ရန်ကုန်မြို့က မြို့နယ်(၃)ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့

ရန်ကုန်၊စက်တင်ဘာ ၅-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ၊ကမာရွတ်နဲ့မင်္ဂလာဒုံမြို့နယ်က စည်ပင်ရဲဝန်ထမ်းအိမ်ရာ၊ဆက်သွယ်ရေးရုံးနဲ့ ဆီဆိုင်တွေမှာ မနေ့ စက်တင်ဘာ ၄ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြောက်ဥက္ကလာပမြို့နယ် ဋရပ်ကွက် သုနန္ဒာလမ်းဆုံဆက်သွယ်ရေးရုံးအနီးမှာ မနေ့ည၉ နာရီခန့် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သုန္ဒာလမ်းကပြည်သူတစ်ဦးကပြောပါတယ်။
 
“ဗုံးက နှစ်ခါပေါက်တာ ၉နာရီမှာတစ်ကြိမ် နောက်မိနစ် ၂၀အကြာမှာ တစ်ကြိမ်ပေါက်တယ်၊ ရုံးနားမှာပေါက်တယ်ပြောတယ် လူတော့မထိခိုက်ဘူး”လို့ သူကရှင်းပြပါတယ်။
 
ကမာရွတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗဟိုလမ်းမကြီးပေါ်မှာရှိတဲ့ စည်ပင်ရဲဝန်ထမ်းအိမ်ရာအတွင်း မနေ့ည၇နာရီက ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိဘူးလို့ ၇ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
အလားတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ခြောက်လမ်းသွားလမ်းမပေါ်ရှိ Terminal ဓာတ်ဆီဆိုင်အနီးအနောက်ဖက်၊ Elite ကားဝင်းရှေ့မှာလည်း မနေ့ည ၈နာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ကျေးရွာနေသူတစ်ဦးက ပြောပါတယ်။
 
မနေ့ စက်တင်ဘာ ၄ရက် မနက်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင်နို့ချက်စက်ရုံနဲ့မြောက်ဒဂုံမြို့မရဲ
စခန်းမှာ ဗုံးပေါက်ခဲ့လို့ ရဲတစ်ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW