အမရပူရမြို့နယ်မှာ ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွား

မန္တလေး၊ စင်တင်ဘာ ၅-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကမ်းပတ်လမ်းမှာ ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်တစ်စီးကနေ ဗုံးပေါက်ကွဲမှုဖြစ်ပြီး လမ်းသွားလမ်းလာ လူ(၆)ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြင်တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။
 
” Dream 110ဆိုင်ကယ်တစ်စီးမှာ ဗုံးတပ်ထားတာထင်တယ် အဲ့ဒီကနေ ပေါက်တာ၊ လမ်းမှာသွားလာနေတဲ့ အမျိုးသား(၃)ဦး အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရတယ်”လို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
 
အမရပူရမြို့နယ်ဒေသခံတစ်ဦးကလည်း “ပေါက်တယ်ဆိုတာတော့ကြားတယ်၊ ကျွန်တော်တို့နဲ့ နည်းနည်းလှမ်းတော့ သွားမကြည့်ဖြစ်ဘူး၊ အခုတော့ အဲ့ဒီနေရာက အေးဆေးပါပဲ ဘာမှမရှိတော့ပါဘူး”လို့ ပြောပါတယ်။
 
ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်ကယ်အနီးမှာ ကီးပတ်ဖုန်းအပိုင်းအစနဲ့ဝါယာကြိုးအပိုင်းအစတွေလည်း တွေ့ရှိခဲ့တယ်လို့ သ်ိရပါတယ်။
 
ဒဏ်ရာရသူတွေကို လူမူကူညီရေးအသင်းကားနဲ့ အမရပူရမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
 
မန္တလေးမြို့က ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းအချို့မှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်းတစ်ချို့ ဒဏ်ရာရကာ သေဆုံးသူအချို့လည်း ရှိပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး #ဆိုင်ကယ် #ဗုံးပေါက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW