ပဲခူးက လျှပ်စစ်ဆိုင်ပိုင်ရှင် သားအဖ အသတ်ခံရကိစ္စနဲ့ အလုပ်သမား၃ ဦးနဲ့ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း

ပဲခူး၊စက်တင်ဘာ ၁၉-၂၀၂၁ KK(VOM)   ပဲခူးမြို့နယ် မဇင်းရပ်ကွက်က၊ လွင် (လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ Rubyကားအလှဆင်လုပ်ငန်း)မှ ပိုင်ရှင်သားအဖနှစ်ဦးအသတ်ခံရတာနဲ့ပတ်သက်ပြီး အလုပ်သမားသုံးဦးနဲ့ ဆက်နွယ်သူတွေကို သံသယနဲ့ဖမ်း ဆီးထားတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။   ပဲခူးမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းက လွင်(လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် Rubyကားအလှ ဆင်လုပ်ငန်း)ပိုင်ရှင် မိသားစုဟာ ဆိုင်ပိတ်ပြီး မဇင်းရပ်ကွက် ဒိုဘီတန်းရှိ နေအိမ်ကိုပြန်လာချိန် ပိုင်ရှင်ဖြစ်သူဦးဘိုဘိုလွင်နဲ့ သားဖြစ်သူမောင်နောင်ထွန်းလွင်တို့နှစ်ဦးကို ဆိုင်အလုပ်သမားသုံးဦးက ရိုက်နှက်ထိုးကြိတ်ခဲ့လို့ သေဆုံးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။   “ကောင်လေးက အရင်သေတာ အဖေဖြစ်သူက ဓားဒဏ်ရာနဲ့ဆေးရုံကိုအသွား လမ်းမှာသေတာ၊ မနေ့က သားအဖနှစ်ယောက် အသုဘချတာ တရားခံသုံးယောက်မိထားတယ်လို့တော့ ကြားတယ်”လို့ ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။   ဓားနဲ့ထိုးခဲ့တဲ့လူငယ်(၃)ဦးကို သေဆုံးသွားတဲ့ ကိုဘိုဘိုလွင်က ပစွည်းအတင်အချလုပ်ဖို့ ခေါ်ထားတာဖြစ်ပြီး လူသတ်မှုမဖြစ်ခင် သုံးရက်က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ဆူပူဆဲဆိုခဲ့တာလည်း ရှိတယ်လို့…

Read More

ကလေးနယ် လက်ပံခုံကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်လို့ အရပ်သား ၂ ဦးသေဆုံး

စက်တင်ဘာ ၊ ၁၉ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ လက်ပံခုံကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၈ ရက်က ပစ်ခတ်မှုတွေဖြစ်ပြီး အရပ်သား ၂ ဦး ကျည်ဆံမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” လက်ပံခုံလို့လည်း ခေါ်ကြသလို ၊ စည်ပင်ကြီးလို့ခေါ်တယ် ၁၇ ရက်နေ့က သတင်းပေးသူလို့ နာမည်ထွက်နေတဲ့ အမျိုးသမီး ၁ ယောက် သတ်ခံရတာရှိတယ် ၊ အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မနေ့ စက်တင်ဘာ ၁၈ က ရွာကို ရဲနဲ့ စစ်သားတွေရောက်လာတယ် ၊ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး နာမည်မသိရသေးတဲ့ အရပ်သား လူ ၂ ယောက် သေနတ်မှန်ပြီး သေတာ ”…

