ပုဂံ- ကျောက်‌ပန်းတောင်း ကားလမ်းဘေးက အလှဆင်ထန်းတဲဆိုင်တွေ ချေးငွေပြန်ဆပ်ဖို့ အခက်တွေ့

စက်တင်ဘာ ၂၆-၂၀၂၁
ထွန်းတောက်(VOM)

မန္တလေးတိုင်း၊ ပုဂံညောင်ဦး- ကျောက်ပန်းတောင်းသွား ကားလမ်းဘေးမှာ ခရီးသွားဧည့်သည်တွေကို အမှီပြုရောင်းချနေတဲ့ ထန်းတဲအလှဆင်စားသောက်ဆိုင်တွေ အများအပြားရှိနေတာဖြစ်ပါတယ်။

အဲ့ဒီစားသောက်ဆိုင်နေရာတွေဟာ အရင်က ယာမြေနေရာတွေဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာချိန်မှာ စားသောက်ဆိုင်လုပ်ငန်းတွေ အဆင်ပြေလာတဲ့အတွက် အဲ့ဒီယာမြေတွေပေါ်မှာ စားသောက်ဆိုင်တွေ ဖွင့်လှစ်ရောင်းချလာခဲ့တာလည်းဖြစ်ပါတယ်။

အခုလို စားသောက်ဆိုင်တွေဖွင့်လှစ်ရောင်းချတဲ့နေရာမှာ တချို့စားသောက်ဆိုင်တွေက ကိုယ်ပိုင်အရင်းအနှီးနဲ့ဖွင့်လှစ်ရောင်းချကြသလို တချို့က အသေးစားချေးငွေကုမ္ပဏီတွေကနေ အရင်းအနှီးထုတ်ချေးကာ မြေနေရာဝယ်ယူပြီး စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူတွေလည်းရှိနေပါတယ်။

လက်ရှိမှာ စားသောက်ဆိုင်တွေအနေနဲ့ ကိုဗစ်ရောဂါ နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အရောင်းအဝယ်တွေမဖြစ်ကြတော့ဘဲ အသေးစားချေးငွေလုပ်ငန်းတွေကနေ ငွေချေးထားသူတွေမှာ ချေးငွေပြန်ဆပ်ဖို့အတွက် အခက်အခဲတွေရှိလာနေပါတယ်။

ချေးငွေလုပ်ငန်းတွေအနေနဲ့လည်း ကိုဗစ်ကာလမှာ အလုပ်အကိုင်တွေ အဆင်မပြေတဲ့အတွက် ချေးငွေပြန်ဆပ်ရမယ့်ကာလကို (၆) လအထိဆိုင်ငံ့ပေးထားပြီး လက်ရှိမှာတော့ အတိုးနှုန်းတွေကို ပြန်လည်ကောက်ခံနေတယ်လို့ စားသောက်ဆိုင်ရှင်တွေကပြောပါတယ်။

အခုလို အတိုးနှုန်းတွေကောက်ခံရတာဟာလည်း ချေးငွေမသွင်းနိုင်တဲ့သူများပြီး အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကုမ္ပဏီတွေအနေနဲ့ ရပ်တည်လည်ပတ်ဖို့ ခက်ခဲလာတာကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့်နည်းလမ်းကို စဉ်းစားပြီး ကောက်ခံတာဖြစ်တယ်လို့ အသေးစားချေးငွေလုပ်ငန်းတခုရဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင် အရင်က ယာလုပ်ငန်းလုပ်ကိုင်နေရာကနေ စားသောက်ဖွင့်လှစ်ရောင်းချဖို့ ဆိုင်တွေဆောက်ပြီးမှ ဒီကနေ့အချိန်အထိ ယာလည်းလုပ်မရ ဆိုင်လည်းမရောင်းချရသေးဘဲ အခက်တွေ့နေတဲ့ ယာရှင်ဆိုင်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်းတဲဆိုင် #ချေးငွေ #အခက်အခဲ

Youtube Link – https://youtu.be/V7bOTZ-_mAw

Related posts

Leave a Comment

VOM News

FREE
VIEW