မန္တလေး ဒုမြို့တော်ဝန် ကွယ်လွန်

မန္တလေး၊ စက်တင်ဘာ ၈-၂၀၂၁
Voice Of Myanmar

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဖြစ်သူ ဦးစောဟန်ဟာ ဒီကနေ့မနက်ပိုင်းက ဦးနှောက်သွေးကြောပေါက်ရောဂါနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းက အတည်ပြုပြောပါတယ်။

“ဟုတယ် မနက် ၆နာရီခွဲလောက်က ဆုံးတာပါ၊ ဦးနှောက်ထဲ သွေးရောက်ပြီး ဆုံးသွားတာလို့သိပါတယ်။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းခန့်ကတည်းက နေမကောင်းဖြစ်လို့ မန္တလေးမြို့က မင်္ဂလာဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ အဲ့ဒီဆေးရုံမှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဦးစောဟန်ဟာ နစကကောင်စီရဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်ဖွဲ့စည်းရာမှာ ပြန်လည်ပါဝင်ခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။

NLDပါတီ အစိုးရအဖြစ်အုပ်ချုပ်စဉ်ကာလတုန်းကလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။

Photo-SawHan (FB)
#voiceofmyanmar #VOM #မန္တလေး #ဒုမြို့တော်ဝန် #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW