ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပစ်ခတ်ခံရပြီး ရဲတစ်ဦးသေဆုံး

စက်တင်ဘာ ၅-၂၀၂၁
KK(VOM)
 
ဟားခါးမြို့နယ်၊ စျေးသစ်ရပ်ကွက်ရှီ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးကို မနေ့ည ၁၂နာရီဝန်းကျင်က အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်လို့ ရဲတစ်ဦးသေဆုံးခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
အမည်မဖော်လိုသူဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက”ဝန်ထမ်းအိမ်ယာဘက်ကနေ ဗုံးနဲ့ပစ်တယ်၊ သူပစ်ကိုယ်ပစ်အပြန်အလှန်ပစ်ခတ်တာကြားရတယ်၊ ရဲတစ်ဦးသေတယ်လို့ကြားတယ်၊ အချို့လည်း ဒဏ်ရာရတယ်လို့ သိရတယ်”လို့ ပြောပြပါတယ်။
 
လက်တလောမှာ ဟားခါးမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ထားပြီး စစ်တပ်နဲ့ရဲတွေဟာ ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
#voiceofmyanmar #VOM #ဟားခါး

Related posts

Leave a Comment

VOM News

FREE
VIEW