မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းဖြိုခွဲခံရပြီး သံဃာအချို့ ဖမ်းဆီးခံရ

အောက်တိုဘာ ၂-၂၀၂၁
Ko Hik(VOM)
 
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းမှာ ဒီကနေ့နေ့လယ်ပိုင်းက သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှ ဆန္ဒပြဖို့ပြုလုပ်နေချိန် ဖြိုခွဲခံခဲ့ရပြီး သံဃာအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ နီးစပ်သူအသိုင်းအဝိုင်းကနေ သိရပါတယ်။
 
အမည်မဖော်လိုသူတဦးက ” သပိတ်ထွက်ဖို့လုပ်နေချိန် ကားနဲ့လာပြီးဖြိုတာ ဆရာတော်အချို့ပါသွားတယ်”လို့ပြောပါတယ်။
 
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကတော့ ” မဟာအောင်မြေ၊ သံ/နောက်ရပ်မှာ ဖမ်းခံရတာပါ၊ သံဃာ(၅)ပါး လူ(၃)ဦး၊ ဖုန်းအချို့နဲ့ ဆိုင်ကယ်အချို့ပါပါတယ်၊ အခုတော့ စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။
 
သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း ဖြိုခွဲခံခဲ့ရတာတွေရှိခဲ့ပြီး သံဃာအချို့ ထိခိုက်ဒဏ်ရာရပြီး ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။
 
သံဃသမဂ္ဂသပိတ်ဖြိုခွဲခံရပြီး ဖမ်းဆီးခံရတဲ့သံဃာတွေဟာ ဘယ်သူတွေဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ပုံစာ- အောက်တိုဘာ ၁ရက်နေ့ ဆန္ဒပြမြင်ကွင်း
#voiceofmyanmar #VOM #မန္တလေး #သံဃသမဂ္ဂသပိတ#ဖြိုခွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW