ကျိုက်ထိုမှာ ပါတီဥက္ကဌတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၇-၂၀၂၁
KK(VOM)
 
ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းတိုးချဲ့ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၁၆ရက်နေ့ ညနေပိုင်းက ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ပြည်နယ်ဥက္ကဌ သေနတ်
နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
မြောက်ပိုင်းတိုးချဲ့ရပ်ကွက်၊ ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့မှာဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်နဲ့ခေါင်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
“ခေါင်းကို သေနတ်နဲ့နှစ်ချက်ပစ်ခံရတာ ကျိုက်ထိုဆေးရုံကို ပို့ပြီး ရန်ကုန်ဆေးရုံကို လွှဲဖို့လုပ်တဲ့အခါ ဆုံးသွားတာ၊ ချက်ချင်းသေတာ မဟုတ်ပါဘူး”လို့ သူကပြောပါတယ်။
 
သေဆုံးသူဟာ ဦးရန်ရှင်းဆ်ိုသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူအကျိုးပြုကျောင်းသားများပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူတစ်ဦးဖြစ်ပြီး အရင်က ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ကာ ငွေအရှုပ်အရှင်းကိစ္စတွေကြောင့် ပါတီကနေ ထုတ်ပယ်ခံရသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
 
မေလကစပြီး ကျိုက်ထိုမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီရုံး၊ ဌာနဆိုင်ရာရုံး၊ Mytelတာဝါတိုင်တွေမှာ ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ရဲသတင်းပေးဆိုသူတွေ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထို

Related posts

Leave a Comment

VOM News

FREE
VIEW