အမေရိကန်နဲ့ သြစတြေးလျမှ သံတမန်တွေကို ပြင်သစ်နိုင်ငံ ပြန်လည်ခေါ်ယူ

ပါရီ၊ စက်တင်ဘာ-၁၈-၂၀၂၁
မျိုးဆက် (VOM)
 
ပြင်သစ်နိုင်ငံဟာ အမေရိကန်၊ သြစေတြးလျနဲ့ ဗြိတိန်တို့ပါ၀င်တဲ့ လုံခြုံရေးသဘောတူညီချက်အပေါ် ကန့်ကွက်မှုအဖြစ် အမေရိကန်နဲ့ သြစတြေးလျမှ သူတို့ရဲ့ သံတမန်တွေကို တိုင်ပင်ဆွေးနွေးဖို့ အတွက် ပြန်လည်ခေါ်ယူထားတယ်လို့ ပြင်သစ်နိုင်ငံက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဒီလိုလုပ်ဖို့အတွက် ထူးခြားသောဆုံးဖြတ်ချက်ဟာ လက်ရှိအခြေအနေတွေကြောင့် မျှတတယ်လို့ ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။
 
Aukus လို့အမည်ရတဲ့ အဲဒီသုံးနိုင်ငံသဘောတူညီချက်အရ အမေရိကန်နဲ့ဗြိတိန်တို့ဟာ သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတည်ဆောက်ဖို့ နည်းပညာ ပေးအပ်မှာဖြစ်ပါတယ်။
 
ဒီလိုလုပ်ဆောင်ခြင်းကြောင့် သြစတြေးလျနဲ့အတူချုပ်ဆိုထားတဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ သဘောတူညီမှု ပျက်ပြားမယ့်အပေါ် ပြင်သစ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။
 
အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသုံးနိုင်ငံရဲ့ လုံခြုံရေးသဘောတူညီချက်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။
 
Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW