စက်တင်ဘာ ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်ကွက် ၊ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းဆုံ၊ ထန်းတောမီးပွိုင့်မှာ လမ်းကြောင်းရှင်းပေးနေတဲ့ ယာဥ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ထန်းတောရပ်ကွက်ခံတွေဆီက သိရပါတယ်။ ” သေနတ်မှန်တဲ့ ယာဥ်ထိန်းရဲ့ ယူနီဖောင်းအင်္ကျီပေါ်မှာ ရေးထားတဲ့ နံပါတ်က 3132 ဖြစ်တယ် ခေါင်းကို ကျည်ထိတာပါ ၊ အလုံစစ်ဆေးရုံကိုပို့နေတုန်း သေသွားတာ ” လို့ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။ ယာဥ်ထိန်းရဲဟာ မုံရွာ ယာဥ်ထိန်းတပ်ဖွဲ့စု အမှတ်-၁၁၄ မှာ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ရက်တွေက ယာဥ်ထိန်းတွေ လမ်းကြောင်းပေါ်နဲ့ မီးပွိုင့်တွေမှာ မမြင်ရဘူး ၊ ဒီနေ့မှ မြင်ရလို့မေးကြည့်တဲ့အခါ…
Read MoreMonth: September 2021
ဒေါ်နယ်ထရန့်က တူမဖြစ်သူနဲ့ နယူးယောက်တိုင်း သတင်းထောက်တွေကို တရားစွဲပြီ
၀ါရှင်တန်၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ သံသယဖြစ်ဖွယ်အခွန်ကိစ္စမှာ သူပါ၀င်ပတ်သက်တယ်ဆိုပြီး နယူးယောက်တိုင်းမ်သတင်းဌာနက ၂၀၁၈ ခုနှစ်မှာ ရေးသားခဲ့တဲ့အပေါ် တူမဖြစ်သူနဲ့ အဲဒီသတင်းဌာနကို တရားစွဲဆိုလိုက်ပါတယ်။ အဲဒီကိစ္စကို နယူးယောက်တရားရုံးမှာ တရားစွဲဆိုလိုက်တာဖြစ်ပြီး တူမဖြစ်သူ မယ်ရီထရန့်နဲ့ သတင်းထောက်တွေဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကိုရရှိဖို့အတွက် ပူးပေါင်းကြံစည်ခဲ့တာလို့ စွပ်စွဲထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ တူမဖြစ်သူရဲ့စာအုပ်မှာဖော်ပြထားတဲ့ သူ့ရဲ့အခွန်ကိစ္စတွေနဲ့ပတ်သက်ပြီး တသတ်မတ်တည်း ငြင်းဆိုခဲ့ပြီး အဲဒီစာအုပ်ထုတ်ဝေခွင့်ကို ပိတ်ပင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စက်တင်ဘာ ၂၁ ရက်မှာတင်သွင်းခဲ့တဲ့ ထရန့်ရဲ့တရားစွဲဆိုမှုမှာတော့ နယူးယောက်တိုင်းမ်သတင်းဌာနက သတင်းထောက်တွေဖြစ်တဲ့ Susanne Craig ၊ David Barstow နဲ့ Russell Buettnerတို့ဟာ သူအပေါ်ကို ပုဂ္ဂိုဟ်ရေးထိခိုက်မှုတွေပြုဖို့အတွက် တူမဖြစ်သူနဲ့ဆက်သွယ်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ၁၉၈၁ ခုနှစ် အသက် ၄၂…
Read Moreမင်းကင်းနယ်မှာ ပြည်ခိုင်ဖြိုးဝန်းရံသူ ၃ ဦးသတ်ခံရ
စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်မြို့နယ် ၊ တောင်တွင်းချောင်ဒေသ၊ ကုန်းမော်ရွာရဲ့အနောက်ဘက် တောတွင်းချောင်းထဲမှာ ပြည်ခိုင်ဖြိုးဝန်းရံသူ လူ ၃ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတာကြောင့်မနေ့ စက်တင်ဘာ ၂၁ ရက်က ရဲနဲ့ စစ်သားတွေ လာရောက်စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ” ရုပ်အလောင်း ၃ လောင်းက ၊ စပ်လျင်ချောင်းရွာက ပြည်ခိုင်ဖြိုးဝန်းရံတဲ့ သာမန်တောင်သူတွေဖြစ်ကြတယ် ၊ နာမည်တွေကတော့ ကိုစည်သူ ၃၂ နှစ် ၊ ကိုအဲဝေ ၂၆ နှစ် နဲ့ ကိုစိုးကို ၂၅ နှစ် ဖြစ်တယ် ၊ လည်ပင်းတွေဖြတ်ပြီး ရေထဲမျှောထားတယ် ” လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ …
Read Moreစလင်းမြို့နယ် NLDပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM) မကွေးတိုင်း၊ စလင်းမြို့နယ်က NLDပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်နိူင်ကို မနေ့ စက်တင်ဘာ ၂၁ရက် နေလယ်ပိုင်းက နေအိမ်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စလင်းမြို့နယ်NLDပါတီဝင်တစ်ဦးက” ဘာကြောင့်ထပ်ဖမ်းလဲမသိဘူး၊ အရင်တစ်ခေါက်လဲ ဖမ်းသေးတယ်၊ အခုက ဒုတိယအကြိမ်ထပ်ဖမ်းတာ၊ ဦးသက်နိူင်ကို ပထမအကြိမ်ဖမ်းဆီးရာမှာ ခံဝန်ကတိလက်မှတ်ရေးထိုးပြီး ပြန်လည်လွှတ်ပေးခဲ့တယ်”လို့ ပြောပါတယ်။ လက်တလောမှာ ဦးသက်နိူင်ကို စလင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူ ဦးသက်နိူင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကိုယ်စားပြုပြီး စလင်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ ၂၀၁၅နဲ့၂၀၂၀မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိထားတဲ့ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ရက်ကလည်း စလင်းမြို့နယ် ငသိုင်းချောင်းကျေးရွာက CDMပြုလုပ်နေတဲ့ အထက်တန်းပြဆရာမ(၁)ဦးကို စစ်တပ်နဲ့ရဲတွေက ပွင့်ဖြူမြို့နယ်၊ အရှေပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းမှာ…
Read Moreကိုရီးယားစစ်ပွဲ တရား၀င်အဆုံးသတ်ဖို့ တောင်ကိုရီးယားသမ္မတ တိုက်တွန်း
နယူးယောက်၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM) ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရရှိဖိုနဲ့ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရား၀င်အဆုံးသတ်ကြောင်း ကြေညာဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးရဖို့အတွက် တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျတယ်လို့ နယူးယောက်မှာကျင်းပတဲ့ ကုလမသဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ သမ္မတမွန်ဂျေးအင်က ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှာ သမ္မတရာထူးရယူပြီးနောက် မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်မှာ ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာခဲ့တယ်လို့ သူကပြောပါတယ်။ ကိုရီးယားနှစ်နိုင်ငံနဲ့ အမေရိကန် သုံးပွင့်ဆိုင် သို့မှဟုတ် တရုတ်နိုင်ငံပါ ပါ၀င်တဲ့ လေးပွင့်ဆိုင်အနေနဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ်ကြောင်း ပူးတွဲကြေညာသင့်တယ်လို့ တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ ကိုရီးယားစစ်ပွဲမှာ ပါ၀င်တဲ့နိုင်ငံတွေဟာ ၁၉၅၃ ခုနှစ်ဇူလိုင် ၂၇ ရက်မှာ ရန်လိုမှုတွေကိုရပ်တန့်ဖို့အတွက် စစ်ရပ်ဆိုင်းကြောင်း သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့်…
Read Moreဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်ဥပဒေနဲ့အမှုဖွင့်ခံရလို့ “ဝ”အမျိုးသားပါတီ ဖြေရှင်းမယ်
ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM) “ဝ”အမျိုးသားပါတီ (WNP) က အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါက်တာအမ်ဇော်လတ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စက်တင်ဘာ ၂၀ရက်နေ့က အမှုဖွင့်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေဆီက သိရပါတယ်။ ဒေါက်တာအမ်ဇော်လတ်ကို NUG၊ CRPHတို့နဲ့ဆက်သွယ်တယ်ဆိုကာ မိုင်းတုံစစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်မှ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းသွားမယ်လို့ “ဝ”အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက VOM ကိုပြောပါတယ်။ “ကာယကံရှင်လည်းမသိဘူး အမှုဖွင့်တဲ့ စရဖနဲ့ဆက်သွယ်ဖို့ စီစဥ်နေတယ်၊ အဲ့ဒီလိုတွေ့မှပဲ သိရမှာ၊ ကျနော်တို့ပါတီကရော ဒေါက်တာအမ်ဇော်လတ်ရော CRPH/NUGတို့နဲ့ပတ်သက်တာမရှိဘူး၊ ဘာသက်သေအထောက်အထားမှ မရှိဘူး၊ အဲ့ဒီလို ဘာကြောင့်အမှုဖွင့်လဲဆိုတာမသိဘူးဖြစ်နေတယ်၊ မိုင်းတုံ စရဖတပ်နဲ့ တွေ့ဆုံပြီး သူတို့တုံ့ပြန်ချက်အတိုင်း ဝ အမျိုးသားပါတီအနေနဲ့ပြန်လည်စီစဥ်သွားမှာဖြစ်တယ်”လို့ ဦးဆမ်ဆောင်းကားက ပြောပါတယ်။ ဒေါက်တာအမ်ဇော်လတ်(ခ)ဆမ်မာကို့(စ်) ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ “ဝ”အမျိုးသားပါတီ ကိုယ်စားပြု မိုင်းတုံမြို့နယ် အမှတ်၂မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်…
Read Moreတိုက်ကြီးမြို့နယ်က ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ
စက်တင်ဘာ ၂၂-၂၀၂၁ GH (VOM) ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရဲသတင်းပေးလို့နာမည်ထွက်တဲ့ ဗောဓိကုန်းရပ်ကွက် ရာအိမ်မှူးကို အမည်မသိလူတချို့က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သေဆုံးသူဟာ တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး သိန်းဝင်းဇော် ဆိုသူဖြစ်ပြီး လ္ဘက်ရည်ဆိုင်ထိုင်ပြီးပြန်အထွက်မှာ ဆိုင်ကယ်နဲ့ လူ၂ယောက်က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ” သူက ရာအိမ်မှူးကိုမှ သတင်းပေးဆိုပြီးနာမည်ထွက်နေတာပေါ့။ သေနတ်က ရင်ဘတ်ကိုမှန်တယ်လို့သိရတယ်။သူက လ္ဘက်ရည်ဆိုင်မှာ ရပ်ကွက်လူကြီးတွေနဲ့သွားထိုင်တာ ၊ပြန်အထွက်မှာ ဆိုင်ကယ်နဲ့လာပစ်သွားတာ ။ တိုက်ကြီးမှာ အခုလိုသတင်းပေးသတ်ခံရတာပထမဆုံးပဲ ” လို့ရပ်ကွက်နေသူတစ်ဦးကပြောပါတယ် ။ အဲ့ဒီ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာတော့ ဗောဓိကုန်းရပ်ကွက်မှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့တဲ့အပြင် တိုက်ကြီးမြို့ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို ဖုန်းကအစ စစ်ဆေးမှုတွေလုပ်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ …
Read Moreမုံရွာ-ဂန့်ဂေါ-ကလေးကားလမ်းက သတင်းပေးလို့ အမည်ထွက်နေတဲ့ လင်မယား သေနတ်နဲ့ ပစ်သတ်ခံရ
စက်တင်ဘာ ၊ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ၂ ခု ဆုံနေတဲ့နေရာ ပုံတောင်နတ်ထိပ် မုံရွာ-ဂန့်ဂေါ-ကလေး ကားလမ်း မိုင်တိုင်အမှတ် ၆၆ မိုင် ၆ ဖာလုံ အနီးက ထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ဟာ မနေ့ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီမထိုးခင် အချိန်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ကျောမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” သန့် ထမင်းဆိုင် ပိုင်ရှင်လင်မယား အသတ်ခံရတာပါ ၊ သူတို့ ၂ ယောက်စလုံးက အသက်ကြီးသူတွေဖြစ်တယ် ၊ သူတို့ ထမင်းရောင်းနေတုန်း သေနတ်သမားတွေက ဆိုင်ထဲဝင်ပြီး ပစ်ကြတာ ၊ ဆိုင်ရှင် ဦးခင်မောင်သန်းက…
Read Moreမုံရွာ-ဂန့်ဂါ-ကလေး ကားလမ်းမှာရှိတဲ့ ကန့်ဒေါင့်ရဲစခန်း ရဲတန်းလျား မီးလောင်
စက်တင်ဘာ ၂၂ -၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊ ကန့်ဒေါင့်ကျေးရွာ၊ မုံရွာ-ဂန့်ဂေါ-ကလေး ကားမှာရှိတဲ့ ကန့်ဒေါင့် နယ်မြေရဲကင်းစခန်းဟာ မနေ့ စက်တင်ဘာ ၂၁ ညဦးပိုင်းအချိန်က မီးလောင်ခဲ့တာကြောင့် ရဲမိသားစုတွေနေထိုင်တဲ့ နေအိမ်တန်းလျားတချို့ မီးလောင်ခဲ့တယ်လို့ ကန့်ဒေါင့်ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကန့်ဒေါင့်ရွာခံ တစ်ယောက်က ” ည ၇ နာရီဝန်းကျင်က ရှို့ခံရတာပါ ၊ ရွာတွေက စုပေါင်းပံ့ပိုးမှုနဲ့ ဆောက်ပေးထားတဲ့ ၄ ခန်းတွဲ ရဲတန်းလျား မီးလောင်ပျက်စီးသွားတယ် ” လို့ ပြောပါတယ်။ အဲ့ဒီ ရဲတန်းလျားလောင်းတဲ့မီးဟာ ရှို့မီးဖြစ်ပြီး ဘယ်သူတွေက လာရောက်ရှို့တယ်ဆိုတာ အခုချိန်အထိတော့ မသိရသေးသလို မီးလောင်လို့ ပျက်စီးသွားတဲ့ ရဲတန်းလျားရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဘိုးဟာလည်း ဒီကနေ့မနက်အထိ မတွက်ချက်ရသေးဘူးလို့…
Read Moreတွံတေးမြို့နယ်က NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦး ဖမ်းဆီးခံရ
ရန်ကုန်၊စက်တင်ဘာ ၂၂-၂၀၂၁ KK(VOM) တွံတေးမြို့နယ် NLDပါတီ တိုင်း(၂) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေနိုင်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နေအိမ်ပြန်လာချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ တွံတေးမြို့နယ်NLDပါတီဝင်တွေဆီက သိရပါတယ်။ တွံတေးမြို့နယ်NLDပါတီဝင်တစ်ဦးက”NLDနဲ့သက်ဆိုင်တဲ့သူတွေကို စစ်တပ်ကဖမ်းနေတာ သိကတည်းက ရှောင်နေတာ၊ တနေ့ကအိမ်ကိုပြန်လာတဲ့အချိန် လမ်းမှာအဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်က နေအိမ်ကိုခေတ္တပြန်လာချိန်မှာ စစ်တပ်နဲ့ရဲတွေက လမ်းမှာပိတ်ဆို့ဖမ်းဆီးလိုက်တာဖြစ်ပြီး မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ သူကရှင်းပြပါတယ်။ ကိုနေနိုင်ဦးဟာ တွံတေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကနေ NLDပါတီကိုယ်စားပြုပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာကို ၂၀၁၅နဲ့၂၀၂၀ (၂)ကြိမ်တိုင် အနိုင်ရရှိထားသူဖြစ်ပါတယ်။ သူဖမ်းဆီးခံရတဲ့နေ့မှာပဲ စစ်တပ်နဲ့ရဲတွေက တွံတေးမြို့နယ်ရှိ ရပ်ကွက်နဲ့ကျေးရွာအချို့မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး လူအချို့ကိုဖမ်းဆီးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်နေ့က ကံဘဲ့ကျေးရွာမှာ နေထိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်…
Read More