စလင်းမြို့နယ် NLDပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁
KK(VOM)
 
မကွေးတိုင်း၊ စလင်းမြို့နယ်က NLDပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်နိူင်ကို မနေ့ စက်တင်ဘာ ၂၁ရက် နေလယ်ပိုင်းက နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စလင်းမြို့နယ်NLDပါတီဝင်တစ်ဦးက” ဘာကြောင့်ထပ်ဖမ်းလဲမသိဘူး၊ အရင်တစ်ခေါက်လဲ ဖမ်းသေးတယ်၊ အခုက ဒုတိယအကြိမ်ထပ်ဖမ်းတာ၊ ဦးသက်နိူင်ကို ပထမအကြိမ်ဖမ်းဆီးရာမှာ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လည်လွှတ်ပေးခဲ့တယ်”လို့ ပြောပါတယ်။
 
လက်တလောမှာ ဦးသက်နိူင်ကို စလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
ဖမ်းဆီးခံရသူ ဦးသက်နိူင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြုပြီး စလင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ ၂၀၁၅နဲ့၂၀၂၀မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိထားတဲ့ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်ကလည်း စလင်းမြို့နယ် ငသိုင်းချောင်းကျေးရွာက CDMပြုလုပ်နေတဲ့ အထက်တန်းပြဆရာမ(၁)ဦးကို စစ်တပ်နဲ့ရဲတွေက ပွင့်ဖြူမြို့နယ်၊ အရှေပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းမှာ ဖမ်းဆီးခဲ့ပါသေးတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၁၄ရက်‌ နေ့ ကလည်း စလင်းမြို့နယ်ရဲ့ NLDပါတီအလုပ်မှုဆောင်အဖွဲ့ဝင်(၁)ဦး၊ ပစ်ခတ်ဒဏ်ရာနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
 
စလင်းမြို့နယ်က ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှုတွေရှိခဲ့လို့ ရွာသားတချို့တိမ်းရှောင်ထွက်ပြေးရသလို ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
#voiceofmyanmar #VOM #စလင်း

Related posts

Leave a Comment

VOM News

FREE
VIEW