ်၊ သမီးက မေကြီးကို ခေါ်ချင်တယ်ဆိုလို့ ဖုန်းခေါ်တာ စက်ပိတ်သွားတယ်၊ အဲ့ဒီနေ့ကတည်းက အခုချိန်ထိပဲ”လို့ ကိုရဲကိုက ဆက်လက်ပြောဆိုပါတယ်။   စစ်တပ်နဲ့ရဲတွေဟာ မတ်လအတွင်းက မသူဇာကို အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် မသူဇာကို မတွေ့တာကြောင့် ခင်ပွန်းဖြစ်သူကိုဖမ်းဆီးသွားပြီး ၅ ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။   လက်တလောမှာ မသူဇာဖမ်းဆီးခံရတဲ့ကိစွနဲ့ပတ်သက်ပြီး ရှေနေနဲ့တိုင်ပင်ဆောင်ရွက်နေပေမယ့်လည်း အဆင်ပြေမှုမရှိသေးဘူးလို့ ကိုရဲကိုက ပြောပါတယ်။   “လက်တလောမှာ သူကိစွကလိုက်ဖို့ခက်ခဲတယ်၊…

Read More

ရေဦးမှာ မိုင်းထောင်တယ်ဆိုပြီး ပစ်ခတ်ဖမ်းခံရလို့ တစ်ဦးသေ တစ်ဦးဖမ်းခံရ

စက်တင်ဘာ ၅ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး-တန့်ဆည်ကားလမ်း အင်တောကျေးရွာနဲ့ ပုဏ္ဏာကားကျေးရွာအကြား မူးဘောင်အနီး ကားလမ်းဘေးမှာ လူ ၃ဦးကို ရဲကားတွေနဲ့လာတဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။   ” အင်တောရွာနဲ့ ပုဏ္ဏကားရွာအကြား မူးဘောင်အနီး ကားလမ်းဘက်ဘေးမှာ ဖြစ်တာပါ ၊ လူ ၃ ယောက်က ကားလမ်းဘေးမှာ ဆိုင်ကယ်ရပ်ထားပြီး မြေကျင်းတူးနေတဲ့အချိန် ရဲကားတွေလာတာနဲ့ ပက်ပင်းတိုးပြီး အဲ့ဒီ လူ ၃ ဦးက ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ လှမ်းပစ်တယ်၊ ၂ ယောက်လွတ်သွားပြီး ၁ ယောက် အဖမ်းခံရတာကို မြင်တွေ့လိုက်ရတယ် ” လို့ လယ်ရေသွင်းပြီးပြန်လာချိန် အဲ့ဒီပစ်ခတ်မှုဖြစ်တဲ့နေရာဝန်းကျင်ကို ဖြန်သန်းသွားခဲ့သူတစ်ယောက်က ပြောပါတယ်။   ဒီမနက်အစောပိုင်းက ရေဦးမြို့နယ်၊ ချောင်းရိုးအုပ်စု၊ဖန်းခါးဇင်ကျေးရွာနေ…

Read More

အမရပူရမြို့နယ်မှာ ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေး၊ စင်တင်ဘာ ၅-၂၀၂၁ Ko Hik(VOM)   မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကမ်းပတ်လမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူ(၆)ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြင်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။   ” Dream 110ဆိုင်ကယ်တစ်စီးမှာ ဗုံးတပ်ထားတာထင်တယ် အဲ့ဒီကနေ ပေါက်တာ၊ လမ်းမှာသွားလာနေတဲ့ အမျိုးသား(၃)ဦး အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။   အမရပူရမြို့နယ်ဒေသခံတစ်ဦးကလည်း “ပေါက်တယ်ဆိုတာတော့ကြားတယ်၊ ကျွန်တော်တို့နဲ့ နည်းနည်းလှမ်းတော့ သွားမကြည့်ဖြစ်ဘူး၊ အခုတော့ အဲ့ဒီနေရာက အေးဆေးပါပဲ ဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။   ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်ကယ်အနီးမှာ ကီးပတ်ဖုန်းအပိုင်းအစနဲ့ဝါယာကြိုးအပိုင်းအစတွေလည်း တွေ့ရှိခဲ့တယ်လို့ သ်ိရပါတယ်။   ဒဏ်ရာရသူတွေကို လူမူကူညီရေးအသင်းကားနဲ့ အမရပူရမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။   မန္တလေးမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းအချို့မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်းတစ်ချို့ ဒဏ်ရာရကာ သေဆုံးသူအချို့လည်း…

Read More

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု တရုတ်နိုင်ငံစမ်းသပ် ကုန်သွယ်ခဲ့

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုခံနေရတဲ့ မြန်မာနိုင်ငံကို ထောက်ခံမှုပြသတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို ပြီးခဲ့တဲ့လက စတင်စမ်းသပ်ကုန်သွယ်ခဲ့တယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။   အဲ့ဒီလိုစမ်းသပ်ရာမှာ ကုန်သွယ်မှုလမ်းကြောင်းသစ်ကနေ ကုန်ပစ္စည်းကွန်တိန်နာ အလုံး ၆၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုပြုခဲ့တယ်လို့ဆိုပါတယ်။   ကွန်တိန်နာတွေတင်ဆောင်ထားတဲ့ကားတွေဟာ ရန်ကုန်ကတစ်ဆင့် ကုန်လမ်းခရီးနဲ့ နယ်စပ်မှာရှိတဲ့ ချင်းရွှေဟော်ကို မောင်းနှင်ခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လင်းဇန်ကိုသွားရောက်ခဲ့တယ်လို့ အဲ့ဒီသတင်းဌာနက ဖော်ပြထားပါတယ်။   မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တရုတ်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် Sun Guoxiang ဟာမကြာသေးမီက မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းသစ် စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။   အဲ့ဒီလမ်းကြောင်းသစ်ဟာ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်နိုင်ရေးမှာလည်း အထောက်အကူဖြစ်စေမယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ်…

Read More

ဆိပ်ကြီးခနောင်တိုမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၅၊ ၂၀၂၁ KK(VOM)   ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီကနေ့မနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့လိုက်ရတယ်လို့ ဒေသတွေဆီက သိရပါတယ်။   ဆမာဒူးဝါးရပ်ကွက်နေသူတစ်ဦးက ” အိမ်ထဲကနေ ဌက်ကြီးတောင်နဲ့ထွက်ခုတ်တာ၊ အဲ့ဒီရဲက နောက်မှာကျန်ခဲ့တော့ သူပဲထိတာ၊ ခုတ်တဲ့သူက ခုတ်ပြီးထွက်ပြေးတာ”လို့ VOMကို ပြောပါတယ်။   လှည့်ကင်းလှည့်သူတွေဟာ မြို့နယ်အတွင်းလှည့်လည်နေပြီး ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ ဒုတပ်ကြပ်တစ်ဦးဓားနဲ့ခုတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။   ဓားနဲ့ခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။   ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေနေတယ်လို့ သိရပါတယ်။   #voiceofmyanmar #VOM #ရန်ကုန် #ရဲတစ်ဦး #ဓားခုတ်ခံရ

Read More

အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေ

ဘန်ဒါဆရာဘဂါ၀မ်၊ စက်တင်ဘာ ၅-၂၀၂၁ မျိုးဆက် (VOM)   အာဆီယံအဖွဲ့က ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီးဖြစ်သူ Erywan Yusof ဟာ မြန်မာနိုင်ငံကိုလာမယ့် သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးကိုပါ ကြိုးစားနေတယ်လို့ စက်တင်ဘာ ၄ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   မြန်မာ့နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲဖြစ်ပွားပြီးနောက် နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ မြန်မာစစ်ဘက်တာ၀န်ရှိသူတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ စတငနိုင်ဖို့ အာဆီယံအဖွဲ့က အားထုတ်လုပ်ဆောင်လျှက်ရှိပါတယ်။   ဒီကိစ္စရပ်တွေမှာ သံတမန်ရေးရာနည်းလမ်းအရ ဆောင်ရွက်ဖို့အတွက် အထူးသံတမန်အဖြစ် Erywan Yusof ကို အာဆီယံအဖွဲ့က ခန့်အပ်ခဲ့တာဖြစ်ပါတယ်။   လက်ရှိမှာ မြန်မာနိုင်ငံကိုသွားဖို့ အရေးတကြီးလိုအပ်နေကြောင်း ၊ ဒါပေမယ့် မသွားခင်မှာ အာမခံချက်တွေရဖို့လိုတယ်လို့ Erywan Yusof ကရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ…

Read More

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

စက်တင်ဘာ ၅-၂၀၂၁ KK(VOM)   ဟားခါးမြို့နယ်၊ စျေးသစ်ရပ်ကွက်ရှီ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးကို မနေ့ည ၁၂နာရီဝန်းကျင်က အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်လို့ ရဲတစ်ဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။   အမည်မဖော်လိုသူဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက”ဝန်ထမ်းအိမ်ယာဘက်ကနေ ဗုံးနဲ့ပစ်တယ်၊ သူပစ်ကိုယ်ပစ်အပြန်အလှန်ပစ်ခတ်တာကြားရတယ်၊ ရဲတစ်ဦးသေတယ်လို့ကြားတယ်၊ အချို့လည်း ဒဏ်ရာရတယ်လို့ သိရတယ်”လို့ ပြောပြပါတယ်။   လက်တလောမှာ ဟားခါးမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး စစ်တပ်နဲ့ရဲတွေဟာ ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   #voiceofmyanmar #VOM #ဟားခါး

Read More

အာဖဂန်မှာ အမျိုးသမီးအခွင့်အရေးများအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေ

ကဘူး၊ စက်တင်ဘာ-၅-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်အဖွဲ့က ထိန်းချုပ်ပြီးနောက် အမျိုးသမီးဒါဇင်ပေါင်းများစွာဟာ ကဘူးမြို့မှာ အမျိုးသမီးအခွင့်အရေး ဆန္ဒပြတောင်းဆိုမှုတွေကို စက်တင်ဘာ ၄ ရက်မှာပြုလုပ်ခဲ့ကြပါတယ်။   ဆန္ဒပြအမျိုးသမီးတွေဟာ သမ္မတနန်းတော်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြပြီး သူတို့ကို တာလီဘန်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေနဲ့ ပစ်မှတ်ထားဖြိုခွင်းခဲ့တယ်လို့ ဆိုပါတယ်။   ဒါပေမယ့် ဆန္ဒပြပွဲဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့တာကြောင့် တာလီဘန်တွေက ဖြိုးခွင်းထိန်းသိမ်း ခဲ့ရတာလို့ အာဖဂန်အခြေစိုက် တိုလိုသတင်းဌာနက ဖော်ပြထားပါတယ်။   နိုင်ငံကိုတာလီဘန်တွေက ထိန်းချုပ်ပြီးနောက် မြို့တော်ကဘူးနဲ့ ဟီရတ်တို့မှာ အမျိုးသမီးတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။   အမျိုးသမီးတွေကတော့ အလုပ်လုပ်ခွင့်နဲ့ အစိုးရအဖွဲ့မှာ ပါ၀င်ခွင့်ရရေးတို့ကို တောင်းဆိုနေကြပါတယ်။   လာမယ့် ရက်အနည်းငယ်အတွင်းမှာ အာဖဂန်အစိုးရသစ်ကို ဖွဲ့စည်းတော့မယ်လို့ တာလီဘန်တွေက ကြေညာထားပါတယ်။   အစိုးရအဖွဲ့မှာ အမျိုးသမီးတွေပါ၀င်ခွင့်ရမှာဖြစ်ပေမယ့်…

Read More
VOM News

FREE
VIEW