Read More

မန္တလေးရောက်လျှင် ဘယ်နှပြ လမ်းလျှောက်ကြမလဲ

ဆူးငှက် ရတနာပုံမြို့တည် နန်းတည် သတ္တဌာနမှာပါဝင်သည့် ကျုံးမြို့ရိုး အပါအဝင်၄၈ ရပ်သော ပြာသာဒ်များကား မန္တလေးမြို့၏ ထင်ရှားသော အမှတ်အသားဖြစ်ပါ၏။ ကျုံးမြို့ရိုးနှင့် ၄၈ ရပ်ပြာသာဒ်များတွင် ဓာတ်တံခါး၊ မိတ်တံခါးများဖြင့် ခွဲထားသည်။ အဆိုပါ တံခါးပြာသာဒ်များ ကြားတွင်လည်း ပြအိုးပြသာဒ်များရှိသေးသည်။ ထို့ကြောင့် ရွှေမြို့တော်ကြီး လေးဘက်လေးတန်တွင် ဓာတ်တံခါးကြီး ၄ပေါက်၊ မိတ်တံခါး ၈ပေါက်၊ ပြအိုးပြာသာဒ် ၃၂ဆောင်၊ ထောင့်ပြာသာဒ် ၄ဆောင် စုစုပေါင်း ၄၈ရပ်ပြာသာဒ် အဆောင်ပေါင်းရှိသည်။ တစ်ဖက်မှာ အရှည် တာ ၆၀၀ (၁မိုင်၂ဖာလုံ၅၅ကိုက်) ရှိပြီး၊ အမြင့် ၂၇ပေ၊ ထု ၁၀ ပေရှိသော အုတ်မြို့ရိုးကြီး၏ အလယ်ခေါင်တည့်တည့်က ဓာတ်တံခါးဖြစ်သည်။ ပြာသာဒ်က ဘုံခုနှစ်ဆင့်ရှိသည်။ ၄ မျက်နှာမှာ ဓာတ်တံခါးက ၄ပေါက်ရှိသည်။ အရှေ့ဖက်မှာ ဦးထိပ်တံခါး၊ တောင်ဖက်မှာ ကျော်မိုးတံခါး(မင်္ဂလာတံခါး) အနောက်ဖက်မှာ…

Read More

လိူင်မြို့နယ်က သတင်းပေးလို့စွပ်စွဲခံရသူ သေနတ်နဲ့ ပစ်သတ်ခံရ

ရန်ကုန်-စက်တင်ဘာ ၁၉ GH ( VOM )   ရန်ကုန်တိုင်း ၊ လိူင်မြို့နယ်က သတင်းပေးလို့ စွပ်စွဲခံရသူ တယောက် ဒီကနေ့ စက်တင်ဘာ၁၉ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားပြီဖြစ်တယ်လို့ အဲဒီရပ်ကွက်နေသူတွေဆီက သိရပါတယ်။   လိူင်မြို့နယ် ၊အုတ်ကျင်း ဘူတာရုံလမ်းနားမှာ သေနတ်နဲ့ပစ်ခံခဲ့ရတာဖြစ်ပြီး၊ အဲ့ဒီနောက်မှာ စစ်တပ်နဲ့ရဲ ရောက်လာပြီးတော့ လမ်းသွားလာတွေနဲ့ အသတ်ခံရတဲ့ပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။   ” သူက ရဲသတင်းလို့နာမည်ထွက်နေတာကြာပြီ၊ ၊ သူသတင်းပေးလို့ လိူင်ထဲက လူငယ်တွေဖမ်းခံခဲ့ရတာ ရှိတယ် ၊ ဒါကြောင့် အသတ်ခံရတယ်ထင်တယ်။ ဒီမနက်စောမှာ ပစ်သတ်ခံရပြီး လမ်းပေါ်လဲကျနေတာ လို့ကြားတယ်။ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။   သေဆုံးသူဟာ လိူင်မြို့နယ်မှာနေတဲ့ ဦးမောင်ဝင်းဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။  …

Read More

ကန်ကြီးထောင့်မြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဖမ်းဆီးခံရ

ဧရာဝတီ၊စက်တင်ဘာ ၁၉၊၂၀၂၁ KK(VOM)   ကန်ကြီးထောင့်မြို့နယ်မှာ မနေ့ စက်တင်ဘာ၁၈ရက် ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကန်ကြီးထောင့်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှုး ဦးပြည့်စုံ ဖမ်းဆီးခံရတဲ့အကြောင်း မြို့ခံတယောက် ပြောပြတာက   “ကန်ကြီးထောင့်မှာ အုပ်ချုပ်ရေးက ပြိုကွဲနေတာ ရပ်ကျေးအုပ်ကြီးတွေ ထွက်တာလည်း ပေးမထွက်ဘူး အခုဖမ်းသွားတဲ့မြို့အုပ်ဆို ဒလန်စာရင်းသွင်းထားတာ စဥ်းစားလို့မရဘူး”လို့ သူကပြောပါတယ်။   ဖမ်းဆီးခံရတဲ့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှုးဦးပြည့်စုံကို မြို့နယ်လောက်ကောင်များ ဖော်ထုတ်ရေးအဖွဲ့က ဒလန်ဆိုပြီး မတ်လ ၃၁ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားတာရှိပါတယ်။   ကန်ကြီးထောင့်မြို့နယ်မှာ ဇွန်လ ၁၄ရက်နေ့ကနေ သြဂုတ် ၉ရက်နေ့အထိ ရပ်ကျေးအုပ်ချုပ်မှုးနေအိမ်တွေ ၊သစ်တောရုံးတွေ ၊အထက်တန်းကျောင်းတွေ လ္ဘက်ရည်ဆိုင်တွေနဲ့ ဘုန်းကြီးစျာပနပွဲတွေမှာ ဗုံး၇ကြိမ်ပေါက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဥယျာဥ်စုရပ်ကွက်မှာနေတဲ့ ရဲသတင်းပေးဆိုတဲ့…

Read More

သတင်းပေးရင် ဆုငွေပေးမယ်လို့ အမိန့်ထွက်ပြီးနောက် ရွှေဘိုခရိုင်ထဲမှာ အဖမ်းခံရသူများသလို အသတ်ခံရသူလည်း နေ့တိုင်းနီးပါးရှိ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   သတင်းပေးတဲ့လူတွေကို နိုင်ငံတော်က ဆုကြေးငွေ ၅ သိန်းထုတ်ပေးမယ်လို့ အမိန့်တွေ ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ထဲက မြို့နယ် ၆ ခုထဲမှာ သတင်းပေးလို့ အမည်ထွက်နေတဲ့ လူတွေ နေ့တိုင်းနီးပါး အသတ်ခံနေရတယ်လို့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ရက် ၂၀ လောက်ရှိပြီ ရွှေဘိုခရိုင်ထဲမှာ လူသတ်မှု မဖြစ်တဲ့ရက်ဆိုတာ မရှိဘူး ၊ မြို့နယ် ၆ ခုထဲက တမြို့နယ် မဟုတ် ၊ တမြို့နယ် လှည့်ဖြစ်နေတာ ၊ အသတ်ခံရတဲ့သူတွေက စီးပွားရေးနဲ့ လူမှုရေး ပြသနာတွေကြောင့် မဟုတ်ဘူးလို့ သိရတယ် ” လို့ နာရေးကိစ္စရပ်တွေမှာ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း…

Read More

မြင်းခြံမှာ တစ်ရက်ထဲ လူ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရ

စက်တင်ဘာ ၁၈-၂၀၂၁ GH ( VOM)   မန္တလေးတိုင်း၊ မြင်းခြံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်ထဲ လူ ၃၀ ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ မိသားစုလိုက်ဖမ်းခံရသူတွေပါဝင်နေပြီး ဘာကြောင့်ဖမ်းဆီးသလဲ ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရှိရဘူးလို့ ပြောပါတယ်။   ” ထိန်ပန်းရွာက ၂၃ ယောက်ဖမ်းခံရတယ် လို့သိရတယ်၊ နောက် မြင်းခြံမြို့ပေါ်က -ငွေစန္ဒာလျှပ်စစ်ဆိုင်က မိသားစု၄ဦးနဲ့ အလုပ်သမား၂ဦး ဖမ်းခံရတယ်။ နောက်ထပ်ဖမ်းခံရတာတွေလည်းရှိတယ် ၊ ဘာကြောင့်ဖမ်းလဲဆိုတာ ကျနော်တို့လည်းသေချာမသိဘူး၊ ဝင်စစ်ပြီးဖမ်းတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။   ဖမ်းဆီးခံလိုက်ရသူတွေအနေနဲ့ ပြန်လွတ်လာသူရှိ၊မရှိကိုလည်း အတိအကျမသိရှိသေးကြောင်း ၊ လက်ရှိ မြင်းခြံမှာတော့ စစ်တပ်နဲ့ရဲက စစ်ဆေးမှုတွေတင်းကြပ်ထားပြီး လုံခြုံရေးအင်အားကိုလည်း နေရာတိုင်းမှာ ချထားတာတွေ့ရတယ်လို့ ပြောပါတယ်။   မြင်းခြံဒေသခံတစ်ဦးကလည်း”…

Read More

အမေရိကန်နဲ့ သြစတြေးလျမှ သံတမန်တွေကို ပြင်သစ်နိုင်ငံ ပြန်လည်ခေါ်ယူ

ပါရီ၊ စက်တင်ဘာ-၁၈-၂၀၂၁ မျိုးဆက် (VOM)   ပြင်သစ်နိုင်ငံဟာ အမေရိကန်၊ သြစေတြးလျနဲ့ ဗြိတိန်တို့ပါ၀င်တဲ့ လုံခြုံရေးသဘောတူညီချက်အပေါ် ကန့်ကွက်မှုအဖြစ် အမေရိကန်နဲ့ သြစတြေးလျမှ သူတို့ရဲ့ သံတမန်တွေကို တိုင်ပင်ဆွေးနွေးဖို့ အတွက် ပြန်လည်ခေါ်ယူထားတယ်လို့ ပြင်သစ်နိုင်ငံက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   ဒီလိုလုပ်ဖို့အတွက် ထူးခြားသောဆုံးဖြတ်ချက်ဟာ လက်ရှိအခြေအနေတွေကြောင့် မျှတတယ်လို့ ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။   Aukus လို့အမည်ရတဲ့ အဲဒီသုံးနိုင်ငံသဘောတူညီချက်အရ အမေရိကန်နဲ့ဗြိတိန်တို့ဟာ သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေတည်ဆောက်ဖို့ နည်းပညာ ပေးအပ်မှာဖြစ်ပါတယ်။   ဒီလိုလုပ်ဆောင်ခြင်းကြောင့် သြစတြေးလျနဲ့အတူချုပ်ဆိုထားတဲ့ ဒေါ်လာဘီလီယံနဲ့ချီတဲ့ သဘောတူညီမှု ပျက်ပြားမယ့်အပေါ် ပြင်သစ်နိုင်ငံက အမျက်ဒေါသထွက်နေပါတယ်။   အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျသုံးနိုင်ငံရဲ့ လုံခြုံရေးသဘောတူညီချက်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။  …

Read More

ကမာရွတ်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပြီး လူတစ်ဦး ဒဏ်ရာရ၊ ၄ဦးထပ်မနည်းဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၁၈-၂၀၂၁ KK(VOM)   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃) ရပ်ကွက်၊ လှည်းတန်း (၆)လမ်းထိပ်က King လဘ္ဘက်ရည်ဆိုင်ရှေ့မှာ ဒီကနေ့ မနက် ၆ နာရီက လူတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး လူ၄ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ” ၃ရပ်ကွက် လှည်းတန်း၆လမ်းထိပ်က King လ္ဘက်ရည်ဆိုင်ရှေ့မှာ သေနတ်ကိုင်သူတစ်ဦးက အမျိုးသားတစ်ဦးကို ပစ်ခတ်ခဲ့တယ်၊ သူ့ကို ဒလန်ဆိုပြီး လူတိုင်းက သိထားတာ၊ သူ့ကြောင့်အဖမ်းခံရတဲ့သူတွေလည်းရှိတယ်၊ ဒီနေ့လ္ဘက်ရည်လာသောက်တဲ့အချိန်မှာ ပစ်တာ၊ သူက ဗိုက်ကို သေနတ်နဲ့ပစ်ခံရတယ်ဆိုပြီး လမ်းကြားထဲထွက်ပြေးတာ၊ ရဲကားနဲ့ဆေးရုံကို ခေါ်သွားတာတွေ့တယ်၊ အဲ့ဒီကိစွနဲ့ အဖမ်းခံရသူတွေလည်းရှိတယ်” လို့ ၆လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။   သေနတ်ပစ်ခတ်ခံရသူဟာ ဦးသာစန်းဆိုသူဖြစ်ပြီး ဝမ်းဗိုက်ကို သုံးချက်ထိမှန်ခဲ့တာကြောင့် ခုတင်၁၀၀၀စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။   လက်ရှိအခြေအနေမှာတော့ ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့…

Read More

စစ်ကိုင်းတိုင်းထဲမှာ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက် မြင့်တက်လာ

စက်တင်ဘာ ၊ ၁၈ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ရွှေသတ္ထုထွက်ရှိတဲ့ မြို့နယ်တွေမှာ ရွှေတူးဖော်ရေးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အသတ်ခံရတဲ့ အရေအတွက် မြင့်တက်လာနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ဟိုးအရင်က ရွှေလုပ်ငန်းရှင်တူးဖော်ရေးအဖွဲ့တွေ သတ်ခံရတယ်ဆိုတာ မရှိဘူး ၊ ဘယ်သူလာပြီး အကူအညီတောင်းတောင်း ကူညီပေးနေတာဆိုတော့ ချစ်ခင်ရင်းနှီးသူတွေပေါတယ် ၊ အခု ၁ လ ၂ လအတွင်းမှာ ရွှေလုပ်ငန်းရှင်တွေကို အကြောင်းမဲ့ သတ်ဖြတ်ခံရတဲ့ အရေအတွက်က သိသိသာသာ တိုးလာနေတာ”လို့ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   မနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်က ရွှေတူးဖော်ရေးလုပ်ငန်းရှင် လင်မယား ၂ ​ယောက်ဟာ တန့်ဆည်မြို့ကနေ ရွှေလုပ်ကွက်ရှိတဲဲ့နေရာကို ကားနဲ့အသွား သစ်စေးကိုင်းရွာနဲ့…

Read More
VOM News

FREE
VIEW