မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခု တရုတ်နိုင်ငံစမ်းသပ် ကုန်သွယ်ခဲ့

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုခံနေရတဲ့ မြန်မာနိုင်ငံကို ထောက်ခံမှုပြသတဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးလမ်းကြောင်းသစ်တစ်ခုကို ပြီးခဲ့တဲ့လက စတင်စမ်းသပ်ကုန်သွယ်ခဲ့တယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။
 
အဲ့ဒီလိုစမ်းသပ်ရာမှာ ကုန်သွယ်မှုလမ်းကြောင်းသစ်ကနေ ကုန်ပစ္စည်းကွန်တိန်နာ အလုံး ၆၀ ခန့်ကို ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်မှုပြုခဲ့တယ်လို့ဆိုပါတယ်။
 
ကွန်တိန်နာတွေတင်ဆောင်ထားတဲ့ကားတွေဟာ ရန်ကုန်ကတစ်ဆင့် ကုန်လမ်းခရီးနဲ့ နယ်စပ်မှာရှိတဲ့ ချင်းရွှေဟော်ကို မောင်းနှင်ခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လင်းဇန်ကိုသွားရောက်ခဲ့တယ်လို့ အဲ့ဒီသတင်းဌာနက ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် တရုတ်ထိပ်တန်းတာ၀န်ရှိသူတစ်ဦးဖြစ်တဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် Sun Guoxiang ဟာမကြာသေးမီက မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ပြီးနောက် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းသစ် စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီလမ်းကြောင်းသစ်ဟာ မြန်မာနိုင်ငံနဲ့ကုန်သွယ်မှုကို မြှင့်တင်နိုင်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်နိုင်ရေးမှာလည်း အထောက်အကူဖြစ်စေမယ်လို့ ဆောက်ချိုင်းနားမောနီးပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။
 
တရုတ်နိုင်ငံဟာ ပိုးလမ်းမစီမံကိန်းမှတစ်ဆင့် အရှေ့တောင်အာရှမှာ သူ့ရဲ့သြဇာလွှမ်းမိုးနိုင်ဖို့ စိတ်အားထက်သန်နေပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေမှာ အကြီးအကျယ် ရင်းနှီးမြုပ်နှံမှုပြုနေပါတယ်။
 
Ref: Bloomberg
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW