ကျိုက်ထိုမှာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ပရဟိတသမားအပါအဝင် လူ ၅ ဦးဖမ်းဆီးခံရ

စက်တင်ဘာ ၂၃-၂၀၂၁ GH ( VOM )   ကျိုက်ထိုမြို့နယ်မှာ တောင်သူစုရပ်ကွက်ရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်နဲ့ ပရဟိတသမားအပါအဝင် လူ ၅ ဦးကို မနေ့ စက်တင်ဘာ ၂၂ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ” မနေ့က ၁၀ နာရီ ခွဲကျော်လောက်မှာ အုပ်ချုပ်ရေးမှူး ကိုဖမ်းသွားတယ်။ အန်တီက အရမ်းထက်မြက်တယ် ၊ အရင်အစိုးရလက်ထက်မှာတုန်းကလည်း သူရတဲ့ လစာထဲတောင် မရှိတဲ့သူတွေ ဝေမျှတာမျိုးရှိခဲ့တယ်၊ဘာကြောင့်ဖမ်းလဲဆိုတာတော့ အတိကျမသိရဘူး ၊ စစ်မေးစရာရှိလို့ဆိုပြီးခေါ်သွားကြတာ ” လို့ ဒေသခံတယောက်ကပြောပါတယ်။   တောင်သူစုရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်နေရာမှာထိန်းသိမ်းထားသလဲဆိုတာကို မသိရှိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။   အုပ်ချုပ်ရေးမှူး ဒေါ်တင်မာမာလွင်ဟာ န.စ.က လက်ထက်မှာ ခန့်အပ်ထားသူမဟုတ်ဘဲ အရင်အစိုးရလက်ထဲကအုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။   စက်တင်ဘာလ ၂၂…

Read More

ကိုဗစ်-၁၉ ကပ်ရောဂါ တစ်နှစ်အတွင်း အဆုံးသတ်နိုင်တယ်လို့ Moderna ကုမ္ပဏီအကြီးအကဲပြော

၀ါရှင်တန်၊ စက်တင်ဘာ-၂၃-၂၀၂၁ မျိုးဆက် (VOM)   ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ထိုးနှံမှုတွေ အရှိအဟုန်နဲ့ တိုးတက်လာတာနဲ့အမျှ ကိုဗစ်-၁၉ ကပ်ရာဂါဟာ တစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်ဖွယ်ရှိတယ်လို့ Moderna ကာကွယ်ဆေးကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် စတီဖင်ဘန်ဆယ်လ်က ဆွစ်ဇာလန်အခြေစိုက် Neue Zuercher Zeitung သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။   ပြီးခဲ့တဲ့ခြောက်လကာလအတွင်း စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းရည်ချဲ့ထွင်မှုကို ကြည့်မယ်ဆိုရင် လာမယ့်နှစ်ရဲ့ နှစ်လယ်မှာ ကမ္ဘာပေါ်ရှိလူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ဖို့ လုံလောက်သောပမာဏရရှိနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံဖို့အတွက်လည်း ဖြစ်လာနိုင်ခြေရှိတယ်လို့ သူကပြောပါတယ်။   မကြာမီမှာလည်း ကလေးသူငယ်တွေကအစ ကာကွယ်ဆေးထိုးနှံပေးဖို့ စမ်းသပ်လေ့လာမှုတွေပြုနေတယ်လို့ ဆိုပါတယ်။ ဒီလို လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်မယ်ဆိုရင် တုပ်ကွေးလိုဘဲ လက်ရှိကပ်ရောဂါကို အဆုံးသတ်နိုင်လိမ့်မယ်လို့ စတီဖင်ဘန်ဆယ်လ်က ပြောပါတယ်။   ဒီလိုသာလုပ်ဆောင်နိုင်မယ်ဆိုရင် လာမယ်နှစ်ရဲ့ နှစ်၀က်အတွင်း အခြေအနေပုံမှန်ပြန်ဖြစ်နိုင်ပြီး လက်ရှိအချိန်မှစရင် တစ်နှစ်အတွင်း ဖြစ်လာနိုင်တယ်လို့…

Read More

မြင်းမူ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်တယောက် သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM)   မြင်းမူမြို့နယ်မှာ မနေ့ည ၇နာရီက ထမင်းဝယ်နေတဲ့ အမည်မသိလူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ၊ မုံရွာ-မန္တလေးကားလမ်းဘေး၊ ချစ်ချစ်စားသောက်ဆိုင်မှာ ထမင်းဝယ်နေစဉ် ဆိုင်ကယ်ဖြင့်ဦးထုတ်ဆောင်းထားသည့် လူတယောက်က ဒုရဲအုပ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် မနေ့စက်တင်ဘာ ၂၂ရက် ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ကျေးရွာနေသူတယောက်က “ရဲက ထမင်းဝယ်နေတာ၊ အဲ့ဒီလူက လွယ်အိတ်ထဲက သေနတ်ထုတ်ပြီးပစ်တာ တချက်ထိတယ်၊ ရဲကပြန်ခုံခံမယ်လုပ်တော့ ပစ်တဲ့သူက ထွက်ပြေးသွားပြီ ပေါင်ကို ၁ချက်ထိသွားတယ်”လို့ သူကပြောပါတယ်။   သေနတ်နဲ့ပစ်ခတ်ခံရသူဟာ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ဒုရဲအုပ်အောင်လင်း ဆိုသူဖြစ်ပြီး သေနတ်ထိမှန်ဒဏ်ရာကြောင့် မြင်းမူပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။   မြင်းမူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေက ဌာနဆိုင်ရာရုံးတွေမှာ ဗုံးပေါက်ခဲ့လို့ သေဆုံးသူတွေရှိခဲ့ပြီး စက်တင်ဘာလ အတွင်းမှာလည်း Mytel…

Read More

တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမိသားစု ၂ စု ပစ်သတ်ခံရလို့ လူ ၄ ယောက်သေ

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲ မိသားစု ၂ စုဟာ မနေ့ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် လူ ၄ ယောက်သေဆုံးသွားတယ်လို့ တန့်ဆည်နယ်ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။   ” အသတ်ခံရတာက ရဲမိသားစု ၁ စု မဟုတ်ဘူး ၊ ၂ စု ဖြစ်တယ် ၊ တန့်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဒုတပ်ကြပ် ရဲမေ တစ်ယောက်ရဲ့ မိဘ ၂ ပါးဖြစ်တဲ့ ဦးရဲမြင့် အသက် ၅၇ နှစ်နဲ့ ဒေါ်စန်းနိုင် အသက် ၅၇…

Read More

ကောလင်းနယ်မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးနဲ့ ရွေးကောက်ပွဲ မဲရုံစောင့် ရဲ ၁ ဦး သေဆုံး

စက်တင်ဘာ ၊ ၂၃ ၊ ၂၀၂၁ ရွှေဘုန်းမြတ်စံ (VOM)   စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကုက္ကိုကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ဦး နဲ့ ရွေကောက်ပွဲ မဲရုံစောင့် အထူးရဲ ၁ ဦး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူလည်း ကျည်ဆံထိတဲ့အတွက် ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေက ပြောပြလို့ သိရပါတယ်။   ” ဆိုင်ကယ် ၈ စီးနဲ့ သေနတ်ကိုင် လူ ၁၅ ယောက်ဟာ ရွာထဲကိုဝင်လာပြီး အုပ်ချုပ်ရေးမှူးအိမ်ကို အရင်ဝင်ပစ်တာ ၊ အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးက နေရာမှာတင် သေသွားတယ် ၊ သူ့မိန်းမက တင်ပါးဆုံနေရာထိမှန်ပြီး ထွက်ပြေးလာနိုင်တဲ့အတွက် ဒဏ်ရာပဲရခဲ့တာ.” လို့ ဒေသခံ တစ်ယောက်က ပြောပါတယ် ။…

Read More

ရန်ကုန်က ကမာရွတ်၊ ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်မှာ ဗုံးပေါက်ပစ်ခတ်မှုဖြစ်ပြီးနောက် လူငယ် ၅ ယောက်ဖမ်းဆီးခံရ

ရန်ကုန်၊စက်တင်ဘာ ၂၃၊၂၀၂၁ KK(VOM)   ရန်ကုန်မှာ မနေ့ စက်တင်ဘာ ၂၂ရက်က ကမာရွတ်၊ဒေါပုံ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ သာကေတမြို့နယ်တွေမှာ ဗုံး ၈ ကြိမ်ပေါက်ခဲ့ပြီး ၅ဦး ဖမ်းဆီးခံရတယ်လို့ ဗုံးပေါက်ကွဲရာ မြို့နယ်တွေကသိရပါတယ်။   ကမာရွတ်မြို့နယ် အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်နားမှာ မနေ့ည ၇နာရီခွဲက စစ်ကား၁စီးဖြတ်ချိန် ဗုံးပေါက်ခဲ့ပြီး ပစ်ခတ် မှုဖြစ်ကာ အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ ၁ရပ်ကွက်နေသူက ပြောပါတယ်။   “စစ်ကားလာမှ ဗုံးပေါက်လို့ စစ်သားတွေဆင်းပြီး သေနတ်နဲ့ရမ်းသမ်းပြီး လျှောက်ပစ်တယ် အဲ့နားမှာရှိတဲ့သူကို ရိုက်နှက်ဖမ်းဆီး သွားတယ် “လို့ သူကပြောပါတယ်။   ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရုံးမှူးရုံးမှာလည်း မနေ့မနက် ၁၁နာရီ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာမှာပျက်စီးဆုံးရှုံးရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ရုံးအနီးနေထိုင်သူက ပြောပါတယ်။   ပြီးခဲ့တဲ့ ရက်ပိုင်းကဒေါပုံ မြို့နယ်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့…

Read More

အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို စစ်တပ်က ပြောင်းရွှေ့ခိုင်း

စက်တင်ဘာ ၂၃-၂၀၂၁ ထွန်းတောက်(VOM) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာပေါင်း (၁၅) ရွာကို ရွှေ့ပြောင်းပေးဖို့အတွက် စစ်တပ်က လက်ကမ်းစာစောင်တွေဝေသလို အရာတော်မြို့ပေါ်မှာလည်း အသံချဲ့စက်နဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။ ရွှေ့ပြောင်းခိုင်းတဲ့ရွာတွေဟာ ကြွေပုဂံ တောင်ရွာ၊မြောက်ရွာ၊ ကန်ရင်း၊ မလဲသာ၊ နောင်ကြီးအိုင်၊ မကျီးကန်၊ မင်းရွာ၊ ကဲဘာ၊ ဆင်တလည်၊ ညောင်ခြေထောက်၊ ကိုင်းရွာ၊ ထန်းတောကုန်း၊ ဘောင်းကျ၊ ရှောက်ခါး၊ ရဲကျင်း ရွာတို့ဖြစ်ပြီး အဲ့ဒီရွာတွေမှာ လက်နက်ထုတ်လုပ်တာတွေ၊ PDF အဖွဲ့တွေရှိနေတာကြောင့် နိုင်ငံတော်နဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရွှေ့ပြောင်းခိုင်းတာဖြစ်တယ်လို့ လက်ကမ်းစာစောင်တွေမှာ ရေးသားထားတာဖြစ်ပါတယ်။ ရွှေ့ပြောင်းရမယ့် ရွာတွေအနေနဲ့လည်း တိုင်းအစိုးရအစီအစဉ်နဲ့ သတ်မှတ်ပေးတဲ့နေရာကို ရွှေ့ပြောင်းရမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ‌ဒေသခံရွာသားတွေကတော့ လက်ရှိအခြေအနေအရ စစ်တပ်ကပြောင်းခိုင်းနေသလို ရွှေ့ပြောင်းရမယ်ဆိုရင် မဖြစ်နိုင်သေးကြောင်း ရွှေ့ပြောင်းဖို့သတ်မှတ်ပေးတဲ့နေရာမှာလည်း အရင်လိုနေထိုင်လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူနိုင်တဲ့အတွက် တကမ်းတမ်း မဖြစ်မနေရွှေ့ပြောင်းခိုင်းခဲ့ရင် နီးစပ်ရာလုံခြုံတဲ့အရပ်ကိုပဲ တိမ်းရှောင်ရမှာဖြစ်တယ်လို့…

Read More

မိုးကုတ် လျှပ်စစ်ရုံးမန်နေဂျာ သေနတ်နဲ့ ပစ်သတ်ခံရ

စက်တင်ဘာ ၂၂ -၂၀၂၁ GH (VOM )   မိုးကုတ်မှာ ဒီကနေ့ ၃ နာရီလောက်က လျှပ်စစ်ရုံးတာဝန်ခံမန်နေဂျာကို မီတာဆောင်မယ်ဆိုပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   EPC ရုံးထဲအထိ ဝင်ပြီး သေနတ်နဲ့ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ် ။   “မီတာ ဆောင်သလိုလို နဲ့ ဝင်ပစ်သွားတာ ၊ ၂ ချက်ဗျ။ဦးခေါင်းကိုမှန် တယ်လို့ပြောတယ်၊ ဆန္ဒပြတုန်း က ညဘက်တွေ လိုက်ဖမ်းဆီးတုန်းကလည်း မီးဖျက်တာတွေ လုပ်တယ်။ epc ဝန်ထမ်းတွေကိုလည်း ဖိအားပေးလို့ သတင်းထွက်ခဲ့တာတွေရှိတယ်။ “လို့ မိုးကုတ်ဒေသခံကပြောပါတယ်။   သေဆုံးသူ EPC လျပ်စစ်ရုံး တာဝန်ခံမန်နေဂျာ ဦးစန်းအေးက မိုးကုတ် EPC ကိုပြောင်းရွှေ့လာတာ မကြာသေးကြောင်းနဲ့ စစ်တပ်ကဗိုလ်ကြီးဟောင်းတယောက်လည်း ဖြစ်တယ်လို့…

Read More

ဘူတာ ကြီးသလော

============== ဆူးငှက် မန္တလေးသားများ ဒေသစွဲကြီးရာတွင် နာမည်ကျော်သည်။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်လိုက်ကြသည်မှာလည်း နှစ်ယောက်မရှိ။ ရန်ကုန်က မြန်မာမှုပြာသာဒ်များနှင့် ဘူတာရုံကြီးမှ အားမနာ။ မန္တလေးက ဘူတာကို ဘူတာကြီးဟုခေါ်ကြသည်။ ရန်ကုန်ဘူတာက ကိုယ့်ထက်လည်း အသက်ကြီးသည်။ ကိုယ့်ထက်လည်း ပမာဏကြီးသည်။ ကိုယ့်ထက်လည်း ရထားအဝင်အထွက်ပိုများသည်။ ဒါကိုမှ အားမနာ မန္တလေးသားများက သူတို့ ဘူတာကို တကြီးတည်း ကြီးနေကြ၏။ ဒါကြောင့်လည်း မန္တလေးသားများ၏ ဘူတာကြီး အစွဲအလမ်းကိစ္စကို စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးက ဝေဖန်သော ဆောင်းပါးတစ်ပုဒ်ကို ၁၉၇၀ကျော်ကာလက မန္တလေးထုတ် သတင်းစာ တစ်စောင်တွင် ရေးသားခဲ့ဖူးသည်။ တကယ်တော့ မန္တလေးသားများ ဒေသစွဲခြင်းကိစ္စ၊ ကိုယ့်ငါးချဉ်ကိုယ် ချဉ်ခြင်းကိစ္စများက စွဲသင့်စွဲထိုက် ချဉ်သင့်ချဉ်ထိုက်သော ကိစ္စများဖြစ်သည်။ ထိုကိစ္စများ အကြောင်းမဲ့မဟုတ် သူ့အတ္ထုပ္ပတ် သူ့ဗျုပ္ပတ်နှင့် အခိုင်အမာရှိသည်။ သမိုင်းနှင့် မော်ကွန်းနှင့် ဖြစ်သည်။ ဘူတာကြီးကိစ္စက ဒီလို။…

Read More

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောခွင့်ရဖို့ တာလီဘန်အဖွဲ့ တောင်းဆို

ကဘူး၊ စက်တင်ဘာ-၂၂-၂၀၂၁ မျိုးဆက် (VOM)   အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်များရှေ့မှောက် မိန့်ခွန်းပြောခွင့်ရဖို့အတွက် တာလီဘန်အဖွဲ့က တောင်းဆိုထားပါတယ်။   ဒီကိစ္စနဲ့ပတ်သက်ပြီး တာလီဘန်အဖွဲ့ရဲ့ နိုင်ငံခြားရေး၀န်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ကုလသမဂ္ဂသို့ စာပို့တောင်းဆိုခဲ့တာဖြစ်ပြီး တောင်းဆိုချက်အပေါ် ကုလသမဂ္ဂရှိကော်မတီတစ်ရပ်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။   တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်ရဲ့ ကုသလမဂ္ဂသံအမတ်ကြီးအဖြစ် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးရှာဟင်ကို အမည်စာရင်းတင်သွင်းထားပါတယ်။   အာဖဂန်နစ္စတန်ကို တာလီဘန်အဖွဲ့က လွန်ခဲ့လမှာ ထိန်းချုပ်ခဲ့ပြီး ပြုတ်ကျသွားတဲ့အာဖရန်အစိုးရ အစိုးရမှ သံအမတ်ကြီးဟာ နိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ပြောဆိုထားပါတယ်။   အာဖဂန်သံအမတ်ကြီးအဖြစ် အမည်စာရင်းတင်သွင်းမှုကို ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆွေးနွေးစိစစ်သွားမှာဖြစ်ပြီး ကော်မတီမှာ အမေရိကန် ၊ ရုရှားနဲ့ တရုတ်အပါအ၀င် အဖွဲ့၀င် ကိုးနိုင်ငံပါ၀င်ပါတယ်။   Ref : BBC Photo:Global…

Read More
VOM News

FREE
VIEW