ကျိုက်ထိုက မြို့နယ်ထွေအုပ်စာရေးတစ်ဦး ဖမ်းဆီးခံရပြီး လေးရက်အကြာမှာ သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁ KK(VOM)   ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှာ ပြီးခဲ့တဲ့လေးရက်ခန့်က ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ မြို့နယ်ထွေအုပ်စာရေးဟာ ဒီကနေ့မနက်ပိုင်းမှာ သေဆုံးသွားလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ကျေးရွာနေသူတွေဆီက သိရပါတယ်။   “အဲ့ဒီနေ့က လာဖမ်းတာ သူမိန်းမကို မတွေ့တော့ သူ့ကိုဖမ်းသွားတာ၊ သူနဲ့အတူ ကိုထွန်းလင်းလည်း အဖမ်းခံရတယ်၊ ကိုထွန်းလင်းကပြန်လွှတ်လာတယ် သူကမလွတ်ဘူး၊ လေးရက်ပဲရှိသေးတယ် ဒီနေ့သေပြီဆိုပြီး အကြောင်းကြားတာ”လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။   သေဆုံးသူဦးရန်နိူင်ထွန်းဟာ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ရပ်ကျေးစာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်သီတာအေးမှာ ကျိုက်ထိုမြို့နယ်NLDပါတီအလုပ်မှုဆောင်တစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဇနီးဖြစ်သူ ဒေါ်သီတာအေးကို စက်တင်ဘာ ၁၂ရက်နေ့က လာရောက်ဖမ်းဆီးရာမှာ မတွေ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ထွေ/အုပ်စာရေး ဦးရန်နိူင်ထွန်းကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပြချက်အရ သိရပါတယ်။   ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့သြဂုတ်လကစပြီး NLDပါတီဝင်တွေ၊ CDMဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေကို…

Read More

ရထားပေါ်က ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ် မြောက်ကိုရီးယား စမ်းသပ်အောင်မြင်

ပြုံးယမ်း၊ စက်တင်ဘာ-၁၆-၂၀၂၁ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ စက်တင်ဘာ ၁၅ ရက်ကပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေဟာ မီးရထားနဲ့သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။   အဲဒီဒုံးပျံတွေဟာ မြောက်ကိုရီးယားအရှေ့ကမ်းရိုးတန်းရှိ ပစ်မှတ်ကိုမထိမှန်ခင်မှာ ကီလိုမီတာ ၈၀၀ ကျော်ပျံသန်းခဲ့တယ်လိ်ု့ ကေစီအင်န်အေသတင်းဌာနက ဆိုပါတယ်။   မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်ပစ်ခတ်သည့်နေ့မှာဘဲ တောင်ကိုရီးယားကလည်း ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးပျံကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။   တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးဟာ ပိုမိုစွမ်းဆောင်ရည်ကောင်းသော ဒုံးပျံတွေနဲ့ အခြားလက်နက်တွေသစ်များကို ထုတ်ဖော်စမ်းသပ်ခဲ့ပြီး သူတို့ရဲ့ လက်နက်အားပြိုင်ပွဲဟာ ပိုမိုပြင်းထန်လာနေပါတယ်။   မြောက်ကိုရီးယားရဲ့ ဒုံးပျံစမ်းသပ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုနဲ့ စိုးရိမ်ပူပန်မှုတွေလည်းထွက်ပေါ်နေပြီး ဒါဟာကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြောက်ကိုရီးယားက ချိုးဖောက်တာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကိုကိုလည်း ခြိမ်းခြောက်တဲ့လုပ်ရပ်လို့ အမေရိကန်က…

Read More

ကမာရွတ်မြို့နယ်မှာ မနေ့ညက အမျိုးသမီးတွေအပါအဝင် လူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

စက်တင်ဘာ ၁၆-၂၀၂၁ GH ( VOM )   ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ညပိုင်းက လူ ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   ကမာရွတ်မြို့နယ် ၃ ရပ်ကွက် ပေ ၅၀ လမ်းမှာ ဖမ်းခံရသူ ၅ ဦး ၊ ပြည်ရိပ်မွန် အိမ်ရာ ၇ ရပ်ကွက်မှာက ၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ မိန်းကလေးတွေလည်းပါဝင်တယ်လို့ သိရပါတယ်။   ပြည်ရိပ်မွန် အိမ်ရာဝန်းနေထိုင်သူက ” သူတို့ဝင်လာတယ်၊ တိုက် ၂၂ နဲ့ ၂၅ ကို ဝင်ရှာဖွေစစ်တယ်။ ၂၂ အိမ်က ဖမ်းခံရရတယ်။ ၂၅ တိုက်ကတော့ ၁ ယောက်ဖမ်းခံရတယ် ၊ တိုက်၂၂က…

Read More

အိုင်စီစီက စစ်ဆေးမယ့်ကိစ္စ ဖိလစ်ပိုင် လက်မခံ

မနီလာ၊ စက်တင်ဘာ-၁၆-၂၀၂၁ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနဲ့ပတ်သတ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး(အိုင်စီစီ)က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုတဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံက ပူပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။   အိုင်စီစီဟာ သမ္မတဒူတာတေးခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအပေါ် တရား၀င်စုံစမ်းမှုတွေပြုလုပ်ဖို့ စက်တင်ဘာ ၁၅ရက်မှာ အတည်ပြုခဲ့ပါတယ်။   ယင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲဟာ ဥပဒေဘောင်အတွင်းက တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်မဟုတ်ဘဲ အရပ်သားပြည်သူများအပေါ် စနစ်တကျကျူးလွန်ခဲ့တာလို့ အိုင်စီစီတာ၀န်ရှိသူတွေက ပြောပါတယ်။   သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံကို အိုင်စီစီအဖွဲ့၀င်အဖြစ်မှ ၂၀၁၈ခုနှစ် မတ်လမှာ နှုတ်ထွက်ခဲ့တာကြောင့် အိုင်စီစီက စစ်ဆေးပိုင်ခွင့်မရှိတော့ဘူးလို့ သမ္မတဒူတာတေးရဲ့ ဥပဒေအကြံပေး အကြီးအကဲ ဆာဗာဒိုပန်နီလိုက ပြောပါတယ်။   ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၈ခုနှစ်မှာ အိုင်စီစီအဖွဲ့၀င်အဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့်လည်း မူးယစ်စစ်ပွဲနဲ့ပတ်သက်ပြီး ၂၀၁၆ခုနှစ်နဲ့ ၂၀၁၉ခုနှစ်အကြား ကျူးလွန်ခဲ့တဲ့ အတွက် စုံစမ်းစစ်ဆေးဖို့ တရား၀င်ကြောင်း…

Read More

မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ ၁၂ ဘီးကား ၁ စီး မိုင်းထိပြီး မီးလောင်လို့ လူ ၁ ဦးသေဆုံး

စက်တင်ဘာ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်းမှာ မနေ့ စက်တင်ဘာ ၁၅ ရက်က မိုင်းပေါက်ကွဲပြီး ကားပါမီးလောင်းခဲ့တာကြောင့် လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ဂန့်ဂေါနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” ကားက ၁၂ ဘီး အမျိုးအစားဖြစ်ပြီး ပိုင်ရှင် အုန်နာက ကလေးမြို့ကဖြစ်တယ် ၊ ကားပြင်ဖို့အတွက် ကလေးမြို့ကနေ မန္တလေးကို ကုန်မပါဘူး ခါလီနဲ့အသွား လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲပြီး မီးလောင်ခဲ့တာကြောင့် ကားမောင်းသမား နေရာမှာတင် သေသွားတယ် ” လို့ ဂန့်ဂေါမြောက်နယ် ထယ်လှော်ရွာခံ တစ်ယောက်က ပြောပါတယ်။   ဂန့်ဂေါမြို့နယ်မှာ ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ စိုင်ဒူးရွာခံတစ်ယောက်ကလည်း ” သေဆုံးသွားတဲ့…

Read More

ကြံဈေးကောင်းပေမယ့် ကြံတောင်သူတွေလုပ်အားခရှုံးနေ

စက်တင်ဘာ ၁၆-၂၀၂၁ GH ( VOM )   အခုနှစ်၂၀၂၁ – ၂၀၂၂ ခုနှစ်ကြံစိုက်ရာသီမှာ ကြံတစ်တန်ကို အမြင့်ဆုံးစျေး ၅သောင်းကနေ ၅သောင်း၅ထောင် ကျပ်နဲ့ ဝယ်ယူသွားမယ်လို့ သကြားစက်ရုံတွေက တောင်သူတွေကို မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံအသိပေးကြေညာလိုက်ပါတယ်။   ဒါပေမဲ့ ကြံတစ်တန် ၅၀၀၀၀၊ ၅၅၀၀၀ ကျပ်ဆိုတာ တောင်သူတွေအတွက် စရိတ်ကာမိရုံလောက်သာရှိနိုင်ကြောင်း၊ ဒီနှစ်မှာက စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ မြေသြစာ၊ ပိုးသတ်ဆေး အပါအဝင် ဆေးတွေက အရင်နှစ်တွေထက် ထက်ဝက်နီးပါးစျေးနူန်းမြင့်တက်လာပြီး စိုက်ပျိုးစရိတ်ကြီးမြင့်တာကြောင့်ဖြစ်တယ်လို့ တောင်သူတွေကပြောပါတယ် ။   ” ဒီနှစ်ကြံတစ်တန်သာ ၅၀၀၀၀ ၊ ၅၅၀၀၀ ဆိုရင်တောင် အရင်နှစ် ၄၃၀၀၀ လောက်အဆင်ပြေပါ့မလား မပြောတတ်ဘူး ၊ အခုနှစ်က ဝယ်သုံးရတဲ့ စက်မောင်းဆီ၊ မြေဆီ၊ စက်ပစ္စည်းဖိုး၊…

Read More

ထီးလင်းမှာ သတင်းပေးသူလို့ နာမည်ထွက်နေသူ ၅ ဦးထက်မနည်း ၂၄ နာရီအတွင်း အသတ်ခံရ

စက်တင်ဘာ ၁၆ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားက ကျေးရွာတွေမှာ သတင်းပေးလို့ နာမည်ထွက်နေတဲ့ ရွာခံ လူ ၅ ထက်မနည်း မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထီးလင်းနယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” သေနတ်နဲ့ ပစ်ခံရလို့ သေတယ်လို့ကြားရတာက ကန်စွန့်ထောင့်ရွာက ၁ ယောက် ၊ ညောင်ကန်ရွာက အမျိုးသမီး ၁ ယောက် နဲ့ အကြည်ဝါးဘင်းရွာက ၄ ယောက်လို့ ဒီမနက်မှာ ကြားရတယ် ” လို့ ထီးလင်းနယ်ခံ တစ်ယောက်က ပြောပါတယ်။   မနေ့ စက်တင်ဘာ ၁၅ ရက်ညပိုင်းက ထီးလင်းမြို့နယ် အကြည်ဝါးဘင်းကျေးရွာက…

Read More

အာဖဂန် အမျိုးသမီးဘောလုံးအသင်း ကစားသမားတွေနဲ့ မိသားစု၀င်တွေ ပါကစ္စတန်ကို ထွက်ပြေး

ကဘူး၊ စက်တင်ဘာ-၁၆-၂၀၂၁ မျိုးဆက် (VOM)   အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် အာဖဂန် အငယ်တန်း အမျိုးသမီးဘောလုံးအသင်းဟာ နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်ကို ထွက်ပြေးခဲ့ပါတယ်။   တာလီဘန်တွေဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ဖိနှိပ်မှာကို စိုးရိမ်တဲ့အတွက် အသင်းက အမျိုးသမီးကစားသမားတွေဟာ ပြီးခဲ့တဲ့လကစပြီး ပုန်းအောင်းနေခဲ့ကြတာဖြစ်ပါတယ်။   သူတို့ဟာ ကဘူးကနေ ပြီးခဲ့တဲ့လက ထွက်ခွာခဲ့ပေမယ့်လည်း ပတ်စ်ပို့နဲ့ အခြားစာရွက်စာတမ်း အထောက်အထားတွေမရှိတာကြောင့် ပါကစ္စတန်ကိုမရောက်နိုင်ဘဲ သောင်တင်နေခဲ့ပါတယ်။   နောက်ဆုံးမှာတော့ ပါကစ္စတန်မှာရှိတဲ့ Football for Peace အဖွဲ့ရဲ့ ကူညီမှုကြောင့် အာဖဂန်အမျိုးသမီးဘောလုံးအသင်းက ကစားသမား ၃၂ ဦးနဲ့ သူတို့ရဲ့မိသားစု၀င်တွေဟာ ပါကစ္စတန်ပြည်၀င်ခွင့်ရရှိခဲ့ပါတယ်။   လက်ရှိရောက်လာတဲ့ စုစုပေါင်း လူဦးရေ ၈၁ ဦးကို လာဟိုးမြို့ရှိ ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ်မှာ နေရာချထားမှာဖြစ်ပြီး ကျန် ၃၄ ဦးကတော့ စက်တင်ဘာ…

Read More

သန်လျင်မှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံး

ရန်ကုန်၊စက်တင်ဘာ ၁၆-၂၀၂၁ KK(VOM)   သန်လျှင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ ကညင်ပင်ဘုန်းကြီးကျောင်းလမ်းမှာ ဒီကနေ့မနက် ၉နာရီက ရာအိမ်မှူးကို သေနတ်နဲ့ခြောက်ချက်ပစ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကျောက်ရေတွင်းကျေးရွာနေသူတစ်ဦးက “သူ့အိမ်ရှေမှာ လမ်းလျှောက်နေတဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က ပစ်တာ၊ လက်မောင်းရယ် ခြေထောက်ရယ်၊ ရင်ဘတ်ရယ် ခြောက်ချက်ပစ်ခံရတာ”လို့ ရှင်းပြပါတယ်။   သေနတ်နဲ့ပစ်ခတ်ခံရသူဟာ ကျောက်ရေတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှူးဦးအုန်းလွင်ဆိုသူဖြစ်ပြီး သန်လျှင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရာမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   လက်တလော စစ်တပ်နဲ့ရဲတွေဟာ ကျောက်ရေတွင်းကျေးရွာနဲ့ကညင်ပင်လမ်းမတစ်လျှေက် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။   သန်လျင်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လူအချို့လည်း သေနတ်နဲ့ပစ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။   #voiceofmyanmar #VOM #သန်လျင်

Read More

ရခိုင်က ဆန္ဒပြ သမဂ္ဂကျောင်းသား (၄) ဦးကို ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လချမှတ်

စစ်တွေ၊ စက်တင်ဘာ ၁၆- ၂၀၂၁ ထက်အောင်စိုင်း(VOM)   ရခိုင်က ဆန္ဒပြ သမဂ္ဂကျောင်းသား (၄) ဦးကို ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၁၀ နာရီလောက်က Video Conferencing စနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး တစ်ဦးစီကို ထောင်ဒဏ် (၂) နှစ်နဲ့ (၆) လ ကျခံစေဖို့ တရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။   သူတို့ကို တရားစွဲဆိုထားတဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် (၂) နှစ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၉ အတွက် ထောင်ဒဏ် (၆) လ ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။   ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုတိုးတိုးအောင်က “ သူတို့ကို တစ်ယောက်စီ ထောင်ဒဏ် (၂) နှစ်နဲ့…

Read More
VOM News

FREE
VIEW