ထိုင်၀မ်လေပိုက်နက်ထဲကို တရုတ်စစ်လေယာဉ်တွေ အများအပြား ၀င်ရောက်ပျံသန်း

တိုင်ပေ၊ အောက်တိုဘာ-၂-၂၀၂၁
မျိုးဆက် (VOM)
 
တရုတ်စစ်လေယာဉ် ၃၈ စင်းဟာ အောက်တိုဘာ ၁ ရက်မှာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ထိုင်၀မ်စစ်ဘက် ထုတ်ပြန်လိုက်ပြီး ဒါဟာ လက်ရှိအချိန်ထိ တရုတ်စစ်ဘက်လေယာဉ်တွေ အများဆုံး၀င်ရောက်မှုလည်းဖြစ်ပါတယ်။
 
နျူကလီးယားဗုံးကြဲလေယာဉ်တွေအပါအ၀င် တရုတ်စစ်လေယာဉ်တွေဟာ ထိုင်၀မ်လေပိုင်နက်အတွင်းသို့ နှစ်သုတ်ခွဲပြီး ၀င်ရောက်ပျံသန်းခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
တရုတ်နိုင်ငံဟာ စစ်ရေးအရ ရန်လိုမှုသက်သက်နဲ့ ဒီလိုလုပ်ဆောင်တာဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ထိုင်၀မ်၀န်ကြီးချုပ် ဆူဆန်ချန်းက အောက်တိုဘာ ၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
 
ဒီလို၀င်ရောက်ပျံသန်းခြင်းကြောင့် ထိုင်၀မ်ကလည်း တိုက်လေယာဉ်များစေလွှတ်ခြင်းနဲ့ ဒုံးပျံစနစ်တွေကို ဖြန့်ကြက်ခဲ့ပါတယ်။
 
တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ်ရှုမြင်ထားပြီး ထိုင်၀မ်ကတော့ အချုပ်အခြာအာဏာပိုင်အဖြစ်သတ်မှတ်ထားပါတယ်။
 
ကျွန်းအနီးသို့ တရုတ်လေတပ်မှစစ်လေယာဉ်တွေ ကြိမ်ဖန်များစွာ ပျံသန်းတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလကတည်းက ထိုင်၀မ်က ကန့်ကွက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
 
Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW