တိုက်ကြီးမြို့နယ်က ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၂၂-၂၀၂၁
GH (VOM)
 
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရဲသတင်းပေးလို့နာမည်ထွက်တဲ့ ဗောဓိကုန်းရပ်ကွက် ရာအိမ်မှူးကို အမည်မသိလူတချို့က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
သေဆုံးသူဟာ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး သိန်းဝင်းဇော် ဆိုသူဖြစ်ပြီး လ္ဘက်ရည်ဆိုင်ထိုင်ပြီးပြန်အထွက်မှာ ဆိုင်ကယ်နဲ့ လူ၂ယောက်က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
 
” သူက ရာအိမ်မှူးကိုမှ သတင်းပေးဆိုပြီးနာမည်ထွက်နေတာပေါ့။ သေနတ်က ရင်ဘတ်ကိုမှန်တယ်လို့သိရတယ်။သူက လ္ဘက်ရည်ဆိုင်မှာ ရပ်ကွက်လူကြီးတွေနဲ့သွားထိုင်တာ ၊ပြန်အထွက်မှာ ဆိုင်ကယ်နဲ့လာပစ်သွားတာ ။ တိုက်ကြီးမှာ အခုလိုသတင်းပေးသတ်ခံရတာပထမဆုံးပဲ ” လို့ရပ်ကွက်နေသူတစ်ဦးကပြောပါတယ် ။
 
အဲ့ဒီ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ ဗောဓိကုန်းရပ်ကွက်မှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တဲ့အပြင် တိုက်ကြီးမြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို ဖုန်းကအစ စစ်ဆေးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ရန်ကုန်မှာ မနေ့စက်တင်ဘာ ၂၁ရက် မနက်ပိုင်းကလည်း ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်က ရာအိမ်မှူးလည်းဖြစ်သလို ၊ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဌဖြစ်သူ ကိုလွင်မျိုးဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
 
နောက်ပြီး လှိုင်သာယာမြို့နယ်မှာတော့ ဗုံး ၆ လုံးပေါက်ကွဲခဲ့ပြီး ရဲအရာရှိနဲ့ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #တိုက်ကြီး #ရာအိမ်မှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW