“အလွမ်းမြေ့မြေ့ တောင်သမန်နေ့ရက်တွေ”

သွေး (စစ်ကိုင်း) စာပေချစ်မြတ်နိုးသူ အတော်များများဟာ တောင်လေးလုံးကျောင်းတိုက်မှာ ကျင်းပတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲကို တစ်နှစ် မဟုတ် တစ်နှစ် တက်ရောက်ဖြစ်တတ်ကြပါတယ်။ ဆရာမကြီးရဲ့ မွေးနေ့ကို နှစ်စဉ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပတာ ဖြစ်သလို ‘အညာ’ နဲ့ ‘အကြေ’ က စာရေးဆရာတွေ၊ ကဗျာဆရာတွေ ဆုံစည်းကြတဲ့ပွဲ ဆိုရင်လည်း မမှားပါဘူး။ ဖိတ်စာနဲ့ တကူးတကန့် ဖိတ်ကြားပြုလုပ်တဲ့ပွဲမဟုတ်ပေမယ့် ရောက်လာကြသူတွေမှာ တူညီတာ တစ်ခုကတော့ ‘အမေမာ’ လို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကို လေးစားချစ်ခင်မှု ရှိကြတာပါပဲ။ မန္တလေးမြို့မှာ ဖန်တီးမှုအားကောင်းတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ၊ ပန်းပု၊ သဘင်၊ ဂီတ စတဲ့အနုပညာရှင်တွေ အများကြီးရှိတဲ့မြို့ဖြစ်တဲ့အပြင် မြန်မာနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာမြို့၊ အစဉ်အလာကြီးမားတဲ့ မန္တလေးတက္ကသိုလ် ရှိရာမြို့၊ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့…

Read More

မုံရွာမြို့မှာ အလုပ်လက်မဲ့အခြေအနေတွေကြောင့် အခြေခံလူတန်းစားတွေ စားဝတ်နေရေးပိုကျပ်တည်းလာ

စက်တင်ဘာ ၁၁-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ရပ်ကွက်တိုင်းမှာ တနေ့လုပ်တနေ့စားအခြေခံလူတန်းစားတွေအများအပြားရှိနေပါတယ်။ အဲ့ဒီအခြေခံလူတန်းစားတွေအနေနဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းနဲ့ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့လာကြတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အလံဖြူတွေထောင်ပြီး အကူအညီတောင်းခံစားသောက်ခဲ့ကြပေမယ့် တနေ့ထက်တနေ့ အလံဖြူထောင်တဲ့မိသားစုတွေများပြားလာတဲ့အတွက် အလှူရှင်တွေအနေနဲ့လည်း လှူဒါန်းမှုတွေလျော့နည်းလာတယ်လို့ သိရပါတယ်။ တချို့အလှူရှင်တွေမှာတော့ မုန့်ဟင်းခါး၊ ဆန်ပြုတ် စတာတွေကို တပိုင်တနိုင် ချက်ပြုတ်လှူဒါန်းမှုတွေရှိနေပြီး စားဝတ်နေရေးကျပ်တည်းနေသူတွေမှာ အဲ့ဒီအလှူရှင်တွေကိုပဲ အမှီပြုစားသောက်နေကြရတယ်လို့ ပြောဆိုကြပါတယ်။ အခုလိုအခြေအနေတွေဖြစ်နေတဲ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာ (၇) ရက်နေ့က NUG ရဲ့ ကြေညာချက်ကြောင့် မုံရွာမြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေအပါအဝင် ကျေးလက်တောရွာကပြည်သူတွေကပါ စားနပ်ရိက္ခာဝယ်ယူစုဆောင်းမှုတွေ ရှိလာခဲ့ပါတယ်။ အခုလိုအချိန်မှာ စီးပွားရေးအဆင်ပြေနေသူတွေက ဝယ်ယူစုဆောင်းနိုင်ကြပေမယ့် စားဝတ်နေရေးကျပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေအနေနဲ့ကတော့ ဝယ်ယူစုဆောင်းနိုင်ခြင်းမရှိဘူးလို့ ပြောဆိုကြပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီကြေညာချက်ထုတ်ပြီးကတည်းက မုံရွာမြို့နဲ့အနီးတဝိုက်မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေရှိနေတဲ့အတွက် အလုပ်အကိုင်နဲ့သွားရေးလာရေးတွေပါ ပိုမိုခက်ခဲလာကြပါတယ်။ ဒါ့ကြောင့် အခြေခံလူတန်းစားတွေအနေနဲ့…

Read More

မင်းကင်းနယ်က လူ၄ယောက်ကို လက်နက်ကိုင်အဖွဲ့တခုကဖမ်းပြီး ပစ်သတ်ပေမယ့် တယောက်မသေဘဲလွတ်မြောက်လာ

စက်တင်ဘာ ၊ ၁၀ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် သင်တောကျေးရွာအုပ်စု ၊ ကမ်းပြည့်ကျေးရွာမှ ရောက်ရှိနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး (၇) အဖွဲ့ကဆိုတဲ့ လမ်းလုပ်သားတွေကို ဩဂုတ်လ ၇ ရက် ည ၈ နာရီ အချိန်မှာ သေနတ်တွေကိုင်ဆောင်ထားတဲ့ လူအယောက် ၅၀ ကျော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်တခုဖြစ်ခဲ့တယ်လို့ မင်းကင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   မင်းကင်းမြို့နယ် ကမ်းပြည့်ရွာခံ တစ်ယောက်ပြောပြတာက   “အောင်ဆန်းဦးရဲ့ အိမ်ကိုဝင်ရောက်လာခဲ့ပြီး အဲ့ဒီအိမ်မှာ တည်းခိုနေတဲ့ လမ်းတံတား တည်ဆောက်ရေး အထူး ၇ အဖွဲ့က လမ်းလုပ်သား ၃ ယောက်နဲ့ အိမ်ရှင် ကိုအောင်ဆန်းဦး အပါအဝင် လူ ၄ ယောက်ကို…

Read More

နှစ်နိုင်ငံပြိုင်ဆိုင်မှုမှ ပဋိပက္ခဖြစ်မလာဖို့ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ ဆွေးနွေး

၀ါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM)   အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ခုနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၉ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။   သမ္မတနှစ်ဦးဟာ နှစ်နိုင်ငံဘုံအကျိုးစီးပွားအတွက် နယ်ပယ်ကဏ္ဍအသီးသီးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။   ဒီဆွေးနွေးမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ယှဉ်ပြိုင်မှုတွေကို တာ၀န်ယူစီမံဖို့ အမေရိကန်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အိမ်ဖြူတော်ကဆိုပါတယ်။   ယှဉ်ပြိုင်မှုတွေကတစ်ဆင့် ပဋိပက္ခတွေဖြစ်မလာဖို့ နှစ်နိုင်ငံစလုံးမှာ တာ၀န်ရှိတယ်လို့ သမ္မတနှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။   ဒီလို တယ်လီဖုန်းဆက်သွယ်ဆွေးနွေးတာဟာ သမ္မတဂျိုးဘိုင်ဒင် အာဏာရပြီးနောက် ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုလည်းဖြစ်ပါတယ်။   အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတွေဟာ ကုန်သွယ်ရေး၊ သူလျှိုကိစ္စနဲ့ ကပ်ရောဂါလိုမျိုး ပြဿနာတွေကြောင့် တင်းမာနေပါတယ်။   Ref: BBC Photo: Getty…

Read More

ဆန်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်း အရပ်သားတစ်ဦး သေဆုံး

စက်တင်ဘာ ၁၀-၂၀၂၁ Shy V (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် နမ့်တောင်းနဲ့ ကြူကုတ် (ပန်ဆိုင်း)ကြား လုံခန်ရွာအနီးမှာ ဆန်အိတ်တွေတင်လာတဲ့ကားတစ်စီး ဗုံးခွဲခံရပြီး ယာဉ်မောင်းဖြစ်သူ အရပ်သားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” ဆန်တင်တဲ့ တရုတ် တုံဖုန်းကားအသေးပါ။ ကားမောင်းတဲ့သူလည်း အဲ့ဒီကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့ မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာ မြင်တယ်။ နမ့်တောင်းအဝင် လွယ်ဝိန်း၊ လုံခန် – လွယ်ဝိန်းအောက်က အကွေ့မှာ စစ်တပ်ရဲ့ ရိက္ခာတင်လာတဲ့ တုံဖုန်းကားကို နေ့ခင်း ၁ နာရီ ကျော်ခန့်မှာ လာဖောက်ခွဲပစ်လိုက်တာ၊ ကားသမားတော့ အဲ့ဒီနေရာမှာပဲ သေသွားပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။   လက်ရှိမှာတော့ နမ့်တောင်းအကျော် ကြူကုတ် (ပန်ဆိုင်း)သွားတဲ့…

Read More

ဂျပန်နိုင်ငံမှာ အီတာ သန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှု စတင်တွေ့ရှိ

တိုကျို၊ စက်တင်ဘာ-၁၀-၂၀၂၁ မျိုးဆက်(VOM)   ဂျပန်နိုင်ငံမှာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု ၁၈ ခုကို တွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်လိုကပါတယ်။   ဒါဟာ နိုင်ငံအတွင်းမှာ အဲဒီ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်တာဖြစ်ပါတယ်။   အီတာဗိုင်းရပ်စ်မျိုးကွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး စောင့်ကြည့်လေ့လာရမယ့် ဗိုင်းရပ်စ်မျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။   လက်ရှိကူးစက်ခံရသူတွေကတော့ ပြီးခဲ့တဲနှစ်ဒီဇင်ဘာကနေ စက်တင်ဘာ ၃ ရက်အတွင်း ဂျပန်နိုင်ငံကို ရောက်ရှိပြီးနောက် ကွာရန်တင်းစင်တာတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူတွေဆီကနေ နမူနာတွေကို ရယူစမ်းသပ်ခဲ့ရာ အီတာသန္ဓေပြောင်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုခံရသူ ၁၈ ခုဦးကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။   လက်ရှိမှတော့ အီတာသန္ဓေပြောင်းဗိုင်းရပ်စ် မျိုးကွဲဟာ အမေရိကနနဲ့…

Read More

ဂန့်ဂေါ ကလေး ကားလမ်းဘက်က ရွာတချို့မှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်ကျဆုံးမှုရှိ

စက်တင်ဘာ ၊ ၁၀ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ဂန့်ဂေါ ကလေး ကားလမ်းဘက်ရွာတွေမှာ မနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်းက စစ်တပ်နဲ့ အရပ်သား လက်နက်ကိုင်တွေ ပစ်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ ဂန့်ဂေါမြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   အဲ့ဒီ ၂ ဖက် ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးကပ်စွာရှိတဲ့ တောင်ခင်ရန်းရွာခံ တစ်ယောက်က   ” စစ်သားတွေက ကင်းလှည့်လာတယ် ၊ အဲ့ဒါကို ၉ ရက် ၉ လ 99 တိုက်ပွဲဆိုပြီး ရွာဘက်က ကလေးတွေက မိုင်းဖောက်ခွဲပြီး ပစ်ခတ်တာတွေ လုပ်တယ် ၊ အဲ့ဒီမှာ ၂ ဖက် ပစ်ခတ်မှုတွေ…

Read More
VOM News

FREE
VIEW