၅၀၅နဲ့အမှုဖွင့်ခံထားရသူ တရားလွှတ်တော်ရှေ့နေ ပိုင်တဲ့ စားသောက်ဆိုင် မီးလောင်၊ ညစောင့်တွေ ရိုက်နှက်ခံရ

အောက်တိုဘာ ၈-၂၀၂၁
GH ( VOM )
 
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ၅၀၅ နဲ့အမှုဖွင့်ခံထားရသူ တရားလွှတ်တော်ရှေနေ့ ပိုင်ဆိုင်တဲ့ “ထာဝရ ရေကူးကန်နှင့် စားရိပ်မြုံဆိုင် “ကို မနေ့ အောက်တိုဘာ ၇ရက် ည ၂ နာရီလောက်က မီးလောင်ခဲ့ပြီး ဆိုင်အစောင့်ထားတဲ့ ၂ ယောက်ကို လူ(၂)ဦးက ရိုက်နှက်သွားတယ်လို့ ဆိုင်ပိုင်ရှင်ပြောပြချက်အရ သိရပါတယ်။
 
ဆိုင်မှာညစောင့်ထားတဲ့အထဲက အရိုက်ခံရသူ တဦးက
” KTV ခန်းက မီးတွေ၊ စက်ခန်းထဲကိုမီးရှို့တယ်။
မီးရှို့ပြီးမှပြန်သွားတာ။သူတို့အခြေအနေမကောင်းဘူးဆိုပြိး ပြန်ပြေးသွားတယ်။ကျနော်တို့ကလည်း ကျန်ခဲ့တာ။အပေါ်ထပ်တွေရော ၊စက်ခန်းနဲ့လောင်သွားတယ်။ခေါင်းကို သေနတ်နဲ့ထိုးတယ်။ခေါင်းတော့နည်းနည်းမူးနေသေးတယ်။ လုပ်သွားတဲ့လူတွေကို မြင်ရင်သိတယ်။ တယောက်က အရပ်ထောင်ထောင်မောင်းမောင်း ၊တယောက်က ပုတယ် ပိန်တယ်။ သူတို့က သေနတ်တွေဘယ်နှစ်လက်လောက်ရောက်ပြီလဲမေးတယ်။မလုပ်ပါဘူးပြောတာကိုမရဘူး။ကျနော်တကယ်မသိပါဘူး၊ တကယ်မသိဘူးပြောတာကို ခေါင်းကိုရိုက်ထားခဲ့တာ။သေနတ်တွေ ဘယ်ကနေ ဘယ်ကူးနေတာလဲလို့ပြောတယ်။ “လို့ ပြောပါတယ်။
 
အဲ့ဒီ မီးလောင်မှုကြောင့် ရေသန့်စက်ထားတဲ့အခန်းအပါအဝင် ဆိုင်တဆိုင်လုံးနီးပါး ပျက်စီးသွားတာဖြစ်လို့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးက သိန်း ၃၀၀ လောက်ရှိတယ်လို့ ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။
” စက်ခန်းက၂၀၀အနည်းဆုံး ၊အပေါ်ထပ်က စားပွဲမျက်နှာကျက်ktvခန်းကဟာက ၁၀၀ ဖိုးလောက်ရှိမယ် ၊ ပေါင်းလိုက်ရင် ပစ္စည်းတန်ဖိုးချည်း ၃၀၀
ဝန်းကျင်ရှိမယ်၊ ကိုယ်တိုင်မကြည့်ရတော့ ပုံပဲမြင်ရပေမယ့် အားလုံးအစက ပြန်လုပ်ရမယ်ထင်တယ် ။အခုကတော့ ပျက်စီးတဲ့အတိုင်းပဲ ဘာမှမလုပ်နိုင်သေးဘူး။အမတို့ကလည်း ၅၀၅ နဲ့ရှောင်နေရတာ ” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူကပြောပါတယ်။
 
ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး လှိုင်မြင့်သိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနဲ့ တာဝန်ရှိသူတွေကတော့ စစ်ဆေးမှုတွေအရ မီးအားမြှင့်စက် အပူလွန်ကဲမှုကြောင့် မီးလောင်ခြင်းဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးက ၁၅ သိန်းဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
 
ဒါ့ကြောင့် ကျွန်းလှရဲစခန်းကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
 
#voiceofmyanmar #VOM #ကျွန်းလှ #စားသောက်ဆိုင် #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW