ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ကြပ်(၁)ဦး သေနတ်နဲ့ပစ်သတ်ခံရ

အောက်တိုဘာ ၃-၂၀၂၁
GH ( VOM )
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မရဲစခန်းက ရဲတပ်ကြပ် ကျော်စိုးမိုးဆိုသူဟာ ဒီကနေ့ညနေပိုင်းမှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
 
ရဲတပ်ကြပ်ကျော်စိုးမိုးကို သူ့ရဲ့နေအိမ်အနီးက
ဖက္ကလိပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအရှေ့မှာ သေနတ်နဲ့ ၆ ချက်ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
” သူက ဖက္ကလိပ်ရွာမှာနေတာ။ ညနေ ၆ နာရီလောက် တံမြက်စည်းလှည်းနေချိန်မှာ သေနတ်နဲ့ပစ်ခံလိုက်ရတာ။၆ ချက်ပစ်သွားတယ်လို့သိရတယ်။နေရာမှာပွဲချင်းပြီးပဲ ” လို့ ဒေသခံတဦးကပြောပါတယ်။
 
ရဲတပ်ကြပ် ပစ်ခတ်ခံရပြီးနောက် စစ်တပ်နဲ့ရဲက ပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြိး အခုချိန်ထိ စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါပစ်ခတ်မှုကိုတော့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
 
မနေ့ အောက်တိုဘာ၂ ရက်နေ့က မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ ဖိုဝါသိမ်ကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်သန်းလည်း သေနတ်နဲ့ ၄ ချက်ပစ်ခံရပြီးသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့သိရပါတယ်။
 
#voiceofmyanmar #VOM #ကျိုက်ထို #ရဲတပ်ကြပ် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW